Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 3:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ထို​ဝိညာဉ်များ​မှာ နောဧ​သည် သင်္ဘော​ဆောက်​စဉ် ဘုရားသခင် စိတ်ရှည်​စွာ စောင့်ဆိုင်းတော်မူ​သော်လည်း နောင်တ​မရသည့် မယုံကြည်သော​သူများ​ဖြစ်ကြ၏။ ထို​အချိန်​တွင် သင်္ဘော​ထဲမှ အနည်းငယ်​ဖြစ်သော လူ​ရှစ်ဦး​သာ ရေ​လွှမ်းမိုးခြင်း​မှ ကယ်တင်ခံခဲ့ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ထို​ဝိ​ညာဉ်​တို့​ကား​သင်္ဘော​ကို​နော​ဧ​တည်​ဆောက် လျက်​နေ​စဉ်​တွင် သည်း​ခံ​စောင့်​ဆိုင်း​လျက်​နေ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​မ​ထောင် ခဲ့​သူ​တို့​၏​ဝိ​ညာဉ်​များ​ပင်​ဖြစ်​သ​တည်း။ သို့ ရာ​တွင်​ရေ​အား​ဖြင့်​ကယ်​ဆယ်​ခြင်း​ခံ​ရ​သူ များ​မှာ​သ​င်္ဘော​ပေါ်​တွင်​အ​နည်း​ငယ်​သာ​ရှိ ၍​အ​ရေ​အ​တွက်​အား​ဖြင့်​ရှစ်​ယောက်​မျှ​သာ ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ထို​ဝိ​ညာဉ်​တို့​မူ​ကား ရှေး​ကာ​လ၊ နော​ဧ​လက်​ထက်၌၊ နည်း​သော​သူ​တည်း​ဟူ​သော လူ​ရှစ်​ယောက်​တို့​ကို ရေ​အား​ဖြင့် ကယ်​ဆယ်​သော​သင်္ဘော​ကို တည်​လုပ်​စဉ်​တွင်၊ ဘု​ရား​သ​ခင်၏ ခ​န္တီ​တော်​သည် ဆိုင်း​လင့်​တော်​မူ​သော်​လည်း၊ နား​မ​ထောင်​သော​ဝိ​ညာဉ် ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထို​ဝိညာဉ်​များ​မှာ တစ်ချိန်က နောဧ​လက်ထက်​၌ သင်္ဘော​တည်ဆောက်​စဉ်​တွင် ဘုရားသခင်​သည် စိတ်ရှည်​စွာ​ဖြင့် စောင့်ဆိုင်း​တော်မူ​သော်လည်း နာခံ​ခြင်း​မ​ရှိ​ခဲ့​သော​ဝိညာဉ်​များ​ဖြစ်​ကြ​၏။ ထို​သင်္ဘော​ထဲ၌ ရှစ်​ယောက်​မျှ​ဖြစ်​သော လူ​အနည်းငယ်​တို့​သာ ရေ​မှတစ်ဆင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 3:20
28 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် အသက်ရှင်ခြင်း​သို့ သွားသော တံခါး​နှင့်​လမ်း​သည် ကျဉ်းမြောင်း​ခက်ခဲ​သဖြင့် တွေ့ရှိသောသူ​နည်းလှ၏။


အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့​၏​အဖ​သည် သင်တို့​အား နိုင်ငံတော်​ကို ပေး​ရန် အလိုတော်​ရှိတော်မူ၏။


ပေတရု​၏​ဟောပြော​သွန်သင်ချက်​ကို လက်ခံယုံကြည်သော​သူတို့​သည် နှစ်ခြင်းမင်္ဂလာ​ခံယူကြ​သဖြင့် ထို​နေ့​၌ ယုံကြည်သည့်​လူဦးရေ​သုံးထောင်​ခန့် တိုးပွားလာ၏။


ထို​နည်းတူ ဘုရားသခင်​သည် မိမိ​၏ အမျက်တော်​နှင့် တန်ခိုးတော်​တို့ကို ပြပိုင်ခွင့်​ရှိ၏။ သို့သော်လည်း ဘုရားသခင်​သည် မိမိ​၏ အမျက်တော်​သင့်​၍ ဖျက်ဆီး​ခံရမည့်သူများ​အပေါ် အလွန်​သည်းခံတော်မူ၏။


ထိုသို့ အသက်ပေးတော်မူခြင်း​သည် ရေ​နှင့် နှုတ်ကပတ်တော်​ဖြင့် အသင်းတော်​ကို ဆေးကြော​၍ သန့်ရှင်း​စင်ကြယ်​ပြီးမှ


မမြင်ရသေးသော​အဖြစ်အပျက်များ​ကို ဘုရားသခင် ဖော်ပြတော်မူ​သောအခါ နောဧ​သည် ယုံကြည်​သဖြင့် ကြောက်ရွံ့ရိုသေ​လျက် မိမိ​၏​မိသားစု​ကို ကယ်တင်​ရန် သင်္ဘော​ကို ဆောက်လုပ်ခဲ့၏။ သူ​သည် မိမိ​၏​ယုံကြည်ခြင်း​ဖြင့် လောကီသားတို့​၏ အပြစ်​ကို စီရင်​၍ ယုံကြည်ခြင်း​ကြောင့် ရရှိသော ဖြောင့်မတ်ခြင်း​ကို အမွေခံခဲ့၏။


သင်တို့​သည် သမ္မာတရား​ကို နာခံခြင်း​ဖြင့် မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေပြီ​ဖြစ်​၍ သင်တို့​၏​ညီအစ်ကို​မောင်နှမများ​ကို စိတ်ရင်း​အမှန်​ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​အကြွင်းမဲ့​ချစ်ကြလော့။


အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ကိုယ်တော်​ကို ယုံကြည်​၍ ရရှိသော​အကျိုး​ဖြစ်သည့် စိတ်ဝိညာဉ်​ကယ်တင်ခြင်း​ကို ရရှိကြ​သောကြောင့်​ဖြစ်၏။


သင်တို့​သည် ယခင်​က လမ်းလွဲ​၍ ပျောက်သော​သိုးများ​နှင့်​တူကြ၏။ သို့သော် ယခု​တွင် သင်တို့​၏ စိတ်ဝိညာဉ်​ကို ကြည့်ရှု​ပြုစုသော သိုးထိန်း​ထံသို့ ပြန်ရောက်ကြပြီ။


ထို့နောက် ဝိညာဉ်တော်​အားဖြင့် အကျဉ်း​ကျနေသော ဝိညာဉ်များ​ထံသို့ သွား​၍ တရားဟောတော်မူ၏။


ထို့ကြောင့် ဘုရားသခင်​၏ အလိုတော်​အရ ဆင်းရဲဒုက္ခ​ခံရသော​သူတို့​သည် မိမိတို့​၏ စိတ်ဝိညာဉ်​ကို သစ္စာရှိသော​ဖန်ဆင်းရှင်​ထံ အပ်နှံ​ပြီး ကောင်းမှု​ကို ဆက်​၍​ပြုသင့်၏။


ဘုရားသခင်​သည် ရှေးခေတ်​လောကီသားတို့​ကို​လည်း ချမ်းသာ​ပေးတော်မမူဘဲ ထို​ဘုရားတရားမဲ့သော​လောကီသားတို့​ကို ရေလွှမ်းမိုး​၍ ဖြောင့်မတ်ခြင်း​တရား​ကို ဟောပြောသူ နောဧ​နှင့် သူ​၏ မိသားစု​ဝင်​ခုနစ်ဦးတို့​ကိုသာ ကာကွယ်တော်မူ၏။


ကျွန်ုပ်တို့​၏ ချစ်ရသော​ညီအစ်ကို​ပေါလု​သည်လည်း ကျွန်ုပ်တို့​၏​သခင်ဘုရား​ပေးတော်မူသော ဉာဏ်ပညာ​ဖြင့် သင်တို့​ထံ စာရေးခဲ့သည့်​အတိုင်း ကျွန်ုပ်တို့​၏​သခင်ဘုရား​၏ စိတ်ရှည်တော်မူခြင်း​သည် သင်တို့​ကယ်တင်ခံရ​ရန် ဖြစ်ကြောင်း မှတ်ယူကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ