Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 4:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 သင်​သည် ဘုရားတရား​မဲ့သော၊ ယုတ္တိ​မရှိသော​ဒဏ္ဍာရီများ​ကို ရှောင်ကြဉ်​၍ ဘုရားတရား​ကိုင်းရှိုင်း​ရန် မိမိ​ကိုယ်ကိုယ် လေ့ကျင့်လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 တ​ရား​မဲ့​ဖြစ်​၍​ပြော​ကြား​ရန်​ပင်​မ​သင့်​လျော် သည့်​ဒဏ္ဍာ​ရီ​များ​ကို​ရှောင်​လော့။ ဘု​ရား​ဝတ်​၌ မွေ့​လျော်​တတ်​ရန်​မိ​မိ​ကိုယ်​ကို​လေ့​ကျင့်​ပေး လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 မိန်း မ အို တို့၏ ယုတ် ညံ့ သော ပုံ ဝ တ္ထု များ ကို ကား ပယ် ရှား လျက် ဘု ရား တ ရား ကြည် ညို ခြင်း အ လို့ ငှါ ကိုယ် ကို လေ့ ကျင့် လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 မိန်း​မ​အို​ပြော​တတ်​သော တ​ရား​မဲ့​ဖြစ်​သော ဒ​ဏ္ဍာ​ရီ​စ​ကား​ကို ပယ်​ရှား၍ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​အား​ဖြင့် ကိုယ်​ကို​ကိုယ်​ဆုံး​မ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သို့သော် ဘုရား​တရား​နှင့်​မ​ဆိုင်​သည့် အနှစ်သာရ​ကင်းမဲ့​သော ဒဏ္ဍာရီ​များ​ကို​ရှောင်ရှား​၍ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​အတွက် သင့်ကိုယ်သင်​လေ့ကျင့်​ပေး​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 4:7
20 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် အကျွန်ုပ်​သည် ဘုရားသခင်​နှင့် လူ​အများ​ရှေ့​တွင် အစဉ်အမြဲ လိပ်ပြာသန့်​နိုင်ရန် ကြိုးစားပါ၏။


ဒဏ္ဍာရီများ၊ မဆုံးနိုင်သော​ဆွေစဉ်မျိုးဆက်​စာရင်းများ​ကို ဆွေးနွေးရာ​တွင် အချိန်​မပေးကြ​ရန် ညွှန်ကြားလော့။ ထို​အရာများ​သည် အငြင်းအခုံများ​ကိုသာ ဖြစ်စေ၏။ ယုံကြည်ခြင်း​ဖြင့် လုပ်ဆောင်သော ဘုရားသခင်​၏ အမှုတော်​ကို အထောက်အကူ​မဖြစ်စေပါ။


အဘယ်ကြောင့်ဆိုသော် ပညတ်တရား​သည် ဖြောင့်မတ်သူတို့​အတွက် ချမှတ်ထားသည်​မဟုတ်ဘဲ ပညတ်တရား​ကို မကျင့်သုံးသူများ၊ မနာခံသူများ၊ ဘုရားတရားမဲ့သူများ၊ အပြစ်သားများ၊ မသန့်ရှင်းသူများ၊ ဘုရားတရား​မကိုင်းရှိုင်းသူများ၊ မိဘ​ကို သတ်သူများ၊ လူသတ်သမားများ၊


ဘုရားသခင်​ကို ဆည်းကပ်​ကိုးကွယ်သည်​ဟု ဝန်ခံ​ပြောဆိုသော အမျိုးသမီးများ ပြုမူသင့်သည့်​အတိုင်း ကောင်းမှုများ ပြုကြရမည်။


ကျွန်ုပ်တို့​၏ ယုံကြည်ခြင်း​တရား နက်နဲ​ဆန်းကြယ်ပုံ​သည် အမှန်တကယ်​ကြီးမြတ်​လှ၏။ သခင်ဘုရား​သည် လူသား​အဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်​၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်​အားဖြင့် ဖော်ပြခြင်း​ခံရတော်မူ၏။ ကိုယ်တော်​ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်​အကြောင်း​ကို လူမျိုးခြားတို့​ထံ ဟောပြောကြ၏။ ကိုယ်တော်​ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်​ကို ဘုန်းအသရေ​နှင့်တကွ ကောင်းကင်ဘုံ​သို့ ဘုရားသခင်​ခေါ်ယူတော်မူ၏။


ကိုယ်ကာယ​လေ့ကျင့်ခန်း​သည် အနည်းငယ်​သာ အကျိုး​ရှိသော်လည်း ဘုရားတရား​ကိုင်းရှိုင်းခြင်း​မှာမူ အရာရာ​၌ အကျိုး​ရှိ၏။ သင်တို့​သည် ယခု​ဘဝ၊ နောင်ဘဝ​တွင် ဘုရားသခင်​ကတိပြုတော်မူသော အကျိုး​ကို ရရှိမည်။


သို့သော် တိမောသေ… သင်​သည် ဘုရားသခင်​၏​လူ​ဖြစ်​သောကြောင့် ထို​အရာတို့​ကို ရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားတရား​ကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ ရှိနိုင်​ရန် အမြဲ​ကြိုးစားလော့။


တိမောသေ… သင့်​ထံ အပ်နှင်းထားသည့်​အရာ​ကို စောင့်ရှောက်လော့။ ဘုရားတရား​မဲ့သည့် အကျိုး​မရှိသော​စကားများ​နှင့် အသိပညာ​ဟု လွဲမှား​စွာ ခေါ်ဝေါ်သည့် ဆန့်ကျင်ဘက်​အယူအဆများ​ကို ရှောင်ကြဉ်လော့။


ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ မှန်ကန်သော​စကား​ကိုလည်းကောင်း၊ မှန်ကန်သော​အယူဝါဒ​တို့ကို​လည်းကောင်း ဆန့်ကျင်သည့် အခြား​အယူဝါဒများ​ကို သွန်သင်သောသူ​သည် ဘဝင်မြင့်​၍


ထို့ပြင် အသိစိတ်​ဖောက်ပြန်ပြီး အမှန်တရား​ကို ကျောခိုင်းသော​သူတို့​အကြား အဆုံးမသတ်နိုင်သော​အငြင်းပွားမှုများ ဖြစ်လာ၏။ ထို​သူတို့​သည် ဘုရားတရား​ကိုင်းရှိုင်း​လျှင် အကျိုးစီးပွား​ဖြစ်သည်​ဟု ထင်မှတ်ကြ၏။


ဘုရားတရား​မဲ့သော စကား​ကို ရှောင်ကြဉ်လော့။ အဘယ်ကြောင့်ဆိုသော် ထို​စကား​သည် လူတို့​အား ဘုရားတရား​နှင့် ပို၍ ဝေးကွာစေ​သောကြောင့်​ဖြစ်၏။


မိုက်မဲ​၍ ပညာမဲ့သော​အငြင်းပွားမှုများ​သည် ခိုက်ရန်​ကိုသာ ဖြစ်ပွားစေကြောင်း သင်​သိ​သဖြင့် ရှောင်ကြဉ်လော့။


အမှန်ပင် ယေရှု​ခရစ်တော်​ကို ယုံကြည်​၍ ဘုရားတရား​ကိုင်းရှိုင်း​လျက် နေထိုင်​လိုသူ​တိုင်း ညှဉ်းပန်း​နှိပ်စက်​ခံရ​လိမ့်မည်။


ဘုရားတရား ကိုင်းရှိုင်း​ယောင်ဆောင်​၍ ကိုင်းရှိုင်းခြင်း​၏​တန်ခိုးတော်​ကို ငြင်းပယ်သူများ​ဖြစ်လာ​ကြလိမ့်မည်။ ထို​သူတို့​ကို ရှောင်လော့။


သမ္မာတရား​ကို နားမထောင်ဘဲ ဒဏ္ဍာရီများ​ကိုသာ နားထောင်ကြ​လိမ့်မည်။


သမ္မာတရား​ကို ဆန့်ကျင်သူတို့​၏ ပညတ်ချက်များ​နှင့် ဂျူး​လူမျိုးတို့​၏ ဒဏ္ဍာရီများ​ကို သူတို့​သည် ဂရုမစိုက်ဘဲ နေရမည်။


ဤ​ကျေးဇူးတော်​သည် ကျွန်ုပ်တို့​အား ဘုရား​တရား​မဲ့ခြင်း​နှင့် လောကီ​တပ်မက်ခြင်း​ကို ငြင်းပယ်​၍ မိမိကိုယ်ကိုယ်​ချုပ်တည်းခြင်း၊ ဖြောင့်မတ်ခြင်း​နှင့် ဘုရားတရား​ကိုင်းရှိုင်းခြင်းတို့​ဖြင့် နေထိုင်​ရန် သွန်သင်ပေး၏။


မိုက်မဲသော​ငြင်းခုံခြင်း၊ ဆွေစဉ်မျိုးဆက်​စာရင်းများ​ကို ဆွေးနွေး​ရာတွင် အချိန်ပေးခြင်း၊ ပညတ်တရား​နှင့်ပတ်သက်​၍ စကားများ​ခိုက်ရန်​ဖြစ်ခြင်းတို့​ကို ရှောင်လော့။ အဘယ်ကြောင့်ဆိုသော် ထို​အရာများ​သည် အကျိုး​မရှိ။ အသုံး​လည်း​မဝင်​သောကြောင့် ဖြစ်၏။


မာသော​အစားအစာ​မှာ အရွယ်ရောက်သော​သူများ​အတွက်​ဖြစ်ပြီး ထို​သူတို့​သည် အကောင်း​နှင့်​အဆိုး​ကို ဝေဖန်​ပိုင်းခြား​နိုင်ရန် လေ့ကျင့်ထားသည့်​သူများ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ