ထို့ကြောင့် ယခုသင်တို့သည် ကျွန်ုပ်တို့၏ဘိုးဘေးများနှင့် ကျွန်ုပ်တို့ပင် မထမ်းနိုင်သောထမ်းပိုးကို တပည့်တော်တို့၏လည်ပင်းပေါ်တွင်တင်ခြင်းအားဖြင့် အဘယ်ကြောင့် ဘုရားသခင်ကို စမ်းသပ်ကြသနည်း။
၁ ကော 8:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရုပ်တုများအား ပူဇော်သည့်အစားအစာနှင့်ပတ်သက်၍ “ကျွန်ုပ်တို့အားလုံး၌ အသိပညာရှိသည်” ဟူ၍ကျွန်ုပ်တို့သိထားကြ၏။ သို့သော် အသိပညာသည် လူကို မာနထောင်လွှားစေတတ်၏။ ချစ်ခြင်းမေတ္တာမှာမူ တည်ဆောက်ပေးတတ်၏။ Common Language Bible သင်တို့ရေးသားမေးမြန်းသည့်ရုပ်တုများ ကိုပူဇော်ရာအစားအစာကိစ္စနှင့်ပတ်သက် ၍ ငါဖြေပေးပါမည်။ ငါတို့အားလုံးပင် အသိပညာရှိသူများဖြစ်သည်ဟုဆို သည့်စကားမှာမှန်ပေ၏။ သို့ရာတွင်အသိ ပညာသည်လူတို့ကိုမာန်မာနထောင် လွှားစေတတ်၏။ မေတ္တာမူကားဆောက်တည် မှုကိုပြုတတ်၏။- Garrad Bible ရုပ် ပွား အား ပူ ဇော် ပြီး သော အ သား နှင့် စပ်၍ လည်း ငါ တို့ ရှိ သ မျှ၌ အ သိ ပ ညာ ရှိ ကြောင်း သိ ကြ လှ၏။ အ သိ ပ ညာ သည် ဖောင်း ကြွ ခြင်း၊ မေ တ္တာ မူ ကား ဆောက် တည် ခြင်း ဖြစ် စေ တတ်၏။ Judson Bible ရုပ်တုရှေ့၌ပူဇော်သော ယဇ်ကောင်အရာမှာ၊ ငါတို့ရှိသမျှသည် ပိုင်းခြားတတ်သော ဉာဏ်ရှိသည်ကို ငါတို့သိကြ၏။ ဉာဏ်သည် ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏။- မြန်မာ့စံမီသမ္မာကျမ်း ရုပ်တုအားပူဇော်ထားသောအရာများနှင့်ပတ်သက်၍ ငါတို့အားလုံး၌ အသိပညာရှိကြောင်းကို ငါတို့သိကြ၏။ သို့သော် အသိပညာသည် ထောင်လွှားစေတတ်၏။ ချစ်ခြင်းမေတ္တာမူကား တည်ဆောက်မြှင့်တင်ပေးတတ်၏။ |
ထို့ကြောင့် ယခုသင်တို့သည် ကျွန်ုပ်တို့၏ဘိုးဘေးများနှင့် ကျွန်ုပ်တို့ပင် မထမ်းနိုင်သောထမ်းပိုးကို တပည့်တော်တို့၏လည်ပင်းပေါ်တွင်တင်ခြင်းအားဖြင့် အဘယ်ကြောင့် ဘုရားသခင်ကို စမ်းသပ်ကြသနည်း။
သင်တို့သည် ရုပ်တုများအား ပူဇော်ထားသောအစားအစာကို စားသုံးခြင်း၊ သွေးကို စားသုံးခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်းနှင့် တရားနှင့်မညီသော မေထုန်ပြုခြင်းကို ရှောင်ကြဉ်ရမည်။ သင်တို့သည် ထိုအရာများနှင့် ကင်းရှင်းလျှင် ကောင်း၏။ ကျန်းမာကြပါစေ။ ဟု ရေးသားထား၏။
ယုံကြည်လာကြသောလူမျိုးခြားများအတွက်မူ သူတို့သည် ရုပ်တုများကို ပူဇော်ထားသောအစားအစာကို စားသုံးခြင်း၊ သွေးကို စားသုံးခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်းနှင့် တရားနှင့်မညီသော မေထုန်ပြုခြင်း စသည်တို့ကို ရှောင်ကြဉ်ရန် ကျွန်ုပ်တို့ဆုံးဖြတ်၍ စာရေးပေးပို့ကြပြီ” ဟု ဆိုကြ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။
တစ်ဦးနှင့် တစ်ဦး စည်းလုံးညီညွတ်စွာ နေကြလော့။ နိမ့်ပါးသောသူတို့နှင့် မာနမထောင်လွှားဘဲ ပေါင်းသင်းဆက်ဆံကြလော့။ မိမိကိုယ်ကိုယ် ငါသည် ပို၍ ပညာရှိသည်ဟု မထင်မှတ်နှင့်။
သို့ဖြစ်၍ သင်သည် သင်တို့၏ ညီအစ်ကိုမောင်နှမများကို အဘယ်ကြောင့် အပြစ်တင်သနည်း။ သူတို့အား အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။ ဘုရားသခင်၏ တရားခွင်ရှေ့၌ ကျွန်ုပ်တို့အားလုံး ရောက်ကြရမည်ဖြစ်၏။
မည်သည့်အစားအစာမျှ ပကတိအလျောက် မညစ်ညမ်းကြောင်းကို သခင်ယေရှုအားဖြင့် အမှန်ပင် ကျွန်ုပ်သိ၏။ သို့သော်လည်း တစ်စုံတစ်ယောက်က ညစ်ညမ်းသည်ဟု မှတ်ယူလျှင် ထိုအစာသည် ထိုသူအတွက် ညစ်ညမ်း၏။
သို့ဖြစ်၍ အသင်းတော်၌ ငြိမ်းချမ်းစွာ နေစေရန်နှင့် အပြန်အလှန်ဆောက်တည်ဖွယ်ဖြစ်စေရန် ကြိုးပမ်းကြပါစို့။
သင်ပြုသောအမှုကိစ္စနှင့်ပတ်သက်၍ အမှားမရှိဟု သင်ယုံကြည်လျှင်လည်း ထိုယုံကြည်ခြင်းကို သင်နှင့် ဘုရားသခင်အကြား၌သာ ရှိစေလော့။ မိမိမှန်သည်ဟု လက်ခံထားသည့်အမှုကိစ္စကို ပြုလုပ်ခြင်းအတွက် အပြစ်မရှိဟု ခံစားရသောသူသည် မင်္ဂလာရှိ၏။
အစားအစာအားလုံးကို စားသောသူသည် မစားသောသူကို မထီမဲ့မြင်မပြုနှင့်။ မစားသောသူသည်လည်း စားသောသူကို အပြစ်မတင်နှင့်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့ကို လက်ခံတော်မူပြီဖြစ်သောကြောင့်ပင်။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ကောင်းခြင်းနှင့် ပြည့်စုံ၍ အသိပညာကြွယ်သဖြင့် အချင်းချင်း ပဲ့ပြင်သွန်သင်နိုင်စွမ်းရှိသည်ကို ကျွန်ုပ် အပြည့်အဝယုံကြည်၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ခရစ်တော်အားဖြင့် အပြောအဆို၌ဖြစ်စေ၊ အသိပညာ၌ဖြစ်စေ၊ အဘက်ဘက်၌ ကြွယ်ဝပြည့်စုံလာကြသောကြောင့်ဖြစ်၏။
သင်တို့သည် ဆင်ခြင်တုံတရားရှိသောသူများ ဖြစ်ကြ၏။ ကျွန်ုပ်ပြောဆိုသောအရာ မှားသည်မှန်သည်ကို သင်တို့ကိုယ်တိုင် သုံးသပ်ကြလော့။
အကယ်၍ တစ်စုံတစ်ယောက်က ဤအစားအစာသည် ရုပ်တုကို ပူဇော်ထားသောအရာဖြစ်၏ဟု ပြောလျှင် ထိုသို့ပြောသောသူအတွက်လည်းကောင်း၊ အသိစိတ်ကိုလည်းကောင်း ငဲ့ရမည်ဖြစ်သောကြောင့် မစားကြနှင့်။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကလေးဆန်စွာ မတွေးခေါ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်လျှင် ကလေးငယ်ကဲ့သို့ ဖြစ်၍ စဉ်းစားတွေးခေါ်မှုနှင့်ပတ်သက်လျှင် ရင့်ကျက်သောသူများကဲ့သို့ ဖြစ်ကြလော့။
အမြင်မှန်ရကြလော့။ ဆက်၍ အပြစ်မပြုနှင့်။ သင်တို့ထဲမှ တချို့သည် ဘုရားသခင်ကို လုံးဝမသိကြ။ သင်တို့အရှက်ရစေရန် ဤသို့ ကျွန်ုပ်ပြော၏။
ကျွန်ုပ်တို့သည် ခရစ်တော်အတွက်ကြောင့် မိုက်မဲသောသူများဖြစ်ကြ၏။ သင်တို့မှာမူ ခရစ်တော်အတွက်ကြောင့် အလွန်ပညာရှိကြ၏။ ကျွန်ုပ်တို့သည် အားနည်း၍ သင်တို့မှာမူ အလွန်ခွန်အားကြီးကြ၏။ ကျွန်ုပ်တို့သည် ဂုဏ်သရေမဲ့ကြ၍ သင်တို့မှာမူ အလွန်ဂုဏ်သရေရှိကြ၏။
သင်တို့ထဲတွင် တချို့က သင်တို့ထံ ကျွန်ုပ်ရောက်လာမည်မဟုတ်ဟု ထင်မှတ်၍ မာနထောင်လွှားလျက်ရှိကြ၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် အာပေါလုနှင့် ကျွန်ုပ်ကိုယ်တိုင်ကို သာဓကအဖြစ် ဤအရာများကို သင်တို့အကျိုးအတွက် ပုံဖော်ပြရခြင်းဖြစ်၏။ ဤသို့ ပုံဖော်ပြခြင်းမှာ “ကျမ်းစာ၌ ရေးသားထားသော အရာကို ကျော်လွန်၍ မလုပ်ဆောင်နှင့်” ဟူသော ဆိုရိုးစကားကို ကျွန်ုပ်တို့၏သာဓကမှ သင်တို့နားလည်နိုင်ရန်ဖြစ်၏။ ထို့ပြင် သင်တို့သည် မာနထောင်လွှားလျက် တစ်ယောက်ကို မျက်နှာသာပေး၍ ကျန်တစ်ယောက်ကို ဆန့်ကျင်ခြင်းမရှိစေရန်ဖြစ်၏။
ဤသို့ဖြစ်လျက်ပင် သင်တို့သည် မာနထောင်လွှားဆဲရှိကြ၏။ အမှန်တွင်မူ သင်တို့သည် ဝမ်းနည်းပူဆွေးလျက် ထိုသူကို သင်တို့အထဲမှ ထုတ်ပယ်သင့်သည်မဟုတ်လော။
သင်တို့၏ ကြွားဝါခြင်းသည် ကောင်းသောအရာ မဟုတ်ပေ။ အပြစ်သည် မုန့်ညက်တစ်ပုံလုံးကို ဖောင်းကြွစေသော တဆေးကဲ့သို့ဖြစ်သည်ကို သင်တို့မသိသလော။
ထို့ကြောင့် ရုပ်တုအား ပူဇော်ထားသောအစားအစာကို စားသောက်ခြင်းနှင့်ပတ်သက်၍ ဆိုရလျှင် ရုပ်တုသည် ဤလောကတွင် သက်ရှိမဟုတ်ကြောင်းနှင့် ဘုရားသခင်တစ်ဆူတည်းမှလွဲ၍ အခြားဘုရားမရှိကြောင်းကို ကျွန်ုပ်တို့သိကြ၏။
သို့သော် ယုံကြည်သူတိုင်း၌ ထိုအသိပညာရှိသည်မဟုတ်ချေ။ အချို့သောသူတို့သည် ရုပ်တုကိုးကွယ်သည့် အလေ့အထရှိခဲ့သောကြောင့် ရုပ်တုအား ပူဇော်ထားသောအစားအစာကို စားသောအခါ စစ်မှန်သောနတ်ဘုရားများ၏အစားအစာကို စားသည်ဟု ထင်မှတ်ဆဲဖြစ်ကြ၏။ သို့ဖြစ်၍ စားသောအခါ သူတို့၏ အသိစိတ်သည် အားနည်းသောကြောင့် ထိုအစာက သူတို့အား ညစ်ညူးစေသည်ဟု ထင်မှတ်ကြ၏။
ဦးခေါင်း ဖြစ်သော ကိုယ်တော်သည် ကိုယ်ခန္ဓာတစ်ခုလုံးကို အပိုအလိုမရှိ ဆက်စပ်စေတော်မူ၏။ ခန္ဓာအစိတ်အပိုင်းတစ်ခုစီတို့သည် ကိုယ်ပိုင် တာဝန်အသီးသီးကို လုပ်ဆောင်သည်နှင့်အမျှ ကိုယ်ခန္ဓာသည် ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်၍ ကြီးပွားတတ်၏။
မိမိကိုယ်ကိုယ် နှိမ့်ချပြခြင်းနှင့် ကောင်းကင်တမန်များကို ကိုးကွယ်ခြင်းတို့ကို အတင်းအကျပ်ပြုစေသောသူ တစ်စုံတစ်ယောက်ကိုမျှ သင်တို့၏ ဆုကို လုယူခွင့် မပေးနှင့်။ ထိုသို့သောသူတို့သည် မိမိတို့မြင်ရသော အထူးရူပါရုံများကြောင့် အခြားသူတို့ထက် သာလွန်သည်ဟု မှတ်ယူ၍ လူ့အတွေးအခေါ်ဖြင့် အကြောင်းမဲ့ ဘဝင်မြင့်တတ်ကြ၏။
သို့ရာတွင် ငါသည် သင့်အား အပြစ်ပြောစရာ အနည်းငယ်ရှိ၏။ သင်တို့တွင် မှားယွင်းသည့်ပရောဖက်ဗာလမ်၏ သွန်သင်ချက်ကို လိုက်နာသောသူများရှိကြ၏။ အစ္စရေးလူမျိုးတို့သည် ရုပ်တုများအား ပူဇော်သည့်အစားအစာကို စားရန်လည်းကောင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း အစ္စရေးလူမျိုးတို့ရှေ့မှောက်၌ တိုက်မိစရာ ဆူးငြောင့်ခလုတ်ကိုချထားရန် ဗာလမ်သည် ဗာလက်မင်းအား သွန်သင်ခဲ့၏။
သို့သော်လည်း ငါသည် သင့်အား အပြစ်ပြောစရာ တစ်ခုရှိ၏။ မိမိကိုယ်ကိုယ် ပရောဖက်မဟုဆိုသောယေဇဗေလအမည်ရှိသည့် အမျိုးသမီးကို သင်ခွင့်ပြုထားခဲ့၏။ သူသည် ငါ၏အစေခံများအား တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း၊ ရုပ်တုအား ပူဇော်သည့်အစားအစာများကိုစားရန်လည်းကောင်း သွန်သင်၍ လမ်းမှားစေခဲ့၏။