Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 10:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 သင်တို့​သည် ဆင်ခြင်တုံတရား​ရှိသောသူများ ဖြစ်ကြ၏။ ကျွန်ုပ်​ပြောဆိုသော​အရာ မှားသည်​မှန်သည်​ကို သင်တို့​ကိုယ်တိုင် သုံးသပ်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သင်​တို့​အား​အ​သိ​အ​လိမ္မာ​ရှိ​သူ​များ​အ​နေ ဖြင့်​ငါ​ပြော​နေ​ခြင်း​ဖြစ်​၏။ ငါ့​စ​ကား​ကို စဉ်း​စား​ဆင်​ခြင်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ဉာဏ် ကောင်း သူ များ ဟု မှတ် လျက် ငါ ပြော ဆို၏။ ငါ့ စ ကား ကို ဆင် ခြင် ပိုင်း ခြား ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 သင်​တို့​ကို ပ​ညာ​ရှိ​ကဲ့​သို့​မှတ်၍ ပြော​မည်။ ငါ့​စ​ကား​ကို ဆင်​ခြင်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သင်​တို့​အား ပညာ​သတိ​ရှိ​သော​သူ​ကို​ပြော​သကဲ့သို့ ငါ​ပြော​၏။ ငါ​ပြော​သော​အရာ​ကို ဆင်ခြင်​သုံးသပ်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 10:15
9 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ချစ်ရသော​သူတို့… ရုပ်တုကိုးကွယ်ခြင်း​ကို ရှောင်ကြဉ်ကြလော့။


ကောင်းချီး​မင်္ဂလာ​ခွက်​ကို ကျွန်ုပ်တို့​ကောင်းချီးပေး​၍ သောက်သည်​မှာ ခရစ်တော်​၏ အသွေးတော်​ကို မျှဝေခံယူကြခြင်း​ဖြစ်သည် မဟုတ်လော။ မုန့်​ကို ဖဲ့​၍ စားသည်​မှာ ခရစ်တော်​၏ ကိုယ်ခန္ဓာ​ကို မျှဝေခံယူကြခြင်း​ဖြစ်သည် မဟုတ်လော။


သင်တို့​ကိုယ်တိုင် ဆင်ခြင်​သုံးသပ်ကြလော့။ မိန်းမ​သည် မိမိ​ဦးခေါင်း​ကို မဖုံးဘဲ ဘုရားသခင်​ထံ ဆုတောင်းခြင်း​သည် သင့်တော်သလော။


ချစ်သော ညီအစ်ကို​မောင်နှမတို့… ကလေးဆန်​စွာ မတွေးခေါ်ကြနှင့်။ မကောင်းမှု​နှင့်​ပတ်သက်​လျှင် ကလေးငယ်​ကဲ့သို့ ဖြစ်၍ စဉ်းစား​တွေးခေါ်မှု​နှင့်​ပတ်သက်​လျှင် ရင့်ကျက်သော​သူများ​ကဲ့သို့ ဖြစ်ကြလော့။


ကျွန်ုပ်တို့​သည် ခရစ်တော်​အတွက်ကြောင့် မိုက်မဲသောသူများ​ဖြစ်ကြ၏။ သင်တို့​မှာမူ ခရစ်တော်​အတွက်ကြောင့် အလွန်​ပညာရှိကြ၏။ ကျွန်ုပ်တို့​သည် အားနည်း​၍ သင်တို့​မှာမူ အလွန်​ခွန်အားကြီးကြ၏။ ကျွန်ုပ်တို့​သည် ဂုဏ်သရေ​မဲ့ကြ​၍ သင်တို့​မှာမူ အလွန်​ဂုဏ်သရေ​ရှိကြ၏။


ဤသို့ ကျွန်ုပ်​ပြောရခြင်း​မှာ သင်တို့​ရှက်တတ်​စေရန်​ဖြစ်၏။ သင်တို့​တွင် ယုံကြည်သူ​အချင်းချင်း​ကြား ဤသို့သော အမှုကိစ္စများ​ကို စီရင်​ဆုံးဖြတ်နိုင်သည့် ပညာရှင်​တစ်ဦး​တစ်ယောက်​မျှ မရှိသလော။


ရုပ်တုများ​အား ပူဇော်သည့်​အစားအစာ​နှင့်​ပတ်သက်၍ “ကျွန်ုပ်တို့​အားလုံး​၌ အသိပညာ​ရှိသည်” ဟူ၍​ကျွန်ုပ်တို့​သိထားကြ၏။ သို့သော် အသိပညာ​သည် လူ​ကို မာန​ထောင်လွှား​စေတတ်၏။ ချစ်ခြင်းမေတ္တာ​မှာမူ တည်ဆောက်ပေးတတ်၏။


သို့သော် အရာ​အားလုံး​ကို မှန်​မ​မှန် စစ်ဆေး​ပြီး ကောင်းမွန်သည့် အရာတို့​ကို လက်ခံကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ