Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 10:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ကောင်းချီး​မင်္ဂလာ​ခွက်​ကို ကျွန်ုပ်တို့​ကောင်းချီးပေး​၍ သောက်သည်​မှာ ခရစ်တော်​၏ အသွေးတော်​ကို မျှဝေခံယူကြခြင်း​ဖြစ်သည် မဟုတ်လော။ မုန့်​ကို ဖဲ့​၍ စားသည်​မှာ ခရစ်တော်​၏ ကိုယ်ခန္ဓာ​ကို မျှဝေခံယူကြခြင်း​ဖြစ်သည် မဟုတ်လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၍ ပွဲ​တော်​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို သောက်​ကြ​သော​အ​ခါ ခ​ရစ်​တော်​၏​သွေး​တော်​ကို ဆက်​ဆံ​သုံး​ဆောင်​ကြ​သည်​မ​ဟုတ်​လော။ မုန့်​ကို စား​သော​အ​ခါ​၌​လည်း ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ကို​ဆက်​ဆံ​သုံး​ဆောင်​ကြ​သည်​မ​ဟုတ် လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ငါ တို့ ကောင်း ကြီး ပေး ကြ သော မင်္ဂ လာ ဖ လား တော် သည် ခ ရစ် တော်၏ အ သွေး တော် ကို ဆက် ဆံ သုံး ဆောင် ခြင်း မ ဟုတ် လော။ ငါ တို့ ဖဲ့ ကြ သော မုန့် တော် လည်း ခ ရစ် တော်၏ ကိုယ် ခ န္ဓာ တော် ကို ဆက် ဆံ သုံး ဆောင် ခြင်း မ ဟုတ် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ငါ​တို့​သည် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရာ မင်္ဂ​လာ​ခွက်​ဖ​လား​မူ​ကား၊ ခ​ရစ်​တော်၏​အ​သွေး​ကို ဆက်​ဆံ​ခြင်း​ဖြစ်​သည် မ​ဟုတ်​လော။ ငါ​တို့​ဖဲ့​သော​မုန့်​မူ​ကား၊ ခ​ရစ်​တော်၏ ကိုယ်​ကို ဆက်​ဆံ​ခြင်း​ဖြစ်​သည် မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ငါ​တို့​ကျေးဇူး​တော်​ချီးမွမ်း​ရာ မင်္ဂလာ​ခွက်​သည် ခရစ်တော်​၏​သွေး​တော်​ကို မျှဝေ​ခံယူ​ခြင်း​ဖြစ်​သည်​မ​ဟုတ်​လော။ ငါ​တို့​ဖဲ့​သော​မုန့်​သည် ခရစ်တော်​၏​ကိုယ်ခန္ဓာ​တော်​ကို မျှဝေ​ခံယူ​ခြင်း​ဖြစ်​သည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 10:16
17 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​သည် စပျစ်ရည်ခွက်​ကို​ယူ​၍ ကျေးဇူးတော်​ကို ချီးမွမ်းပြီး​သော် “ဤ​ခွက်​ကို ယူ​၍ သင်တို့​အချင်းချင်း​ဝေမျှကြလော့။


ထို​ယုံကြည်သူများ​သည် တမန်တော်တို့​၏ သွန်သင်မှု​ကို​ခံယူခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ မုန့်​ကို​ဖဲ့ခြင်း​နှင့် ဆုတောင်းခြင်း​တို့​ကို အမြဲ​ဆောင်ရွက်ကြ၏။


ထို​သူတို့​သည် နေ့စဉ် ဗိမာန်တော်​၌ အတူတကွ ဝတ်ပြုကိုးကွယ်ခြင်း၊ အိမ်များ​၌ မုန့်​ကို​ဖဲ့ခြင်း၊ ဝမ်းမြောက်သော​စိတ်​နှင့် ရက်ရောသော​စိတ်တို့​ဖြင့် မိမိတို့​၏​အစာ​ကို စားသုံးကြခြင်း စသည်တို့​ကို​ပြုလုပ်ကြ၏။


ထို့နောက် ပေါလု​သည် အပေါ်​သို့​ပြန်တက်​၍ မုန့်​ကို​ချိုးဖဲ့​လျက် သူတို့​နှင့်အတူ စားကြ၏။ သူ​သည်​လည်း အရုဏ်တက်ချိန်​ထိတိုင်အောင် စကားဝိုင်းဖွဲ့​ပြီးမှ ထွက်ခွာသွားလေ၏။


ရက်သတ္တပတ်​၏​ပထမနေ့​ရက်​၌ ကျွန်ုပ်တို့​သည် မုန့်​ကို​ချိုးဖဲ့​ရန် အတူတကွ​စုဝေးကြ၏။ ပေါလု​သည် နောက်​တစ်ရက်​တွင် ထို​မြို့​မှ ထွက်ခွာ​ရန် ရည်ရွယ်ထား​သောကြောင့် ညသန်းခေါင်​အချိန်​ထိ တရားတော်​ကို ဟောပြော​လျက်​နေ၏။


သင်တို့​အား မိမိ​၏​သားတော်၊ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​နှင့် မိတ်သဟာယဖွဲ့​ပေါင်းဖော်​စေရန် ရွေးကောက်တော်မူသော ဘုရားသခင်​သည် သစ္စာရှိတော်မူ၏။


သင်တို့​သည် ဆင်ခြင်တုံတရား​ရှိသောသူများ ဖြစ်ကြ၏။ ကျွန်ုပ်​ပြောဆိုသော​အရာ မှားသည်​မှန်သည်​ကို သင်တို့​ကိုယ်တိုင် သုံးသပ်ကြလော့။


ထိုကဲ့သို့​ပင် ကျွန်ုပ်တို့​အားလုံး​သည် ဂျူးလူမျိုး​ဖြစ်စေ၊ ဂရိလူမျိုး​ဖြစ်စေ၊ ကျွန်​ဖြစ်စေ၊ လွတ်လပ်သူ​ဖြစ်စေ ဝိညာဉ်တော်​တစ်ပါးတည်း​အားဖြင့် ကိုယ်ခန္ဓာ​တစ်ခုတည်း​ထဲသို့ နှစ်ခြင်း​မင်္ဂလာ​ခံယူကြပြီး ကျွန်ုပ်တို့​အားလုံး​သည် ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကို သောက်သုံးကြ၏။


ကျွန်ုပ်တို့​၏ မူလ​ခံယူချက်​ကို အဆုံး​တိုင်အောင် ခိုင်မြဲစွာ​စွဲကိုင်ထား​လျှင် ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့် သက်ဆိုင်​သူများ​ဖြစ်ကြ၏။


ကျွန်ုပ်တို့​မြင်ရ၊ ကြားရသော အရာများ​ကို သင်တို့​အား ပြောပြရခြင်း​မှာ သင်တို့​သည် ကျွန်ုပ်တို့​နှင့် မိတ်သဟာယဖွဲ့​စေရန် ဖြစ်၏။ ကျွန်ုပ်တို့​၏ မိတ်သဟာယဖွဲ့ခြင်း​မှာ ခမည်းတော်​နှင့်​လည်းကောင်း၊ သားတော် ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း မိတ်သဟာယဖွဲ့ခြင်း​ဖြစ်၏။


သို့ရာတွင် ဘုရားသခင်​သည် အလင်း​တွင် ရှိတော်မူ​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း အလင်း​တွင် ကျင်လည်ကြ​လျှင် အချင်းချင်း မိတ်သဟာယဖွဲ့ခြင်း​ရှိ​သဖြင့် သားတော်​ယေရှု​၏​အသွေးတော်​သည် ကျွန်ုပ်တို့​ကို အပြစ်​အားလုံး​မှ ကင်းစင်စေတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ