Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:40 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

40 မည်သို့ပင်​ဖြစ်စေ ကျွန်ုပ်​၏ ထင်မြင်ချက်​အရ သူ​သည် နောက်ထပ်​အိမ်ထောင်​မပြုဘဲ​နေလျှင် ပို၍ ကောင်း၏။ ဤသို့ ကျွန်ုပ်​ပြောဆို​ရာတွင် ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့် သင်တို့​ကို အကြံပေး​ပြောဆိုခြင်း​ဖြစ်ကြောင်း ကျွန်ုပ်​မှတ်ယူပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

40 အ​ကယ်​၍​ထို​အ​မျိုး​သ​မီး​သည်​အိမ်​ထောင်​မ​ပြု ဘဲ​နေ​ပါ​က သာ​၍​မင်္ဂ​လာ​ရှိ​၏။ ဤ​ကား​ငါ​၏ ထင်​မြင်​ယူ​ဆ​ချက်​ဖြစ်​၏။ ငါ​သည်​လည်း​ဘု​ရား သ​ခင်​၏​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​ဖြစ် သည်​ဟု​ယုံ​ကြည်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

40 သို့ ရာ တွင် အိမ် ထောင် မ ပြု ဘဲ နေ လျှင် သာ၍ မင်္ဂ လာ ရှိ လိမ့် မည် ဟု ငါ သ ဘော ကျ၏။ ငါ သည် ဘု ရား သ ခင့် ဝိ ညာဉ် တော် ရ ရှိ သူ ဖြစ် ကြောင်း ထင် မှတ် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

40 အ​ခွင့်​ရှိ​သော်​လည်း၊ အ​ခြား​သော​သူ၏ မ​ယား မ​ဖြစ်​ဘဲ​နေ​လျှင်၊ သာ၍ မင်္ဂ​လာ​ရှိ​သည်​ဟု ငါ​သ​ဘော​ရှိ၏။ ငါ၌​လည်း ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​ရှိ​တော်​မူ​သည်​ဟု ငါ​စွဲ​လမ်း​ခြင်း​စိတ်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 သို့သော် ငါ​၏​ထင်မြင်​ချက်​အရ သူ​သည် အိမ်ထောင်​မ​ပြု​ဘဲ​နေ​လျှင် သာ၍​မင်္ဂလာရှိ​၏။ ငါ​၌​လည်း ဘုရားသခင်​၏​ဝိညာဉ်​တော်​ရှိ​သည်​ဟု ငါ​မှတ်ယူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:40
13 ပူးပေါင်းရင်းမြစ်များ  

ယခု​တွင် သင်တို့​ရေးပို့သော​စာ​၌ မေးထားသည့်​မေးခွန်း​နှင့် ပတ်သက်၍ ဖြေရ​ပါက ယောက်ျား​သည် မိန်းမ​နှင့် မထိတွေ့​လျှင် ကောင်း၏။


ဤ​သို့ ကျွန်ုပ်​ပြောရသည်​မှာ သင်တို့​၏​အကျိုး​အတွက် ဖြစ်၏။ သင်တို့​ကို ချုပ်ချယ်​လို​သောကြောင့် မဟုတ်ပါ။ မှန်ကန်​လျောက်ပတ်​စွာ နေထိုင်​၍ သင်တို့​သည် ဘုရားသခင်​၏ အမှုတော်​ကို အာရုံ​မပျံ့လွင့်ဘဲ ထမ်းဆောင်​နိုင်ရန်​အတွက် ဤသို့​ကျွန်ုပ်​ပြောရခြင်း ဖြစ်၏။


ဤသို့ ကျွန်ုပ်​ပြောဆိုသည်​မှာ အမိန့်ပေးခြင်း​မဟုတ်ဘဲ အခွင့်ပေးခြင်း​သာ​ဖြစ်၏။


ထို့ကြောင့် အိမ်ထောင်​မရှိသောသူများ​နှင့် မုဆိုးမများ​ကို ကျွန်ုပ်​ပြောလိုသည်​မှာ ထို​သူတို့​သည် ကျွန်ုပ်​ကဲ့သို့ အိမ်ထောင်​မပြုဘဲ နေ​လျှင် ပို၍​ကောင်း​လိမ့်မည်။


သင်တို့​သည် ကျွန်ုပ်​ကို မိုက်မဲသောသူ​ဖြစ်​စေရန် တွန်းပို့​သဖြင့် ကျွန်ုပ်​သည် မိုက်မဲသောသူ​ဖြစ်လာရပြီ။ အမှန်​တွင်မူ သင်တို့​သည် ကျွန်ုပ်​ကို ချီးမွမ်း​သင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သာမညလူ​ဖြစ်​သော်လည်း ထိပ်တန်း​တမန်တော်များ​ထက် အနည်းငယ်​မျှ မညံ့​သောကြောင့် ဖြစ်၏။


ခရစ်တော်​သည် ကျွန်ုပ်​အားဖြင့် မိန့်တော်မူသည်​ဟူသော သက်သေ​ကို သင်တို့​တောင်းဆိုသည့်​အတိုင်း ကျွန်ုပ်​ပြမည်။ ကိုယ်တော်​သည် သင်တို့​ကို အပြစ်ပေး​ရာ​၌​ဖြစ်စေ၊ ကူညီမစ​ရာ​၌​ဖြစ်စေ အားနည်းတော်မမူပါ။ တန်ခိုးတော်​သည် သင်တို့​အလယ်​၌ အားကြီးတော်မူ၏။


ဤ​အမှု​နှင့်​ပတ်သက်၍ သင်တို့​အတွက် ကျွန်ုပ် အကောင်းဆုံး အကြံ​ပေးမည်။ လွန်ခဲ့သော​နှစ်​က သင်တို့​သည် ဤ​အမှု​ကို အစပြုခဲ့သည်​သာမက ပြုလုပ်​ရန်လည်း ဆန္ဒ​ရှိခဲ့ကြ၏။


ထို့ကြောင့် ဤ​ညွှန်ကြားချက်များ​ကို ငြင်းပယ်သော သူတို့​သည် လူ​ကို ငြင်းပယ်သည်​မဟုတ်ဘဲ သင်တို့​အတွက် သန့်ရှင်းသော​ဝိညာဉ်တော်​ကို ပေးတော်မူသော ဘုရားသခင်​ကို ငြင်းပယ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ