ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
၁ ကော 6:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင်တို့ကို အဖိုးအခပေး၍ ရွေးနုတ်ဝယ်ယူတော်မူခဲ့သောကြောင့်ဖြစ်၏။ ထို့ကြောင့် သင်တို့၏ ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေကြလော့။ Common Language Bible ကိုယ်တော်သည်သင်တို့အားအဖိုးအခပေး ၍ဝယ်ယူထားတော်မူသဖြင့် သင်တို့၏ကိုယ် ခန္ဓာကိုဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန်အတွက်အသုံးပြုကြ လော့။ Garrad Bible သင် တို့ ကို အ ဖိုး နှင့် ဝယ် ယူ တော် မူ၍ ကိုယ် ကို သင် တို့ မ ပိုင် သော ကြောင့် ဘု ရား သ ခင်၏ ဘုန်း တော် ကို သင် တို့ ကိုယ် ခ န္ဓာ၌ ထင် ရှား စေ ကြ လော့။ Judson Bible သင်တို့သည် အဖိုးနှင့် ဝယ်တော်မူသောသူ ဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့ကို အဖိုးအခပေး၍ ဝယ်ယူထားတော်မူ၏။ ထို့ကြောင့် သင်တို့၏ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေကြလော့။ |
ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်၏အသွေးတော်နှင့် ရွေးဝယ်ထားသောဘုရားသခင်၏အသင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ထိုသိုးစုများကို ကြည့်ရှုပြုစုသူများအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခန့်ထားတော်မူ၏။
ထို့ကြောင့် ချစ်သောညီအစ်ကိုမောင်နှမတို့… ဘုရားသခင် ထားတော်မူသော ကရုဏာတော်တို့ကို ထောက်ရှု၍ သင်တို့ကို ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။ သင်တို့၏ ကိုယ်ခန္ဓာကို ဘုရားသခင်လက်ခံနိုင်ဖွယ်ဖြစ်မည့် သန့်ရှင်းသည့် အသက်ရှင်သောယဇ်အဖြစ် ဆက်ကပ်ကြလော့။ ထိုသို့ဆက်ကပ်ခြင်းသည် ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်ခြင်းဖြစ်၏။
သင်တို့၏ လူ့သဘာဝအားနည်းချက်ကြောင့် ဤအကြောင်းအရာကို သင်တို့နားလည်စေရန် ကျွန်ခံခြင်းဥပမာကို ကျွန်ုပ်အသုံးပြုရခြင်းဖြစ်၏။ ယခင်က သင်တို့သည် စက်ဆုပ်ညစ်ညမ်းခြင်းနှင့် တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် မိမိတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဆက်သ၍ ပိုမိုကြီးလေးသောအပြစ်ကို ကျူးလွန်ကြ၏။ ယခုတွင်မူ သင်တို့သည် သန့်ရှင်းသောသူများဖြစ်လာကြစေရန် ဖြောင့်မတ်ခြင်းတရား၏ကျွန်အဖြစ် အပ်နှံကြလော့။
ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ တစ်စုံတစ်ရာကို ပြုလုပ်သည်ဖြစ်စေ အရာအားလုံးကို ဘုရားသခင်၏ ဘုန်းတော်အတွက် ပြုကြလော့။
ဘုရားသခင်သည် သင်တို့ကို အဖိုးအခပေး၍ ရွေးနုတ်ဝယ်ယူထားတော်မူသည်ဖြစ်သောကြောင့် လူတို့ထံ ကျွန်မခံကြနှင့်။
“သစ်တိုင်ပေါ်တွင် ဆွဲထားခြင်းခံရသောသူတိုင်း ကျိန်စာသင့်သူဖြစ်၏” ဟု ကျမ်းစာ၌ ရေးသားထားသည့်အတိုင်း ခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား ကျိန်စာသင့်သူအဖြစ် ခံယူတော်မူပြီး ကျွန်ုပ်တို့ကို ပညတ်တရား၏ ကျိန်စာသင့်ခြင်းထဲမှ လွတ်မြောက်စေတော်မူ၏။
ကျွန်ုပ်သည် မည်သည့်အခါမျှ မရှက်ကြောက်ဘဲ ယခင်ကကဲ့သို့ ယခုအချိန်တွင်လည်း အစဉ်ရဲရင့်နိုင်မည်ဟု အပြည့်အဝယုံကြည်၍ မျှော်လင့်ပါ၏။ ကျွန်ုပ်အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကျွန်ုပ်ပြောဆိုပြုမူသောအရာများကြောင့် ခရစ်တော်သည် ချီးမွမ်းခံရမည်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်၏။
ထိုအသန့်ရှင်းဆုံးဌာနတော်သို့ ဝင်ရာတွင် ကိုယ်တော်သည် ဆိတ်နှင့် နွားသငယ်တို့၏ အသွေးဖြင့် မဟုတ်ဘဲ မိမိကိုယ်တိုင်၏ အသွေးတော်ဖြင့် တစ်ကြိမ်တည်းနှင့် အပြီးပူဇော်၍ ကျွန်ုပ်တို့အား ထာဝရရွေးနုတ်ခြင်းအကျိုးကို ခံစားစေခဲ့၏။
ဘိုးဘေးများထံမှ ဆက်ခံရရှိသော အချည်းနှီးပြုမူနေထိုင်ခြင်းထဲမှ သင်တို့ကို ဘုရားသခင်ရွေးနုတ်တော်မူကြောင်း သင်တို့သိကြ၏။ ထိုသို့ရွေးနုတ်တော်မူရာတွင် ရွှေ၊ ငွေကဲ့သို့ ပျက်စီးတတ်သည့်အရာများဖြင့် ရွေးနုတ်တော်မူသည်မဟုတ်။
သို့သော် သင်တို့မှာမူ ရွေးကောက်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသောလူမျိုး၊ ဘုရားသခင်ပိုင်ဆိုင်သောလူမျိုးဖြစ်ကြ၏။ ဤသည်မှာ သင်တို့ကို အမှောင်ထဲမှ အံ့ဖွယ်အလင်းထဲသို့ ခေါ်တော်မူသောဘုရားသခင်ပြုသည့် အံ့ဩဖွယ်အမှုများကို ကြွေးကြော်ရန်ဖြစ်၏။
ယခင်က ပရောဖက်အတုအယောင်များသည် အစ္စရေးလူမျိုးထဲတွင် ပေါ်ပေါက်ခဲ့ကြသကဲ့သို့ သင်တို့ထဲတွင်လည်း ဆရာအတုအယောင်များ ပေါ်ပေါက်လာကြလိမ့်မည်။ သူတို့သည် ပျက်စီးစေမည့် အယူဝါဒအမှားများကို လျှို့ဝှက်စွာ ရိုက်သွင်းပေး၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောအရှင်ကိုပင် ငြင်းပယ်လျက် မိမိတို့အပေါ် ပျက်စီးခြင်းဘေးကို မကြာမီကျရောက်စေလိမ့်မည်။
သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။