Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကော 7:23 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 ဘုရားသခင်​သည် သင်တို့​ကို အဖိုးအခ​ပေး​၍ ရွေးနုတ်​ဝယ်ယူထားတော်မူသည်​ဖြစ်​သောကြောင့် လူတို့​ထံ ကျွန်​မခံကြနှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 သင်​တို့​ကို​ဘု​ရား​သ​ခင်​သည်​အ​ဖိုး​အ​ခ​ပေး ၍​ဝယ်​ယူ​ထား​တော်​မူ​သ​ဖြင့်​လူ​တို့​ထံ​တွင် ကျွန်​မ​ခံ​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 သင် တို့ ကို အ ဖိုး နှင့် ဝယ် ယူ တော် မူ သ ဖြင့် လူ တို့ အောက် ကျွန် မ ခံ ကြ နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 သင်​တို့​သည် အ​ဖိုး​နှင့်​ဝယ်​တော်​မူ​သော​သူ ဖြစ်၍၊ လူ​ထံ၌ အ​လို​အ​လျောက်​ကျွန်​မ​ခံ​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 သင်​တို့​ကို အဖိုးအခ​နှင့်​ဝယ်ယူ​ထား​သည်​ဖြစ်၍ လူ​တို့​၏​ကျွန် မ​ဖြစ်​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:23
10 ပူးပေါင်းရင်းမြစ်များ  

အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် သင်တို့​ကို အဖိုးအခ​ပေး​၍ ရွေးနုတ်​ဝယ်ယူတော်မူခဲ့​သောကြောင့်​ဖြစ်၏။ ထို့ကြောင့် သင်တို့​၏ ကိုယ်ခန္ဓာ​အားဖြင့် ဘုရားသခင်​၏ ဘုန်းတော်​ကို ထင်ရှားစေကြလော့။


သခင်​ယေရှု​သည် ကျွန်ုပ်တို့​အား ဒုစရိုက်​အမျိုးမျိုး​မှ ရွေးနုတ်​ရန်​နှင့် ကျွန်ုပ်တို့​အား မိမိ​အတွက် စင်ကြယ်​စေရန် မိမိ​အသက်​ကို ပေးတော်မူ၏။ ဤ​သည်မှာ ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ လူများ​ဖြစ်လာ​၍ ကောင်းမှု​ပြုရာ​တွင် စိတ်အား​ထက်သန်ကြ​ရန် ဖြစ်၏။


သူတို့​သည် သီချင်းသစ်​တစ်ပုဒ်​ကို သီဆိုကြ၏။ ထို​သီချင်း​မှာ “ကိုယ်တော်​သည် စာလိပ်​ကို​ယူ​၍ တံဆိပ်​ကို​ခွာ​၍ ဖွင့်​ရန် ထိုက်တန်သော​အရှင်​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် အသေ​သတ်ခံရ​၍ မျိုးနွယ်စု​အသီးသီး၊ ဘာသာစကား​အသီးသီး​ပြောသည့်​သူများ၊ လူမျိုး​အသီးသီး​နှင့် တိုင်းနိုင်ငံ​အသီးသီးတို့​ကို ကိုယ်တော်​၏​အသွေးတော်​ဖြင့် ဘုရားသခင်​အတွက် ရွေးနုတ်​ကယ်တင်​သောကြောင့်​ဖြစ်၏။


ထို့ကြောင့် သင်တို့​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်​၏​အသွေးတော်​နှင့် ရွေးဝယ်ထားသော​ဘုရားသခင်​၏​အသင်းတော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရန် ထို​သိုးစုများ​ကို ကြည့်ရှုပြုစုသူများ​အဖြစ် သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင်တို့​အား ခန့်ထားတော်မူ၏။


အဘယ်ကြောင့်ဆိုသော် ခရစ်တော်​သည်လည်း အပြစ်​အတွက် တစ်ကြိမ်တည်း​နှင့်​အပြီး အသေ​ခံတော်မူ​သောကြောင့်​ဖြစ်၏။ သင်တို့​ကို ဘုရားသခင်​ထံ ပို့ဆောင်​ရန် ဖြောင့်မတ်သော​အရှင်​သည် မဖြောင့်မတ်သောသူတို့​ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာ​အားဖြင့် သေ​သော်လည်း ဝိညာဉ်​အားဖြင့် ပြန်ရှင်တော်မူ၏။


ဤ​အရေပြားလှီးခြင်း​ကိစ္စ ပေါ်လာရခြင်း​မှာ ယုံကြည်သူ​အတုအယောင်များ​ကြောင့် ဖြစ်၏။ ထို​သူတို့​သည် ကျွန်ုပ်တို့​အား ယေရှု​ခရစ်တော်​ပေးသော လွတ်လပ်ခွင့်​ကို စုံစမ်း​ပြီး ဖယ်ရှား​လို​သဖြင့် အစည်းအဝေး​ထဲသို့ လျှို့ဝှက်​စွာ ဝင်လာကြ၏။ ကျွန်ုပ်တို့​အား ပညတ်တရား​လက်အောက်​တွင် ကျွန်ခံ​စေနိုင်ရန်​အတွက် ဂျူး​ဓလေ့ထုံးတမ်းများ​ကို အတင်းအကျပ် လိုက်နာ​စေလိုကြ၏။


မည်သူ​မျှ သခင်​နှစ်ဦး​ကို အစေမခံနိုင်ပေ။ သခင်​တစ်ဦး​ကို မုန်း​၍ ကျန်​တစ်ဦး​ကို ချစ်မည်။ သို့မဟုတ် သခင်​တစ်ဦး​ကို ကြည်ညိုလေးစား​၍ ကျန်​တစ်ဦး​ကို မခန့်လေးစားပြုမည်။ သင်တို့​သည် ဘုရားသခင်​နှင့် ငွေ​အား တစ်ချိန်တည်း​တွင် အစေခံ​ရန် မဖြစ်နိုင်ပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ