Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 10:31 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 ထို့ကြောင့် သင်တို့​သည် စားသည်​ဖြစ်စေ၊ သောက်သည်​ဖြစ်စေ၊ တစ်စုံတစ်ရာ​ကို ပြုလုပ်သည်​ဖြစ်စေ အရာ​အားလုံး​ကို ဘုရားသခင်​၏ ဘုန်းတော်​အတွက် ပြုကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 သင်​တို့​သည်​စား​သည်​ဖြစ်​စေ၊ အ​ဘယ်​အ​မှု ကို​ပြု​သည်​ဖြစ်​စေ ဘု​ရား​သ​ခင်​၏​ဘုန်း အ​သ​ရေ​တော်​အ​တွက်​ပြု​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 သို့ ဖြစ်၍ စား သည် ဖြစ် စေ၊ သောက် သည် ဖြစ် စေ၊ မည် သည့် အ မှု မ ဆို ပြု သည် ဖြစ် စေ။ ဘု ရား သ ခင် ဘုန်း တော့် အ လို့ ငှာ ပြု ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 သင်​တို့​သည် စား​သော်​လည်း​ကောင်း၊ သောက်​သော်​လည်း​ကောင်း၊ မည်​သည့်​အ​မှု​ကို ပြု​သော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို ထောက်၍ ခပ်​သိမ်း​သော​အ​မှု​ကိ​စ္စ​ကို ပြု​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 ထို့ကြောင့် သင်​တို့​သည် စား​သည်​ဖြစ်စေ၊ သောက်​သည်​ဖြစ်စေ၊ မည်သည့်​အမှု​ကို​ပြု​သည်​ဖြစ်စေ ခပ်သိမ်း​သော​အမှု​တို့​ကို ဘုရားသခင်​၏​ဘုန်း​တော်​အတွက် ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 10:31
11 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် အတွင်း​၌ ရှိသော​အရာများ​ကို ဆင်းရဲနွမ်းပါးသူ​အား ပေးကမ်းလော့။ သို့ပြုလျှင် အရာအားလုံး​သည် သင်တို့​အတွက် စင်ကြယ်​လိမ့်မည်။


ထို့ကြောင့် သူ​သည် စိတ်​နှစ်ခွ​ဖြစ်နေတတ်၏။ ထို​နည်းတူ အိမ်ထောင်​မရှိသော​အမျိုးသမီး၊ သို့မဟုတ် အပျိုစင်​သည် ခန္ဓာ​နှင့် စိတ်​နှစ်ခုလုံး သန့်ရှင်း​စေရန် သခင်ဘုရား​၏ အမှုတော်​ကို ဂရုစိုက်တတ်၏။ သို့သော် အိမ်ထောင်ရှိသော​အမျိုးသမီး​မှာမူ မိမိ​ခင်ပွန်း​အား မည်သို့ နှစ်သက်စေရမည်​ကို တွေးတော​လျက် လောကီ​ဆိုင်ရာ​ဝတ္တရားများ​ကို ဂရုစိုက်တတ်၏။


အပြောအဆို​အားဖြင့်​ဖြစ်စေ၊ အပြုအမူ​အားဖြင့်​ဖြစ်စေ ပြုလေသမျှတို့​တွင် သခင်​ယေရှု​၏ နာမတော်​ကို ထောက်​၍ ပြုကြလော့။ ထို​သခင်​ကို အကြောင်းပြု​၍ အဖ​ဘုရားသခင်​ကို ကျေးဇူးတင်ကြလော့။


သင်တို့ ပြုလေ​သမျှ​တို့တွင် လူတို့​အတွက် ပြု​သကဲ့သို့​မဟုတ်ဘဲ သခင်ဘုရား​အတွက် ပြု​သကဲ့သို့ စိတ်ပါလက်ပါ ပြုကြလော့။


ဟောပြောသောသူ​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အတိုင်း ဟောပြော​ရမည်။ အစေခံသောသူ​သည် ဘုရားသခင်​ပေးတော်မူသော ခွန်အား​ရှိသည့်​အတိုင်း အစေခံ​ရမည်။ ဤသည်​မှာ ပြုလေသမျှတို့​၌ ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​ဘုန်းတော်​ထင်ရှား​ရန်​ဖြစ်၏။ ဘုရားသခင်​သည် အစဉ်​ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်​တို့​နှင့် ပြည့်စုံတော်မူ၏။ အာမင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ