ငါ့ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မဟုတ်မမှန်ဘဲအမျိုးမျိုးစွပ်စွဲပြောဆိုခြင်းတို့ကို ခံရသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။
၁ ကော 4:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိတို့စားဝတ်နေရေးအတွက် မိမိတို့လက်ဖြင့် ပင်ပန်းစွာ လုပ်ကိုင်ကြ၏။ မိမိတို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြ၏။ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသောအခါ သည်းခံကြ၏။ Common Language Bible လက်ဖြင့်ပင်ပန်းကြီးစွာလုပ်ဆောင်ကြရ၏။ ငါတို့သည်ကျိန်ဆဲခြင်းကိုခံရသောအခါ ကောင်းချီးပေးကြ၏။ ညှင်းဆဲခြင်းခံရသော အခါသည်းခံကြ၏။- Garrad Bible ကိုယ့် လက် ဖြင့် ပင် ပန်း စွာ လုပ် ကိုင် ရ ကြ ၏။ ကဲ့ ရဲ့ ခံ ရာ၌ မေ တ္တာ ပို့ ခြင်း၊ ညှဉ်း ပန်း ခံ ရာ၌ တည် တံ့ ခြင်း၊ Judson Bible ကိုယ်လက်နှင့် ပင်ပန်းစွာ လုပ်ဆောင်ရသောသူ ဖြစ်ကြ၏။ ကဲ့ရဲ့ခြင်းကို ခံရသောအခါ မေတ္တာပို့ကြ၏။ ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရသောအခါ သည်းခံကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မိမိတို့လက်ဖြင့် အားထုတ်လုပ်ဆောင်လျက် နေကြရ၏။ ပုတ်ခတ်ပြောဆိုခြင်းခံရသောအခါ ကောင်းချီးပေးကြ၏။ ညှဉ်းဆဲခြင်းခံရသောအခါ သည်းခံကြ၏။ |
ငါ့ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မဟုတ်မမှန်ဘဲအမျိုးမျိုးစွပ်စွဲပြောဆိုခြင်းတို့ကို ခံရသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့၏ရန်သူကို ချစ်၍ သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောသူများအတွက် ဆုတောင်းမေတ္တာပို့လော့။
ထိုအခါ ယေရှုက “အို အဖ… သူတို့အားခွင့်လွှတ်တော်မူပါ။ ထိုသူတို့သည် မိမိတို့အဘယ်အမှုပြုနေသည်ကိုပင် မသိကြပါ” ဟု ဆိုလေ၏။ ထို့နောက် စစ်သားတို့သည် အဝတ်တော်ကို မဲနှိုက်၍ ခွဲဝေကြ၏။
သင်တို့ကို ကျိန်ဆဲသောသူတို့အတွက် ဆုတောင်းမေတ္တာပို့ကြလော့။ သင်တို့ကို နိုင်ထက်စီးနင်းပြုသောသူတို့အတွက် ဆုတောင်းပေးကြလော့။
‘ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်’ ဟု သင်တို့ကို ငါပြောခဲ့သောစကားကို သတိရကြလော့။ လောကီသားတို့သည် ငါ့ကို ညှဉ်းပန်းနှိပ်စက်လျှင် သင်တို့ကိုလည်း ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သူတို့သည် ငါ့စကားကို နားထောင်လျှင် သင်တို့၏စကားကိုလည်း နားထောင်ကြလိမ့်မည်။
လုပ်ငန်းချင်းတူသောကြောင့် သူတို့နှင့်အတူနေ၍ အလုပ်လုပ်လေ၏။ ထိုသူတို့မှာ တဲချုပ်သူများဖြစ်ကြ၏။
ကျွန်ုပ်နှင့် လုပ်ဖော်ကိုင်ဖက်များ၏လိုအပ်သောအရာများအတွက် ကျွန်ုပ်ကိုယ်တိုင် အလုပ်လုပ်၍ ထောက်ပံ့နိုင်ခဲ့သည်ကို သင်တို့သိကြ၏။
ထို့နောက် ဒူးထောက်လျက် ကျယ်သောအသံဖြင့် “သခင်ဘုရား… ဤသူတို့ ပြုသောအပြစ်များကို မှတ်တော်မမူပါနှင့်” ဟု ကြွေးကြော်၍ အသက်ဆုံးလေ၏။
သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောသူတို့ကို မေတ္တာပို့ကြလော့။ သူတို့ကို မကျိန်ဆဲဘဲ မေတ္တာပို့ကြလော့။
လက်တုံ့ပြန်မည့်အစား ဤသို့ပြုလော့။ “သင်၏ ရန်သူတို့သည် ဆာလောင်လျှင် ကျွေးလော့။ ရေငတ်လျှင် သောက်စရာပေးလော့။ ထိုသို့ပြုခြင်းအားဖြင့် သင်သည် သူတို့၏ ခေါင်းပေါ်၌ မီးခဲကို ပုံထားသကဲ့သို့ ဖြစ်လိမ့်မည်။”
မည်သည့်အရာက ကျွန်ုပ်တို့ကို ခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ကွဲကွာစေမည်နည်း။ ဆင်းရဲဒုက္ခ၊ ဘေးဆိုး၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အစာခေါင်းပါးခြင်း၊ မွဲတေခြင်း၊ ဘေးအန္တရာယ်နှင့် ဓားဘေးတို့က ကွဲကွာစေမည်လော။
ကျွန်ုပ်သည် သင်တို့ထံတွင် အမှုတော်ကို ဆောင်ရွက်ရန် လိုအပ်သောအထောက်အပံ့ကို အခြားအသင်းတော်များထံမှ ဓားပြတိုက်သကဲ့သို့ပင် ယူခဲ့၏။
ခိုးတတ်သောသူသည် နောက်ထပ် မခိုးတော့ဘဲ လိုအပ်သောသူတို့အား ပေးကမ်းဝေမျှနိုင်ရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို ကြိုးစား လုပ်ဆောင်ရမည်။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ မည်မျှပင်ပန်းစွာ လုပ်ဆောင်ကြသည်ကို သင်တို့ မှတ်မိကြ၏။ ကျွန်ုပ်တို့သည် သင်တို့ကို ဘုရားသခင်၏ သတင်းကောင်း ဟောပြောသည့်အချိန်တွင် မိမိတို့၏ ဝမ်းစာအတွက် မည်သူ့ကိုမျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါ အလုပ်လုပ်ခဲ့ကြ၏။
ကျွန်ုပ်တို့သည် အဖိုးအခမပေးဘဲ မည်သူတစ်ဦးတစ်ယောက်၏ အစားအစာကိုမျှ မစားခဲ့ကြ။ သင်တို့တစ်ဦးတစ်ယောက်ကိုမျှ ကျွန်ုပ်တို့ကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် နေ့ရောညပါ ကြိုးစား၍ အလုပ်လုပ်ခဲ့ကြ၏။
သို့ဖြစ်၍ လူအပေါင်းတို့၏ ကယ်တင်ရှင်၊ အထူးသဖြင့် ယုံကြည်သူတို့၏ ကယ်တင်ရှင် ဖြစ်တော်မူပြီး အသက်ရှင်တော်မူသောဘုရားသခင်ကို ကိုးစားမျှော်လင့်သည်ဖြစ်၍ ကျွန်ုပ်တို့သည် အားထုတ်လုပ်ဆောင်၍ ကြိုးစားကြ၏။
ပုတ်ခတ်ပြောဆိုခံရသောအခါ ပြန်၍မတုံ့ပြန်။ ဆင်းရဲဒုက္ခကိုခံရသောအခါ လက်စားချေမည်ဟု ခြိမ်းခြောက်တော်မမူဘဲ ဖြောင့်မတ်စွာ စီရင်တော်မူသော ဘုရားသခင်ထံ မိမိအမှုကို အပ်နှံတော်မူ၏။
ဖြောင့်မတ်စွာ ပြုမူခြင်းအတွက် ဆင်းရဲဒုက္ခခံစားရလျှင်ပင် သင်တို့သည် မင်္ဂလာရှိကြ၏။ လူတို့၏ ခြိမ်းခြောက်မှုကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။
အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကို ကဲ့ရဲ့ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီးကိုသာ ပေးကြလော့။ သင်တို့သည် ဤသို့ပြုရန် ရွေးကောက်တော်မူခြင်းခံရ၏။ သို့ပြုလျှင် သင်တို့သည် ကောင်းချီးမင်္ဂလာကို ခံစားရလိမ့်မည်။
ထို့ကြောင့် ဘုရားသခင်၏ အလိုတော်အရ ဆင်းရဲဒုက္ခခံရသောသူတို့သည် မိမိတို့၏ စိတ်ဝိညာဉ်ကို သစ္စာရှိသောဖန်ဆင်းရှင်ထံ အပ်နှံပြီး ကောင်းမှုကို ဆက်၍ပြုသင့်၏။
သို့ရာတွင် ကောင်းကင်တမန်မင်းမိက္ခေလပင်လျှင် မောရှေ၏ကိုယ်ခန္ဓာနှင့်ပတ်သက်၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ ပြစ်တင်စော်ကားစကားမဆိုဝံ့ဘဲ “ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေ” ဟူ၍သာ ဆိုခဲ့၏။