Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 6:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 သင်တို့​ကို ကျိန်ဆဲသော​သူတို့​အတွက် ဆုတောင်းမေတ္တာ​ပို့ကြလော့။ သင်တို့​ကို နိုင်ထက်စီးနင်း​ပြုသော​သူတို့​အတွက် ဆုတောင်းပေးကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ကျိန်​ဆဲ​သူ​အား​မေတ္တာ​ပို့​ကြ​လော့။ စော်​ကား သူ​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ရန် ညှိုး ဖွဲ့ သူ တို့ အ ဖို့ မေ တ္တာ ပို့ ခြင်း များ ကို ပြု ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​သော​သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 သင်​တို့​ကို​ကျိန်ဆဲ​သော​သူ​တို့​အား ကောင်းချီး​ပေး​ကြ​လော့။ သင်​တို့​ကို​ကဲ့ရဲ့​ရှုတ်ချ​သော​သူ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

28 သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​သော​သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 6:28
13 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​၏​ရန်သူ​ကို ချစ်​၍ သင်တို့​ကို ညှဉ်းပန်းနှိပ်စက်သော​သူများ​အတွက် ဆုတောင်းမေတ္တာ​ပို့လော့။


ထိုအခါ ယေရှု​က “အို အဖ… သူတို့​အား​ခွင့်လွှတ်တော်မူပါ။ ထို​သူတို့​သည် မိမိတို့​အဘယ်​အမှု​ပြုနေသည်​ကို​ပင် မသိကြပါ” ဟု ဆိုလေ၏။ ထို့နောက် စစ်သားတို့​သည် အဝတ်တော်​ကို မဲနှိုက်​၍ ခွဲဝေကြ၏။


သို့သော် ယခု​နားထောင်​နေကြသော သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​၏​ရန်သူများ​ကို ချစ်လော့။ သင်တို့​ကို မုန်းသော​သူတို့​အား ကောင်းမွန်​စွာ​ဆက်ဆံကြလော့။


သို့သော် သင်တို့​သည် ရန်သူများ​ကို ချစ်လော့။ သူတို့​အား​ကောင်းကျိုးပြုလော့။ တစ်စုံတစ်ရာ​ကို ပြန်လည်​ရရှိမည်​ဟု မမျှော်လင့်ဘဲ ချေးငှားလော့။ ထိုသို့​ပြု​လျှင် ကောင်းကင်ဘုံ​မှ ရရှိမည့် သင်တို့​၏​ဆုလာဘ်​သည် ကြီးမား​၍ သင်တို့​သည်လည်း အမြင့်မြတ်ဆုံးသော ဘုရားသခင်​၏​သားသမီးများ ဖြစ်ကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကျေးဇူးကန်းသော​သူများ​နှင့် ဆိုးသွမ်းသော​သူများ​ကို သနားကြင်နာတော်မူ​သောကြောင့်​ဖြစ်၏။


လူမျိုးခြား​တချို့​နှင့် ဂျူးတို့​သည် သူတို့​၏​အာဏာပိုင်များ​နှင့်အတူ တမန်တော်တို့​ကို နှိပ်စက်​၍ ကျောက်ခဲ​နှင့်​ပေါက်​ရန် ကြံစည်​အားထုတ်ကြ၏။


ထို့နောက် ဒူးထောက်​လျက် ကျယ်သော​အသံ​ဖြင့် “သခင်ဘုရား… ဤ​သူတို့ ပြုသော​အပြစ်များ​ကို မှတ်တော်မမူပါနှင့်” ဟု ကြွေးကြော်​၍ အသက်ဆုံးလေ၏။


သင်တို့​ကို ညှဉ်းပန်းနှိပ်စက်သော​သူတို့​ကို မေတ္တာပို့ကြလော့။ သူတို့​ကို မကျိန်ဆဲဘဲ မေတ္တာပို့ကြလော့။


မိမိတို့​စားဝတ်နေရေး​အတွက် မိမိတို့​လက်​ဖြင့် ပင်ပန်း​စွာ လုပ်ကိုင်ကြ၏။ မိမိတို့​ကို ကျိန်ဆဲသော​သူတို့​အား မေတ္တာပို့ကြ၏။ ညှဉ်းပန်းနှိပ်စက်ခြင်း​ကို ခံရ​သောအခါ သည်းခံကြ၏။


နှုတ်​တစ်ခုတည်း​မှ ချီးမွမ်းခြင်း​နှင့် ကျိန်ဆဲခြင်းတို့ ထွက်လာ၏။ ညီအစ်ကို​မောင်နှမတို့… ဤသို့ မဖြစ်သင့်ပေ။


အဆိုး​ကို အဆိုး​ဖြင့်​လည်းကောင်း၊ ကဲ့ရဲ့ခြင်း​ကို ကဲ့ရဲ့ခြင်း​ဖြင့်​လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီး​ကို​သာ ပေးကြလော့။ သင်တို့​သည် ဤသို့​ပြု​ရန် ရွေးကောက်တော်မူခြင်း​ခံရ၏။ သို့ပြုလျှင် သင်တို့​သည် ကောင်းချီး​မင်္ဂလာ​ကို ခံစားရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ