Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 12:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 သင်တို့​ကို ညှဉ်းပန်းနှိပ်စက်သော​သူတို့​ကို မေတ္တာပို့ကြလော့။ သူတို့​ကို မကျိန်ဆဲဘဲ မေတ္တာပို့ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သင်​တို့​အား​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​ကို​ကောင်း ချီး​ပေး​ကြ​လော့။ သူ​တို့​ကို​မ​ကျိန်​မ​ဆဲ ဘဲ​ကောင်း​ချီး​ပေး​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 သင် တို့ ကို ညှဉ်း ပန်း သော သူ တို့ အား၊ မ ကျိန် ဆဲ ဘဲ မေ တ္တာ ပို့၍ ကောင်း ကြီး ပေး ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သင်​တို့​ကို ညှဉ်း​ဆဲ​သော​သူ​တို့​အ​ဖို့ မေ​တ္တာ​ပို့​ကြ​လော့။ ကျိန်​ဆဲ​ခြင်း​ကို​မ​ပြု၊ မေ​တ္တာ​ပို့​ခြင်း​ကို​သာ ပြု​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သင်​တို့​အား​ညှဉ်းဆဲ​သော​သူ​တို့​ကို ကောင်းချီး​ပေး​ကြ​လော့။ ကောင်းချီး​ကို​သာ​ပေး​၍ ကျိန်ဆဲ​ခြင်း​ကို​မ​ပြု​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 12:14
11 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​၏​ရန်သူ​ကို ချစ်​၍ သင်တို့​ကို ညှဉ်းပန်းနှိပ်စက်သော​သူများ​အတွက် ဆုတောင်းမေတ္တာ​ပို့လော့။


ထိုအခါ ယေရှု​က “အို အဖ… သူတို့​အား​ခွင့်လွှတ်တော်မူပါ။ ထို​သူတို့​သည် မိမိတို့​အဘယ်​အမှု​ပြုနေသည်​ကို​ပင် မသိကြပါ” ဟု ဆိုလေ၏။ ထို့နောက် စစ်သားတို့​သည် အဝတ်တော်​ကို မဲနှိုက်​၍ ခွဲဝေကြ၏။


သင်တို့​ကို ကျိန်ဆဲသော​သူတို့​အတွက် ဆုတောင်းမေတ္တာ​ပို့ကြလော့။ သင်တို့​ကို နိုင်ထက်စီးနင်း​ပြုသော​သူတို့​အတွက် ဆုတောင်းပေးကြလော့။


ထို့နောက် ဒူးထောက်​လျက် ကျယ်သော​အသံ​ဖြင့် “သခင်ဘုရား… ဤ​သူတို့ ပြုသော​အပြစ်များ​ကို မှတ်တော်မမူပါနှင့်” ဟု ကြွေးကြော်​၍ အသက်ဆုံးလေ၏။


မကောင်းမှု​၏ အနိုင်ယူခြင်း​ကို မခံနှင့်။ ကောင်းမှု​ပြုခြင်း​ဖြင့် မကောင်းမှု​ကို အနိုင်ယူလော့။


အဆိုး​ကို အဆိုး​ဖြင့် မတုံ့ပြန်ကြနှင့်။ အချင်းချင်း​အတွက်​ဖြစ်စေ၊ လူ​တိုင်း​အတွက်​ဖြစ်စေ အကျိုး​ရှိသော​အရာများ​ကို အမြဲ​ကြိုးစား​လုပ်ဆောင်ကြလော့။


နှုတ်​တစ်ခုတည်း​မှ ချီးမွမ်းခြင်း​နှင့် ကျိန်ဆဲခြင်းတို့ ထွက်လာ၏။ ညီအစ်ကို​မောင်နှမတို့… ဤသို့ မဖြစ်သင့်ပေ။


အဆိုး​ကို အဆိုး​ဖြင့်​လည်းကောင်း၊ ကဲ့ရဲ့ခြင်း​ကို ကဲ့ရဲ့ခြင်း​ဖြင့်​လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီး​ကို​သာ ပေးကြလော့။ သင်တို့​သည် ဤသို့​ပြု​ရန် ရွေးကောက်တော်မူခြင်း​ခံရ၏။ သို့ပြုလျှင် သင်တို့​သည် ကောင်းချီး​မင်္ဂလာ​ကို ခံစားရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ