Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဖက် 4:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 ခိုးတတ်သောသူ​သည် နောက်ထပ် မခိုးတော့ဘဲ လိုအပ်သော​သူတို့​အား ပေးကမ်း​ဝေမျှ​နိုင်ရန် မိမိ​လက်​ဖြင့် ကောင်းသော​အလုပ်​ကို ကြိုးစား လုပ်ဆောင်​ရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ခိုး​ဝှက်​ဖူး​သူ​သည်​နောက်​တစ်​ဖန်​မ​ခိုး​ဝှက်​တော့​ဘဲ ချို့​တဲ့​သူ​များ​အား​ဝေ​မျှ​ပေး​ကမ်း​နိုင်​ရန် မိ​မိ လက်​ဖြင့်​အ​လုပ်​ကို​ရိုး​ဖြောင့်​စွာ​ကြိုး​စား​လုပ် ကိုင်​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ခိုး ဖူး သူ သည် ထပ် မံ မ ခိုး ဘဲ ဆင်း ရဲ သူ့ အား ပေး ကမ်း နိုင် ရန် ကောင်း သော အ လုပ် ကို ကိုယ့် လက် ဖြင့် ကြိုး စား လုပ် ကိုင် စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ခိုး​တတ်​သော​သူ​သည် နောက်​တစ်​ဖန် မ​ခိုး​ဘဲ၊ ဆင်း​ရဲ​သော​သူ​အား ပေး​ကမ်း​ဝေ​ငှ​ရန် ရှိ​စေ​ခြင်း​ငှာ၊ မိ​မိ​လက်​နှင့် ကောင်း​သော​အ​လုပ်​ကို လုပ်​ဆောင်​အား​ထုတ်​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ခိုး​တတ်​သော​သူ​သည် နောက်ထပ် မ​ခိုး​ဘဲ လိုအပ်​သော​သူ​အား ဝေမျှ​စရာ​ရှိ​စေရန် မိမိ​လက်​ဖြင့် ကောင်း​သော​အလုပ်​ကို အားထုတ်​လုပ်ဆောင်​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဖက် 4:28
33 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ဇက္ခဲ​သည် ရပ်​၍ သခင်ဘုရား​အား “သခင်… အကျွန်ုပ်​၏​စည်းစိမ်ဥစ္စာ​တစ်ဝက်​ကို ဆင်းရဲသားများ​အား ပေးပါမည်။ အကယ်၍ တစ်စုံတစ်ဦး​ထံမှ မတရား​ကောက်ခံထားသော​ငွေ​ရှိ​ပါက လေးဆ​ပြန်လျော်ပါမည်” ဟု လျှောက်လေ၏။


အပြစ်​မှ နောင်တရ​၍ ဘုရားသခင်​ထံတော်သို့ ပြန်လာကြောင်း​ကို သင်တို့​အကျင့်​အားဖြင့် သက်သေထူကြလော့။ ‘ငါတို့​သည် အာဗြဟံ​၏​မျိုးဆက်များ ဖြစ်ကြ​သောကြောင့် ဘုရားသခင်​သည် ငါတို့​ကို အပြစ်​စီရင်တော်မူမည်​မဟုတ်’ ဟူ၍ မိမိကိုယ်ကိုယ်​မထင်ကြနှင့်။ သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဘုရားသခင်​သည် အာဗြဟံ​အတွက် သားသမီးများ​ကို ဤ​ကျောက်ခဲများ​မှပင် ဖန်းဆင်းတော်မူနိုင်၏။


ဤသို့​ပြောဆိုရာ​တွင် သူ​သည် ဆင်းရဲသားများ​ကို စာနာထောက်ထား​၍ ပြောဆိုခြင်း​မဟုတ်ဘဲ ခိုးဝှက်တတ်သူ​တစ်ဦး​ဖြစ်သောကြောင့် ပြောဆိုခြင်း​သာ ဖြစ်၏။ သူ​သည် တပည့်တော်တို့​၏ ငွေ​ကို စီမံရသူ​ဖြစ်​၍ ငွေအိတ်​ထဲမှ ငွေ​တချို့​ကို နှိုက်ယူ​သုံးစွဲတတ်၏။


ယုဒ​သည် ငွေ​ကို စီမံရသူ​ဖြစ်သောကြောင့် ပွဲတော်​အတွက် လိုအပ်သော​အရာများ​ကို ဝယ်ယူ​ရန် သို့မဟုတ် ဆင်းရဲသားများ​ကို ငွေ​လှူဒါန်း​ရန် ယေရှု​စေခိုင်းတော်မူသည်​ဟူ၍ တပည့်တော်​တချို့​က ထင်မှတ်ကြ၏။


ယုံကြည်သူများ အကူအညီ လိုအပ်​သောအခါ ကူညီ​ရန် အသင့်ရှိကြလော့။ ဧည့်ဝတ်​ကို ကျေပွန်​စွာ ပြုကြလော့။


မိမိတို့​စားဝတ်နေရေး​အတွက် မိမိတို့​လက်​ဖြင့် ပင်ပန်း​စွာ လုပ်ကိုင်ကြ၏။ မိမိတို့​ကို ကျိန်ဆဲသော​သူတို့​အား မေတ္တာပို့ကြ၏။ ညှဉ်းပန်းနှိပ်စက်ခြင်း​ကို ခံရ​သောအခါ သည်းခံကြ၏။


သင်တို့​လှူဒါန်း​ရန် စေတနာစိတ်​ရှိလျှင် ဘုရားသခင်​သည် သင်တို့​၌ မရှိသော​အရာ​ကို မထောက်ဘဲ ရှိသော​အရာ​ကို ထောက်​၍ သင်တို့​၏ လှူဒါန်းခြင်း​ကို လက်ခံတော်မူ​လိမ့်မည်။


သူတို့​သည် ဆင်းရဲဒုက္ခများ​ကို အလူးအလဲ ခံခဲ့ကြရ၏။ သို့ရာတွင် သူတို့​သည် အလွန်​ပျော်ရွှင်ခဲ့ကြ​သဖြင့် အလွန်​ဆင်းရဲ​သော်လည်း ရက်ရောစွာ လှူဒါန်းကြ၏။


ထို့ကြောင့် ကျွန်ုပ်တို့​သည် အခွင့်သာ​တိုင်း လူအပေါင်းတို့​အပေါ်၊ အထူး​သဖြင့် ယုံကြည်သူ​မိသားစုတို့​အပေါ် ကောင်းမှု​ပြုကြစို့။


ထို​သူတို့​ကို ကောင်းမှုပြု​ရန်၊ ကောင်းသော​အကျင့်များ​ကြွယ်ဝ​ရန်၊ မျှဝေလိုစိတ်​ရှိ​၍ ရက်ရော​စွာ ပေး​ရန် ညွှန်ကြားလော့။


ကျွန်ုပ်တို့​၏​လူတို့​သည် ကောင်းမှုပြု​ရန် လေ့လာ​သင်ယူကြ​ရမည်။ သို့မှသာ သူတို့​သည် အကျိုး​ရှိရှိ အသက်ရှင်​နေထိုင်​နိုင်ပြီး အခြားသူများ အရေးပေါ်​လိုအပ်ချက်​ရှိသော​အချိန်​၌ ကူညီပေး​နိုင်ကြမည်။


ဤ​စကား​သည် စိတ်ချ​ယုံကြည်ရသော စကား​ဖြစ်၏။ သင်တို့​သည် ထို​အရာများ​ကို အထူး​ဂရုစိုက်​၍ တိုက်တွန်းကြ​ရန် ကျွန်ုပ်​အလို​ရှိ၏။ ဤ​နည်း​ဖြင့် ဘုရားသခင်​ကို ယုံကြည်သောသူတို့​သည် ကောင်းမှုပြု​ရန် ကြိုးစား​နိုင်မည်။ အထက်ပါ​အရာတို့​သည် ကောင်းမွန်​၍ လူတိုင်း​အတွက် အကျိုးပြုသော​အရာများ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ