၂ ကော 11:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း8 ကျွန်ုပ်သည် သင်တို့ထံတွင် အမှုတော်ကို ဆောင်ရွက်ရန် လိုအပ်သောအထောက်အပံ့ကို အခြားအသင်းတော်များထံမှ ဓားပြတိုက်သကဲ့သို့ပင် ယူခဲ့၏။ အခန်းကိုကြည့်ပါ။Common Language Bible8 ငါသည်သင်တို့ထံတွင်အမှုတော်ဆောင်စဉ်ကုန် ကျသည့်စရိတ်များကိုအခြားအသင်းတော် များအားကျခံစေခဲ့၏။ ငါတို့သည်သင်တို့ကို ကူညီမစနိုင်ရန်ထိုအသင်းတော်များကို ဋ္ဌားပြတိုက်ရသကဲ့သို့ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible8 ငါ သည် သင် တို့ ထံ အ မှု တော် ဆောင် ရ အံ့ သော ငှာ အ နု ကြမ်း သ ဖွယ် အ ခြား အ သင်း တော် တို့ မှ စ ရိတ် ခံ ယူ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible8 သင်တို့အမှုကို ဆောင်ရွက်မည်အကြောင်း၊ အခြားသောအသင်းတော်များ ပေးသောစရိတ်ကို ငါခံ၍၊ သူတို့ကို လုယူရာသို့ ရောက်လေပြီတကား။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ငါသည် သင်တို့အမှုကိုဆောင်ရွက်ရန် အခြားသောအသင်းတော်များထံမှ စရိတ်တောင်းယူခြင်းအားဖြင့် သူတို့ကိုလုယူခဲ့၏။ အခန်းကိုကြည့်ပါ။ |
မာကေဒေါနိပြည်မှ လာသော ညီအစ်ကိုတို့သည် ကျွန်ုပ်လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးကြ၏။ ထို့ကြောင့် ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်၌ တစ်စုံတစ်ရာလိုအပ်လျှင် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေခဲ့ပေ။ ကျွန်ုပ်သည် သင်တို့အတွက် မည်သို့မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မိမိကိုယ်ကိုယ် သတိနှင့် နေခဲ့၏။ နောင်တွင်လည်း သတိနှင့် နေဦးမည်။