Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 4:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ထို့ကြောင့် ဘုရားသခင်​၏ အလိုတော်​အရ ဆင်းရဲဒုက္ခ​ခံရသော​သူတို့​သည် မိမိတို့​၏ စိတ်ဝိညာဉ်​ကို သစ္စာရှိသော​ဖန်ဆင်းရှင်​ထံ အပ်နှံ​ပြီး ကောင်းမှု​ကို ဆက်​၍​ပြုသင့်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့် အ​ညီ​ဆင်း​ရဲ​ခံ​ရ​ကြ​သူ​တို့​သည်​အ​ကျင့် ကောင်း​ကို​ပြု​လျက် မိ​မိ​တို့​အား​ဖန်​ဆင်း​တော် မူ​၍​သစ္စာ​တည်​တော်​မူ​သော​အ​ရှင်​၏​လက် တော်​သို့​မိ​မိ​တို့​ကိုယ်​ကို​အပ်​နှံ​ကြ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 သို့ ဖြစ်၍ ဘု ရား သ ခင့် အ လို တော် အ တိုင်း ဒု က္ခ ခံ ရ သူ တို့ သည် သ စ္စာ တည် တော် မူ သော ဖန် ဆင်း ရှင့် ထံ ကိုယ့် နာမ် သက် ကို အ ကောင်း ပြု လျက် အပ် နှင်း ကြ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​လို​တော်​အ​တိုင်း ဆင်း​ရဲ​ခံ​ရ​သော​သူ​တို့​သည်၊ ဘု​ရား​သ​ခင်​ကို သ​စ္စာ​ရှိ​သော အ​သက်​သ​ခင်​ကဲ့​သို့ မှတ်​လျက်၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​နေ၍၊ ကိုယ်​တော်၌ မိ​မိ​တို့ အ​သက်​ဝိ​ညာဉ်​ကို အပ်​နှံ​ကြ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ထို့ကြောင့် ဘုရားသခင်​၏​အလို​တော်​အရ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သော​သူ​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​ရာ​၌ မိမိ​တို့​၏​စိတ်ဝိညာဉ်​ကို သစ္စာ​နှင့်​ပြည့်စုံ​သော​ဖန်ဆင်းရှင်​ထံသို့ အပ်နှံ​ထား​ကြ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 4:19
27 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​သည် ကျယ်လောင်သော​အသံ​ဖြင့် “အို အဖ… အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို အဖ​၏​လက်တော်​သို့ အပ်ပါ၏” ဟု ဆို​လျက် အသက်​ချုပ်တော်မူ၏။


ထို​သူတို့​သည် ကျောက်ခဲ​ဖြင့် ပေါက်နေကြ​စဉ် သတေဖန်​က “သခင်​ယေရှု… အကျွန်ုပ်​၏​ဝိညာဉ်​ကို လက်ခံတော်မူပါ” ဟု ဆုတောင်းလေ၏။


ကောင်းမှု​ကို အစဉ်တစိုက်​ပြု​၍ ဘုန်းအသရေ၊ ဂုဏ်အသရေ​နှင့် မပျက်စီး​မယိုယွင်းသော​ဘဝ​ကို ရှာသော​သူတို့​အား ထာဝရ​အသက်​ကို ပေးတော်မူ​လိမ့်မည်။


ထို​အကြောင်း​ကြောင့် ဤ​ဆင်းရဲဒုက္ခ​ကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်​မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် မိမိ​ယုံကြည်သော​အရှင်​ကို သိ​ပြီး ကိုယ်တော်​ထံ၌ မိမိ​အပ်ထားသော​အရာ​ကိုလည်း ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်းတော်မူမည်​ဟု စိတ်ချ​သောကြောင့်​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ကောင်းမှု​ပြုခြင်း​ဖြင့် မိုက်မဲသော​သူတို့​၏ အသိဉာဏ်​မဲ့သော​စကား​ကို တိတ်ဆိတ်​စေရန် ဘုရားသခင်​အလိုရှိတော်မူ​သောကြောင့်​ဖြစ်၏။


ကောင်းမှု​ပြုခြင်း​အတွက် ဆင်းရဲဒုက္ခ​ခံစားရခြင်း​သည် ဘုရားသခင်​၏​အလိုတော်​ဖြစ်​ပါက ၎င်း​သည် မကောင်းမှု​ပြု​၍ ဆင်းရဲဒုက္ခ​ခံစားရခြင်း​ထက် ပို၍​ကောင်း၏။


ထို​ဝိညာဉ်များ​မှာ နောဧ​သည် သင်္ဘော​ဆောက်​စဉ် ဘုရားသခင် စိတ်ရှည်​စွာ စောင့်ဆိုင်းတော်မူ​သော်လည်း နောင်တ​မရသည့် မယုံကြည်သော​သူများ​ဖြစ်ကြ၏။ ထို​အချိန်​တွင် သင်္ဘော​ထဲမှ အနည်းငယ်​ဖြစ်သော လူ​ရှစ်ဦး​သာ ရေ​လွှမ်းမိုးခြင်း​မှ ကယ်တင်ခံခဲ့ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ