၁ ပေ 4:19 - မြန်မာ့စံမီသမ္မာကျမ်း19 ထို့ကြောင့် ဘုရားသခင်၏အလိုတော်အရ ဒုက္ခဝေဒနာခံစားရသောသူတို့သည် ကောင်းသောအမှုကိုပြုရာ၌ မိမိတို့၏စိတ်ဝိညာဉ်ကို သစ္စာနှင့်ပြည့်စုံသောဖန်ဆင်းရှင်ထံသို့ အပ်နှံထားကြစေ။ အခန်းကိုကြည့်ပါ။Common Language Bible19 သို့ဖြစ်၍ဘုရားသခင်၏အလိုတော်နှင့် အညီဆင်းရဲခံရကြသူတို့သည်အကျင့် ကောင်းကိုပြုလျက် မိမိတို့အားဖန်ဆင်းတော် မူ၍သစ္စာတည်တော်မူသောအရှင်၏လက် တော်သို့မိမိတို့ကိုယ်ကိုအပ်နှံကြစေ။ အခန်းကိုကြည့်ပါ။Garrad Bible19 သို့ ဖြစ်၍ ဘု ရား သ ခင့် အ လို တော် အ တိုင်း ဒု က္ခ ခံ ရ သူ တို့ သည် သ စ္စာ တည် တော် မူ သော ဖန် ဆင်း ရှင့် ထံ ကိုယ့် နာမ် သက် ကို အ ကောင်း ပြု လျက် အပ် နှင်း ကြ စေ။ အခန်းကိုကြည့်ပါ။Judson Bible19 ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်အတိုင်း ဆင်းရဲခံရသောသူတို့သည်၊ ဘုရားသခင်ကို သစ္စာရှိသော အသက်သခင်ကဲ့သို့ မှတ်လျက်၊ ကောင်းသောအကျင့်ကို ကျင့်နေ၍၊ ကိုယ်တော်၌ မိမိတို့ အသက်ဝိညာဉ်ကို အပ်နှံကြစေ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း19 ထို့ကြောင့် ဘုရားသခင်၏ အလိုတော်အရ ဆင်းရဲဒုက္ခခံရသောသူတို့သည် မိမိတို့၏ စိတ်ဝိညာဉ်ကို သစ္စာရှိသောဖန်ဆင်းရှင်ထံ အပ်နှံပြီး ကောင်းမှုကို ဆက်၍ပြုသင့်၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့တို့၏နှုတ်ကိုပိတ်ထားသဖြင့် ခြင်္သေ့တို့သည် အကျွန်ုပ်ကို အန္တရာယ်မပြုပါ။ အကျွန်ုပ်သည် ဘုရားသခင်ရှေ့တော်၌ အပြစ်ကင်းကြောင်း ထင်ရှားပါ၏။ အရှင်မင်းကြီးရှေ့တွင်လည်း မည်သည့်ပြစ်မှုမျှ မကျူးလွန်ခဲ့ပါ”ဟု ပြန်လျှောက်လေ၏။
“ရှုရှန်မြို့တွင် ရှိသမျှသောဂျူးလူမျိုးတို့ကို သွား၍စုစည်းပြီး နေ့ရောညပါ သုံးရက်ပတ်လုံး မစားမသောက်ဘဲ အကျွန်ုပ်အတွက် အစာရှောင်ဆုတောင်းကြပါ။ အကျွန်ုပ်နှင့် အစေခံမိန်းကလေးများသည်လည်း ထိုနည်းတူ အစာရှောင်ဆုတောင်းကြပါမည်။ ထို့နောက် ဥပဒေနှင့်ဆန့်ကျင်သော်လည်း ရှင်ဘုရင်ထံအခစားဝင်မည်။ သေရမည်ဆိုလျှင်လည်း အသေခံပါမည်”ဟု ပြန်ပြောလိုက်၏။