ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသာသူအား သင်တို့ မပြုစုသမျှသည် ငါ့အား မပြုစုကြခြင်းပင် ဖြစ်သည်’ ဟု မိန့်တော်မူလိမ့်မည်။
၁ ကော 13:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် လူဘာသာစကားများနှင့် ကောင်းကင်တမန်ဘာသာစကားများကို ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် ဆူညံသောမောင်း သို့မဟုတ် မြည်ဟည်းနေသောလင်းကွင်းကဲ့သို့သာ ဖြစ်၏။ Common Language Bible ငါသည်လူဘာသာစကားများနှင့်ကောင်းကင် တမန်ဘာသာစကားများကိုပြောနိုင်သော် လည်း မေတ္တာမရှိလျှင်ပဲ့တင်ခတ်သည့်မောင်း ကဲ့သို့လည်းကောင်း၊ အသံမြည်သည့်လင်း ကွင်းကဲ့သို့လည်းကောင်းဖြစ်၏။- Garrad Bible လွန် ကဲ သော နည်း လမ်း ကို ငါ ပြ ဦး မည် မှာ ငါ သည် လူ တို့ နှင့် စေ တ မန် တော် တို့ ဘာ သာ စ ကား ထူး ပြော ဆို သော် လည်း၊ မေ တ္တာ မ ရှိ လျှင် ပဲ့ တင် ခတ် သော ကြေး စည်၊ အ သံ မြည် သော လင်း ကွင်း မျှ ဖြစ် လေ ပြီ။ Judson Bible ငါသည် လူဘာသာစကားကိုလည်းကောင်း၊ ကောင်းကင်တမန် ဘာသာစကားကိုလည်းကောင်း ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့လည်းကောင်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့လည်းကောင်း ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် လူ့ဘာသာစကားနှင့် ကောင်းကင်တမန်၏ဘာသာစကားတို့ကို ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် မြည်ဟည်းသောကြေးမောင်း၊ သို့မဟုတ် စူးရှစွာမြည်သော လင်းကွင်းကဲ့သို့ဖြစ်၏။ |
ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသာသူအား သင်တို့ မပြုစုသမျှသည် ငါ့အား မပြုစုကြခြင်းပင် ဖြစ်သည်’ ဟု မိန့်တော်မူလိမ့်မည်။
ယုံကြည်သောသူတို့သည် နိမိတ်လက္ခဏာများကို ပြသကြလိမ့်မည်။ သူတို့သည် ငါ၏အမည်နာမကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်ကြလိမ့်မည်။ အသစ်သောဘာသာစကားများကို ပြောကြလိမ့်မည်။
အခြားယုံကြည်သောသူတစ်ယောက်သည် သင်စားသောအစာကြောင့် စိတ်အနှောင့်အယှက်ဖြစ်လျှင် သင်သည် မေတ္တာတရားဖြင့် အသက်ရှင်နေထိုင်ရာ မကျတော့ပေ။ ထိုသူအတွက် ခရစ်တော်အသေခံပေးတော်မူခဲ့သည်ဖြစ်ရာ သင်စားသောအစားအစာကြောင့် သူ့ကို မပျက်စီးစေနှင့်။
ဝိညာဉ်တော်သည် လူတစ်ယောက်အား အံ့ဖွယ်တန်ခိုးပြနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ပရောဖက်ပြုဟောပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား သန့်ရှင်းသောဝိညာဉ်တော်ထံမှလာသောအရာနှင့် အခြားဝိညာဉ်ထံမှ လာသောအရာတို့ကို ပိုင်းခြားနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ဘာသာစကားအမျိုးမျိုး ပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ထိုဘာသာစကားများ၏ အနက်ကို ပြန်နိုင်စွမ်းကိုလည်းကောင်း ပေးတော်မူ၏။
နားကလည်း “ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းမဟုတ်ပါ” ဟု ဆိုပါက ထိုသို့ ဆိုသောကြောင့် ကိုယ်ခန္ဓာနှင့် မဆိုင်တော့သည်မဟုတ်ပေ။
ဝိညာဉ်တော်သည် လူတစ်ယောက်အား ဉာဏ်ပညာစကားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်တစ်ပါးတည်းကပင် အခြားသူတစ်ယောက်အား အသိပညာစကားကို ပေးတော်မူ၏။
မေတ္တာသည် ခန်းခြောက်သွားခြင်းမရှိ။ ပရောဖက်ပြုဟောပြောခြင်းမှာမူ ပပျောက်သွားလိမ့်မည်။ အခြားဘာသာစကားကို ပြောခြင်းသည်လည်း ရပ်တန့်သွားလိမ့်မည်။ အသိပညာသည်လည်း ကွယ်ပျောက်သွားလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် အခြားဘာသာစကားကို ပြောဆိုသူသည် လူတို့အား ပြောဆိုသည်မဟုတ်။ ဘုရားသခင်အား ပြောဆိုခြင်းဖြစ်၏။ ထိုသူပြောသောစကားကို မည်သူမျှ နားမလည်ပေ။ သူသည် ဝိညာဉ်တော်၏တန်ခိုးအားဖြင့် လျှို့ဝှက်နက်နဲသောအရာတို့ကို ပြောဆိုနေခြင်းဖြစ်၏။
အခြားဘာသာစကားကို ပြောသောသူသည် မိမိကိုယ်ကိုယ် တည်ဆောက်၏။ ပရောဖက်ပြုဟောပြောသောသူကမူ အသင်းတော်တစ်ခုလုံးကို တည်ဆောက်ပေး၏။
ကျွန်ုပ်သည် သင်တို့ရှိသမျှအား အခြားဘာသာစကားကို ပြောတတ်စေလို၏။ သို့သော် ပရောဖက်ပြုဟောပြောခြင်းကို ပို၍ တတ်စေလို၏။ အဘယ်ကြောင့်ဆိုသော် အခြားဘာသာစကားကို ပြောဆိုရာတွင် အသင်းတော်အတွက် တည်ဆောက်စရာဖြစ်စေရန် အနက်ကို ပြန်နိုင်ရမည်ဖြစ်၏။ အနက်မပြန်နိုင်လျှင် အခြားဘာသာစကားကို ပြောဆိုခြင်းထက် ပရောဖက်ပြုဟောပြောခြင်းသည် ပို၍ မြတ်၏။
ရုပ်တုများအား ပူဇော်သည့်အစားအစာနှင့်ပတ်သက်၍ “ကျွန်ုပ်တို့အားလုံး၌ အသိပညာရှိသည်” ဟူ၍ကျွန်ုပ်တို့သိထားကြ၏။ သို့သော် အသိပညာသည် လူကို မာနထောင်လွှားစေတတ်၏။ ချစ်ခြင်းမေတ္တာမှာမူ တည်ဆောက်ပေးတတ်၏။
သို့သော် ဝိညာဉ်တော်က ဖြစ်စေသော အသီးအပွင့်မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်မှာ ဖြူစင်သောနှလုံးသား၊ စစ်မှန်သောယုံကြည်ခြင်း၊ လိပ်ပြာသန့်သောစိတ်တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်းမေတ္တာနှင့် အချင်းချင်းချစ်ကြရန် ဖြစ်၏။
အရေးကြီးဆုံးအရာမှာ အချင်းချင်းနှစ်နှစ်ကာကာ ချစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာသည် အပြစ်များစွာကို ဖုံးအုပ်တတ်သောကြောင့်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အကျိုးမဲ့ ချဲ့ကားကြွားဝါပြောဆိုလျက် မှားယွင်းစွာ ပြုမူနေထိုင်ကြသူတို့ထဲမှ လွတ်မြောက်ခါစဖြစ်သော သူများကို လူ့ဗီဇစိတ်၏တပ်မက်မှုများနှင် ကိလေသာလွန်ကြူးခြင်းတို့ဖြင့် ဆွဲဆောင်ကြသောကြောင့်ဖြစ်၏။
ထို့နောက် ဟုန်းဟုန်းမြည်သောရေစီးသံကဲ့သို့လည်းကောင်း၊ ကျယ်လောင်သော မိုးခြိမ်းသံကဲ့သို့လည်းကောင်း ကောင်းကင်ဘုံမှ အသံကို ကျွန်ုပ်ကြားရ၏။ ကျွန်ုပ်ကြားရသောအသံမှာ စောင်းသမားများစောင်းတီးနေသောအသံကဲ့သို့ ဖြစ်၏။