၁ ကော 12:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း16 နားကလည်း “ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းမဟုတ်ပါ” ဟု ဆိုပါက ထိုသို့ ဆိုသောကြောင့် ကိုယ်ခန္ဓာနှင့် မဆိုင်တော့သည်မဟုတ်ပေ။ အခန်းကိုကြည့်ပါ။Common Language Bible16 နားက``ငါသည်မျက်စိမဟုတ်သဖြင့်ကိုယ် ခန္ဓာနှင့်မစပ်ဆိုင်'' ဟုဆိုပါကနားသည် ကိုယ်ခန္ဓာ၏အစိတ်အပိုင်းဖြစ်သေး၏။- အခန်းကိုကြည့်ပါ။Garrad Bible16 နား က လည်း ငါ သည် မျက် စိ မ ဟုတ်၍ ကိုယ် နှင့် မ ဆိုင် ဟု ဆို စေ ဦး၊ မ ဆိုင် သည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible16 နားကလည်း၊ ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်နှင့်မစပ်ဆိုင်ဟု ဆိုလျှင်၊ ထိုသို့ဆိုသောကြောင့် မစပ်ဆိုင်သည် မှန်သလော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 နားကလည်း “ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်”ဟု ဆိုလျှင် ထိုသို့ဆိုသောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်တော့သည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
ကျွန်ုပ်အား ဘုရားသခင်ပေးအပ်တော်မူသော တမန်တော်ဖြစ်ခြင်း အခွင့်ထူးဖြင့် သင်တို့တစ်ဦးချင်းကို ကျွန်ုပ်ပြောလိုသည်မှာ သင်တို့သည် ကိုယ့်ကိုယ်ကိုယ် ထင်သင့်သည်ထက် ပို၍ အထင်မကြီးကြနှင့်။ မိမိတို့အတွက် ဘုရားသခင်ခွဲဝေပေးသနားတော်မူသော ယုံကြည်ခြင်းပမာဏအတိုင်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်ရိုးသားစွာ သုံးသပ်ကြလော့။