Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 12:31 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 သို့ဖြစ်၍ သင်တို့​သည် ပို​၍ မြတ်သော ဆုကျေးဇူးများ​ကို အလွန်​လိုချင်သော​စိတ် ရှိကြလော့။ ယခု​တွင်မူ ကျွန်ုပ်​သည် သင်တို့​အား အမြတ်ဆုံးသော​လမ်း​ကို ပြဦးမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 သို့​ဖြစ်​၍​သင်​တို့​သည်​ပို​၍​မြတ်​သည့်​ဆု ကျေး​ဇူး​များ​ကို​စွဲ​လမ်း​ကြ​လော့။ သို့​ရာ​တွင်​အ​မြတ်​ဆုံး​သော​ဆု​ကျေး​ဇူး ကို​ငါ​ဖော်​ပြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 သို့ ရာ တွင် ထူး မြတ် သော ဆု ကျေး ဇူး တော် များ ကို စွဲ လမ်း ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 သင်​တို့​သည် အ​မြတ်​ဆုံး​သော ဆု​ကျေး​ဇူး​တော်​တို့​ကို အ​လွန်​အ​လို​ရှိ​ကြ​သည်​တွင်၊ သာ၍​မြတ်​သော လမ်း​ကို ငါ​ပြ​ဦး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 သင်​တို့​မူကား ပို၍​မြတ်​သော​ဆု​ကျေးဇူး​တို့​ကို အလွန်​လိုချင်​သော​စိတ်​ရှိ​ကြ​လော့။ ငါ​သည် သင်​တို့​အား သာ၍​ထူးမြတ်​သော​လမ်း​ကို ပြ​ဦး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 12:31
8 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်ခြင်း​ကို ငတ်မွတ်​တောင့်တသော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် အလိုဆန္ဒ​ပြည့်စုံကြ​ရမည်​ဖြစ်​သောကြောင့်ပင်။


လိုအပ်သော​အရာ တစ်ခုတည်း​ရှိ၏။ မာရိ​သည် ထို​ကောင်းမြတ်သော​အရာ​ကို ရွေးချယ်ပြီ။ ထို​အရာ​ကို သူ့​ထံ​မှ မည်သူ​မျှ မယူဆောင်နိုင်ပါ” ဟု ပြန်​၍ မိန့်တော်မူ၏။


ကျွန်ုပ်​သည် လူ​ဘာသာစကားများ​နှင့် ကောင်းကင်တမန်​ဘာသာစကားများ​ကို ပြောနိုင်​သော်လည်း မေတ္တာ​မရှိ​လျှင် ဆူညံသော​မောင်း သို့မဟုတ် မြည်ဟည်းနေသော​လင်းကွင်း​ကဲ့သို့​သာ ဖြစ်၏။


ချစ်ခြင်း​မေတ္တာ​တရား​ကို ကြိုးစား​၍ ကျင့်သုံးကြလော့။ ဝိညာဉ်​ဆုကျေးဇူးများ​ကိုလည်း အလွန်​လိုချင်သော​စိတ် ရှိကြလော့။ အထူး​သဖြင့် ပရောဖက်ပြု​ဟောပြော​နိုင်သော​ဆုကျေးဇူး​ကို လိုချင်သော​စိတ် ရှိကြလော့။


ထို့ကြောင့် ချစ်သော ညီအစ်ကို​မောင်နှမတို့… ပရောဖက်ပြု​ဟောပြောနိုင်စွမ်း​ကို အလွန်​လိုချင်သော​စိတ် ရှိကြလော့။ အခြား​ဘာသာစကား​ပြောခြင်း​ကိုလည်း မတားမြစ်ကြနှင့်။


ရုပ်တုများ​အား ပူဇော်သည့်​အစားအစာ​နှင့်​ပတ်သက်၍ “ကျွန်ုပ်တို့​အားလုံး​၌ အသိပညာ​ရှိသည်” ဟူ၍​ကျွန်ုပ်တို့​သိထားကြ၏။ သို့သော် အသိပညာ​သည် လူ​ကို မာန​ထောင်လွှား​စေတတ်၏။ ချစ်ခြင်းမေတ္တာ​မှာမူ တည်ဆောက်ပေးတတ်၏။


ထိုမျှမက ကျွန်ုပ်​၏ သခင်​ယေရှု​ခရစ်တော်​ကို ရင်းနှီး​ကျွမ်းဝင်ရခြင်း​၏ ကြီးမားသည့်​တန်ဖိုး​နှင့်​ယှဉ်​လျှင် အရာ​အားလုံး​ကို အရှုံး​ဟူ၍ မှတ်ယူ၏။ ခရစ်တော်​အတွက်​ကြောင့် အရာ​အားလုံး​ကို အရှုံးခံ​၍ ၎င်းတို့​ကို မစင်​ကဲ့သို့ မှတ်ယူ၏။ ဤ​အရာ​မှာ ခရစ်တော်​ကို ရရှိ​ရန်​နှင့်


အာဗေလ​သည် ကာဣန​ထက် ပို​၍ မြတ်သော​ယဇ်​ကို ဘုရားသခင်​အား ယုံကြည်ခြင်း​ဖြင့် ပူဇော်၏။ ဘုရားသခင်​သည် အာဗေလ​၏ အလှူ​ကို နှစ်သက်​လက်ခံတော်မူ​ပြီး အာဗေလ​သည် ဖြောင့်မတ်သူ​အဖြစ် သတ်မှတ်တော်မူခြင်း​ခံရ၏။ အာဗေလ​သည် ကွယ်လွန်​သော်လည်း ထို​ယုံကြည်ခြင်း​စံနမူနာ​ဖြင့် ကျွန်ုပ်တို့​အား ဟောပြော​နေဆဲ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ