Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 25:45 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

45 ရှင်ဘုရင်​ကလည်း ‘သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​၏ ညီအစ်ကိုမောင်နှမများ​ထဲမှ အသေးနုပ်ဆုံးသာ​သူ​အား သင်တို့ မပြုစုသမျှ​သည် ငါ့​အား မပြုစုကြခြင်း​ပင် ဖြစ်သည်’ ဟု မိန့်တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

45 ထို​အ​ခါ​ဘု​ရင်​မင်း​မြတ်​က `အ​မှန်​အ​ကန် သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သိမ်​ငယ်​သည့် ဤ​သူ​များ​အ​နက်​က​တစ်​စုံ​တစ်​ယောက်​သော သူ​ကို​သင်​တို့​မ​ပြု​မ​စု​ဘဲ​နေ​ခဲ့​သ​မျှ​သည် ငါ့​ကို​မ​ပြု​မ​စု​ဘဲ​နေ​ခဲ့​ခြင်း​ပင်​မည်​၏' ဟု မိန့်​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

45 ဘု ရင် မင်း က ဤ သိမ် ငယ် သူ တစ် ယောက် ယောက် ကို သင် တို့ မ ပြု ကြ သည် မှာ ငါ့ ကို မ ပြု ကြောင်း ငါ အ မှန် ဆို သည် ဟု အ မိန့် ရှိ တော် မူ မည့် အ တိုင်း

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

45 မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တို့​တွင် အ​ငယ်​ဆုံး​သော​သူ တစ်​ယောက်​အား မ​ပြု​သ​မျှ​တို့​ကို ငါ့​အား​မ​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

45 မင်းကြီး​က​လည်း ‘သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဤ​အငယ်ဆုံး​သော​သူ​တို့​ထဲမှ တစ်ဦးတစ်ယောက်​အား သင်​တို့​မ​ပြု​ခဲ့​သမျှ​သည် ငါ့​ကို​မ​ပြု​ခြင်း​ဖြစ်​၏’​ဟု ပြန်​၍​မိန့်​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

45 မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တို့​တွင် အ​ငယ်​ဆုံး​သော​သူ တစ်​ယောက်​အား မ​ပြု​သ​မျှ​တို့​ကို ငါ့​အား​မ​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 25:45
16 ပူးပေါင်းရင်းမြစ်များ  

ပရောဖက်​တစ်ပါး​ကို ဘုရားသခင်​၏​ကိုယ်စားလှယ်​အဖြစ် လက်ခံသော​သူ​သည် ပရောဖက်​၏​အကျိုးကျေးဇူး​ကို ခံစားရ​လိမ့်မည်။ ဖြောင့်မတ်သောသူ​၏ မျက်နှာ​ကို​ထောက်​၍ ဖြောင့်မတ်သောသူ​ကို လက်ခံသော​သူ​သည် ဖြောင့်မတ်သောသူ​၏ အကျိုးကျေးဇူး​ကို ခံစားရ​လိမ့်မည်။


ရှင်ဘုရင်​ကလည်း ‘သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​၏ ညီအစ်ကို​မောင်နှမများ​ထဲမှ အသေးနုပ်ဆုံးသော​သူ​အား သင်တို့​ပြုစုကြသမျှ​သည် ငါ့​အား ပြုစုခြင်းပင်​ဖြစ်သည်’ ဟု ပြန်​၍ မိန့်တော်မူ​လိမ့်မည်။


ထိုအခါ အဆိုပါ လူများ​ကလည်း ‘သခင်… အကျွန်ုပ်တို့​သည် သခင် ဆာလောင်​မွတ်သိပ်နေတော်မူသည်​ကို​လည်းကောင်း၊ ရေငတ်နေတော်မူသည်​ကို​လည်းကောင်း၊ ဧည့်သည်​ဖြစ်တော်မူသည်​ကို​လည်းကောင်း၊ အဝတ်ဗလာ​ဖြစ်တော်မူသည်​ကို​လည်းကောင်း၊ ဖျားနာတော်မူသည်​ကို​လည်းကောင်း၊ ထောင်ကျတော်မူသည်​ကို​လည်းကောင်း မည်သည့်အခါ​တွင် တွေ့မြင်​၍ အရှင့်​ကို မကြည့်ရှု​မစောင့်ရှောက်ဘဲ နေခဲ့ကြသနည်း’ ဟု ပြန်လျှောက်ကြ​လိမ့်မည်။


ထို့ကြောင့် ထို​သူများ​သည် ထာဝရ​အပြစ်ဒဏ်ခံရသော​နေရာ​သို့ သွားကြ​လိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သော​သူတို့​မှာမူ ထာဝရ​အသက်ရှင်ရာ နေရာ​သို့ သွားကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ရှောလု​ကလည်း “သခင်… ကိုယ်တော်​သည် မည်သူ​ဖြစ်ပါသနည်း” ဟု လျှောက်၏။ ထို​အသံရှင်​က “ငါ​သည် သင်​ညှဉ်းပန်းနှိပ်စက်နေသော​ယေရှု​ဖြစ်၏။


ထိုသို့ အခြား​ယုံကြည်သူများ​၏ အသိစိတ်​၌ မှားယွင်းသည်​ဟု ခံယူထားသော​အရာ​ကို လုပ်ဆောင်​ရန် အားပေးခြင်း​မှာ သင်​သည် ထို​သူတို့​ကို သာမက ခရစ်တော်​ကို​လည်း ပြစ်မှားခြင်း​ပင်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ