Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 25:46 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

46 ထို့ကြောင့် ထို​သူများ​သည် ထာဝရ​အပြစ်ဒဏ်ခံရသော​နေရာ​သို့ သွားကြ​လိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သော​သူတို့​မှာမူ ထာဝရ​အသက်ရှင်ရာ နေရာ​သို့ သွားကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

46 ထို့​ကြောင့်​ထို​သူ​တို့​သည်​ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ခံ ရ​ကြ​လိမ့်​မည်။ သူ​တော်​ကောင်း​တို့​မူ​ကား​ထာ​ဝ​ရ ချမ်း​သာ​သို့​ဝင်​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

46 ထို သူ တို့ ကား ထာ ဝ ရ ပြစ် ဒဏ် ခံ ရာ သို့ လည်း ကောင်း၊ သူ တော် ကောင်း တို့ ကား ထာ ဝ ရ အ သက် ရှင် ရာ သို့ လည်း ကောင်း သွား ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

46 ထို​သူ​တို့​သည် ထာ​ဝ​ရ​အ​ပြစ်​ဒဏ် ခံ​ရာ​သို့​လည်း​ကောင်း၊ ဖြောင့်​မတ်​သော သူ​တို့​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ရှင်​ရာ​သို့​လည်း​ကောင်း သွား​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

46 ထိုအခါ ဤ​သူ​တို့​သည် ထာဝရ​အပြစ်ဒဏ်​ခံ​ရာ​သို့ သွား​ကြ​လိမ့်မည်။ ဖြောင့်မတ်​သော​သူ​တို့​မူကား ထာဝရ​အသက်ရှင်​ရာ​သို့ သွား​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

46 ထို​သူ​တို့​သည် ထာ​ဝ​ရ​အ​ပြစ်​ဒဏ် ခံ​ရာ​သို့​လည်း​ကောင်း၊ ဖြောင့်​မတ်​သော သူ​တို့​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ရှင်​ရာ​သို့​လည်း​ကောင်း သွား​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 25:46
34 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်သော​သူတို့​မှာမူ ခမည်းတော်​၏​နိုင်ငံတော်​တွင် နေ​ကဲ့သို့ တောက်ပ​လိမ့်မည်။ နား​ရှိသောသူ​သည် ကြား​၍ နားလည်ပါစေ။


ထိုအခါ လူတစ်ဦး​သည် ယေရှု​ထံသို့ လာ​၍ “ဆရာတော်… ထာဝရ​အသက်​ကို ရရှိ​ရန် အကျွန်ုပ်​သည် မည်သည့်​ကောင်းမှု​ကို ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။


ငါ့​အတွက်​ကြောင့် မိမိ​အိမ်များ၊ မြေများ၊ ညီအစ်ကို​မောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာ​ကို စွန့်လွှတ်သောသူတို့​သည် ဤ​ဘဝ​၌ အဆ​တစ်ရာ အကျိုး​ခံစားရသည်​သာမက ထာဝရ​အသက်​ကိုလည်း ရရှိ​လိမ့်မည်။


ထို့နောက် ရှင်ဘုရင်​က လက်ဝဲတော်ဘက်​၌ ရှိသော​သူတို့​အား ‘ကျိန်ဆဲခြင်း​ခံရသော​သူတို့… ငါ့​ထံမှ ထွက်သွားကြလော့။ မာရ်နတ်​နှင့် သူ​၏ နတ်ဆိုးများ​အတွက် ပြင်ဆင်ထားသော​ထာဝရ​မီး​ထဲသို့ သွားကြလော့။


ရှင်ဘုရင်​ကလည်း ‘သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​၏ ညီအစ်ကိုမောင်နှမများ​ထဲမှ အသေးနုပ်ဆုံးသာ​သူ​အား သင်တို့ မပြုစုသမျှ​သည် ငါ့​အား မပြုစုကြခြင်း​ပင် ဖြစ်သည်’ ဟု မိန့်တော်မူ​လိမ့်မည်။


ထို့ပြင် ငါတို့​နှင့် သင်တို့​စပ်ကြား​တွင် အလွန်​နက်သော​ချောက်ကြီး​တစ်ခု ခြားနား​လျက်​ရှိ၏။ ထို့ကြောင့် ဤ​နေရာ​မှ သင်တို့​ထံသို့​သွားလိုသူ​လည်း မရောက်နိုင်။ ထို​နေရာ​မှ ငါတို့​ထံသို့ လာလို​လျှင်​လည်း မည်သူ​မျှ ကူး​၍ မရောက်နိုင်ပါ’ ဟု ဆိုလေ၏။


သားတော်​သည် ကိုယ်တော်​ပေးအပ်တော်မူ​သမျှသော​သူတို့​အား ထာဝရ​အသက်​ကို ပေး​နိုင်ရန် ကိုယ်တော်​သည် သားတော်​အား လူသား​အားလုံး​အပေါ် အုပ်စိုးရသော​အခွင့်အာဏာ​ကို ပေးအပ်ထားတော်မူပြီ။


သားတော်​ကို ယုံကြည်သော​သူ​သည် ထာဝရ​အသက်​ကို ရ၏။ သားတော်​၏​စကား​ကို နားမထောင်သော​သူ​မှာမူ ထာဝရ​အသက်​ကို မရဘဲ ဘုရားသခင်​၏ အမျက်တော်​သည်​သာ ထို​သူ​အပေါ်​၌ တည်နေမည်​ဖြစ်၏” ဟု ဟောလေ၏။


ငါ​ပေးသော​ရေ​ကို သောက်သောသူ​မှာ မည်သည့်​အခါမျှ ရေငတ်တော့မည်​မဟုတ်။ ထို​ရေ​သည် သူ့​အတွင်း​၌ အစဉ်​စီးထွက်သော စမ်းရေ​ဖြစ်​၍ သူ့​ကို ထာဝရ​အသက်ရှင်စေ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ့​စကား​ကို နားထောင်​၍ ငါ့​ကို စေလွှတ်တော်မူသော​ဘုရား​ကို ယုံကြည်သော​သူ​သည် ထာဝရ​အသက်​ကို ရ၏။ ထို​သူ​သည် ပြစ်ဒဏ်​စီရင်ခြင်း​မခံရဘဲ သေခြင်း​မှ အသက်ရှင်ခြင်း​သို့ ကူးပြောင်းရသော​သူ​ဖြစ်၏။


ကောင်းမှု​ပြုသော​သူတို့​သည် သေရာ​မှ ထမြောက်​၍ ပြန်ရှင်​လိမ့်မည်။ မကောင်းမှု​ပြုသော​သူတို့​သည် သေရာ​မှ​ထမြောက်​၍ အပြစ်စီရင်ခြင်း​ခံရ​လိမ့်မည်။


ပုပ်သိုး​ပျက်စီးတတ်သော​အစားအစာများ​အတွက် မကြိုးပမ်းကြနှင့်။ လူသား​ပေးတော်မူမည့် ထာဝရ​အသက်​အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသား​သည် ခမည်းတော်​ဘုရားသခင်​၏ တံဆိပ်​ခတ်နှိပ်ခြင်း​ကို ခံရသောသူ​ဖြစ်​သောကြောင့်​ပင်” ဟု မိန့်တော်မူ၏။


သို့ဖြစ်၍ သားတော်​ကို မြင်​၍ ယုံကြည်သောသူ​အပေါင်းတို့​သည် ထာဝရ​အသက်​ကို ရ​စေရန် ငါ့​ခမည်းတော်​အလိုရှိ၏။ ငါ​သည်လည်း ထို​သူတို့​ကို နောက်ဆုံးသော​နေ့​၌ သေရာ​မှ ထမြောက်စေမည်” ဟု မိန့်တော်မူ၏။


ထိုအခါ ပေါလု​နှင့် ဗာနဗ​တို့​သည် ရဲရင့်​စွာ ဟောပြောကြသည်​မှာ “ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​ကို သင်တို့​ထံ​ဦးစွာ ဟောပြောရ၏။ သို့သော် ထို​အရာ​ကို​သင်တို့​သည် ငြင်းပယ်​၍ ထာဝရ​အသက်​သည် သင်တို့​နှင့်​မထိုက်တန်ကြောင်း မှတ်ယူ​ဆုံးဖြတ်​သောကြောင့် ယခု​ကျွန်ုပ်တို့​သည် လူမျိုးခြားများ​ဆီသို့ ဦးတည်ကြ၏။


ဤ​စကား​ကို လူမျိုးခြားများ​ကြားကြ​သောအခါ ဝမ်းမြောက်​၍ သခင်ဘုရား​၏​နှုတ်ကပတ်​တရားတော်​ကို ချီးမွမ်းကြ၏။ ထာဝရ​အသက်​ရ​ရန် ဘုရားသခင်​ရွေးချယ်တော်မူသောသူ​ရှိသမျှတို့​သည် ယုံကြည်သက်ဝင်လာကြ၏။


ဖြောင့်မတ်သော​သူ၊ မဖြောင့်မတ်သော​သူ အပေါင်းတို့​သည် သေရာ​မှ​ပြန်ရှင်​လိမ့်မည်​ဟု သူတို့​စောင့်မျှော်​လျက်​နေ​သကဲ့သို့ အကျွန်ုပ်​သည်လည်း ဘုရားသခင်​ကို အမှီပြု​၍ စောင့်မျှော်​လျက်​နေပါ၏။


ဤသို့ဖြင့် အပြစ်တရား​သည် သေခြင်းတရား​အားဖြင့် အုပ်စိုးခဲ့​သကဲ့သို့ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ထာဝရ​အသက်​ကို ရရှိ​စေရန် ဘုရားသခင်​၏ ကျေးဇူးတော်​သည်လည်း ဖြောင့်မတ်ခြင်းတရား​အားဖြင့် အုပ်စိုးတော်မူ၏။


အပြစ်​၏​အဖိုးအခ​သည် သေခြင်း​ဖြစ်၏။ ဘုရားသခင် အခမဲ့​ပေးတော်မူသော​ဆုကျေးဇူး​မှာ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ရရှိသော​ထာဝရ​အသက်​ဖြစ်၏။


လူ့​ဗီဇစိတ်​ကို အလို​လိုက်​၍ စိုက်ပျိုးသောသူ​သည် ဗီဇစိတ်​မှ ပျက်စီးခြင်း​ကို ရိတ်သိမ်းရ​လိမ့်မည်။ ဝိညာဉ်တော်​၏ အလိုတော်​အတိုင်း စိုက်ပျိုးသောသူ​သည် ဝိညာဉ်တော်​ထံမှ ထာဝရ​အသက်​ကို ရိတ်သိမ်းရ​လိမ့်မည်။


ထို​သူတို့​သည် သခင်ဘုရား​ရှေ့တော်​မှ​လည်းကောင်း၊ သခင်ဘုရား​၏ ဘုန်းတန်ခိုးတော်​ကို ခံစားရခြင်း​မှ​လည်းကောင်း ဖယ်ရှား​ခံရ​ကာ ထာဝရ​ပျက်စီးမည့် ပြစ်ဒဏ်​ကို ခံကြရ​လိမ့်မည်။


ဤသည်​မှာ ကျွန်ုပ်တို့​အား ခရစ်တော်​ကတိပြုတော်မူသည့် ထာဝရ​အသက်​ဖြစ်၏။


ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​ကို ဆက်လက်​ခံစား​၍ ထာဝရ​အသက်​ကို ရရှိစေမည့် ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကရုဏာတော်​ကို စောင့်မျှော်ကြလော့။


သူတို့​ကို လှည့်ဖြားသော​မာရ်နတ်​သည်လည်း သားရဲ​နှင့် ပရောဖက်​အတုအယောင်တို့ ပစ်ချခံရသည့် ကန့်​နှင့် လောင်သော​မီးအိုင်​ထဲသို့ ပစ်ချခံရ၏။ သူတို့​သည် နေ့ည​မပြတ် အစဉ်​ထာဝရ ညှဉ်းဆဲခြင်း​ကို ခံကြရ​လိမ့်မည်။


အသက်​စာစောင်​တွင် စာရင်း​မဝင်သော​သူတို့​သည်လည်း မီးအိုင်​ထဲသို့ ပစ်ချ​ခံရ၏။


သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်​ကောင်းသူများ၊ လူသတ်သမားများ၊ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တု​ကိုးကွယ်သူများ​နှင့် လိမ်လည်သူများ​အားလုံးတို့​သည် ကန့်​နှင့် လောင်သော​မီးအိုင်​ထဲသို့ ပစ်ချခြင်း​ခံကြရမည်။ မီးအိုင်​သည် ဒုတိယ​သေခြင်း​ဖြစ်၏” ဟု​မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ