မဿဲ 25:44 - ခေတ်သစ်မြန်မာ သမ္မာကျမ်း44 ထိုအခါ အဆိုပါ လူများကလည်း ‘သခင်… အကျွန်ုပ်တို့သည် သခင် ဆာလောင်မွတ်သိပ်နေတော်မူသည်ကိုလည်းကောင်း၊ ရေငတ်နေတော်မူသည်ကိုလည်းကောင်း၊ ဧည့်သည်ဖြစ်တော်မူသည်ကိုလည်းကောင်း၊ အဝတ်ဗလာဖြစ်တော်မူသည်ကိုလည်းကောင်း၊ ဖျားနာတော်မူသည်ကိုလည်းကောင်း၊ ထောင်ကျတော်မူသည်ကိုလည်းကောင်း မည်သည့်အခါတွင် တွေ့မြင်၍ အရှင့်ကို မကြည့်ရှုမစောင့်ရှောက်ဘဲ နေခဲ့ကြသနည်း’ ဟု ပြန်လျှောက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible44 ``ထိုသူတို့က `အရှင်ဘုရား၊ ကိုယ်တော်ဆာလောင် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည် ဖြစ်တော်မူခြင်း၊ အဝတ်အချည်းစည်းဖြစ်တော် မူခြင်း၊ ဖျားနာတော်မူခြင်း၊ ထောင်ကျတော်မူခြင်း တို့ကိုအဘယ်အခါ၌အကျွန်ုပ်တို့မြင်ရပါလျက် ကိုယ်တော်အားမပြုစုမလုပ်ကျွေးဘဲနေခဲ့ပါ သနည်း' ဟုလျှောက်ထားကြပေအံ့။- အခန်းကိုကြည့်ပါ။Garrad Bible44 အ ရှင် ဘု ရား ကိုယ် တော် ဆာ မွတ် ခြင်း၊ ရေ ငတ် ခြင်း၊ အာ ဂ န္တု ဖြစ် ခြင်း၊ အ ဝတ် မဲ့ ခြင်း၊ နာ ခြင်း၊ ထောင် ကျ ခြင်း များ ကို အကျွန်ုပ် တို့ တွေ့ မြင်၍ လုပ် ကျွေး သ မှု မ ပြု ဘဲ နေ သည် မှာ မည် သည့် အ ခါ ပါ နည်း ဟု မေး လျှောက် ကြ လျှင် အခန်းကိုကြည့်ပါ။Judson Bible44 ထိုသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည်ဖြစ်တော်မူခြင်း၊ အဝတ်အချည်းစည်း ရှိတော်မူခြင်း၊ အနာစွဲတော်မူခြင်း၊ ထောင်ထဲမှာ နေတော်မူခြင်းတို့ကို အကျွန်ုပ်တို့သည် အဘယ်အခါ၌မြင်၍ ကိုယ်တော်ကို မပြုစုမလုပ်ကျွေးဘဲ နေပါသနည်းဟု ပြန်၍လျှောက်ကြသော်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း44 ထိုအခါ သူတို့သည်လည်း ‘သခင်ဘုရား၊ အကျွန်ုပ်တို့သည် မည်သည့်အခါတွင် ကိုယ်တော်ဆာလောင်တော်မူသည်ကိုလည်းကောင်း၊ ရေငတ်တော်မူသည်ကိုလည်းကောင်း၊ သူစိမ်းဧည့်သည်ဖြစ်တော်မူသည်ကိုလည်းကောင်း၊ အဝတ်မပါအချည်းစည်းဖြစ်တော်မူသည်ကိုလည်းကောင်း၊ နာမကျန်းဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထောင်ကျတော်မူသည်ကိုလည်းကောင်း မြင်၍ ကိုယ်တော်ကိုမလုပ်ကျွေးမပြုစုဘဲနေကြသနည်း’ဟု ပြန်လျှောက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ44 ထိုသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည်ဖြစ်တော်မူခြင်း၊ အဝတ်အချည်းစည်း ရှိတော်မူခြင်း၊ အနာစွဲတော်မူခြင်း၊ ထောင်ထဲမှာ နေတော်မူခြင်းတို့ကို အကျွန်ုပ်တို့သည် အဘယ်အခါ၌မြင်၍ ကိုယ်တော်ကို မပြုစုမလုပ်ကျွေးဘဲ နေပါသနည်းဟု ပြန်၍လျှောက်ကြသော်၊- အခန်းကိုကြည့်ပါ။ |
တရားစီရင်သောနေ့တွင် ‘သခင်… သခင်… အကျွန်ုပ်တို့သည် သခင်၏အမည်နာမတော်အားဖြင့် ဟောပြောသွန်သင်ခဲ့ကြသည်မဟုတ်လော။ သခင်၏အမည်နာမတော်အားဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်ခဲ့ကြသည်မဟုတ်လော။ သခင်၏အမည်နာမတော်အားဖြင့် အံ့ဖွယ်တန်ခိုးများစွာကို ပြခဲ့ကြသည်မဟုတ်လော’ ဟူ၍ လူတို့သည် ငါ့အား လျှောက်ကြလိမ့်မည်။