သို့သော် ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့်သာလျှင် ဤနတ်ဆိုးမျိုးကို နှင်ထုတ်နိုင်သည်” ဟု မိန့်တော်မူ၏။
ဧဖက် 6:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အမျိုးမျိုးသော ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့ဖြင့် ဝိညာဉ်တော် ညွှန်ကြားတော်မူသည့်အတိုင်း အချိန်အခါတိုင်းတွင် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းနိုင်ရန် နိုးနိုးကြားကြား နေ၍ ယုံကြည်သူအပေါင်းတို့အတွက် ဇွဲမလျှော့ဘဲ ဆုတောင်းကြလော့။ Common Language Bible သင်တို့အားကူညီစောင်မတော်မူရန်ဘုရား သခင်အားအစဉ်အမြဲဆုတောင်းကြလော့။ ဝိညာဉ်တော်ညွှန်ကြားတော်မူသည့်အတိုင်း အခါခပ်သိမ်းဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားနေကြလော့။ ဇွဲသတ္တိရှိကြ လော့။ အခါမလပ်ဘုရားသခင်၏လူစု တော်အတွက်ဆုတောင်းကြလော့။- Garrad Bible ဝိ ညာဉ် တော် အား ဖြင့် အ ခါ ခပ် သိမ်း တောင်း လျှောက် ပ ဌ နာ ပြု လျက် ရပ် ခံ ကြ လော့။ ငါ အ တည့် အ လင်း ကြား ပြော သင့် သည် နှင့် အ ညီ သ တင်း တော် မြတ် နက် နဲ ရာ ကို အ တည့် အ လင်း ဖော် ပြ ရန် ဟော ပြော ခြင်း နှုတ် သ တ္တိ ကို သ နား တော် မူ စေ ခြင်း ငှါ ထို သ တင်း တော် မြတ် ကြောင့် အ ကျဉ်း ခံ ရ သော သံ တ မန် ဖြစ် သူ ငါ့ အ ဖို့လည်း ကောင်း၊ သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ အ ဖို့လည်း ကောင်း ထို သို့ ပ ဌ နာ ပြု မြဲ ပြု လျက် စောင့် နေ ကြ လော့။ Judson Bible ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပတ္ထနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းခြင်းငှာ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူ အပေါင်းတို့အဖို့ ဆုတောင်းလျက် စောင့်ရှောက်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း အမျိုးမျိုးသော ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် အချိန်ရှိသရွေ့ ဝိညာဉ်တော်၌ဆုတောင်းကြလော့။ ထိုသို့ပြုနိုင်ရန် နိုးနိုးကြားကြားရှိလျက် ဇွဲလုံ့လအပြည့်အဝဖြင့် သန့်ရှင်းသူအပေါင်းတို့အတွက် အသနားခံကြလော့။ |
သို့သော် ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့်သာလျှင် ဤနတ်ဆိုးမျိုးကို နှင်ထုတ်နိုင်သည်” ဟု မိန့်တော်မူ၏။
ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ လိုက်ပါမသွားစေရန် သတိနှင့် စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာမှာမူ အားနည်း၏” ဟု မိန့်တော်မူ၏။
ထိုနေ့ရက်သည် မည်သည့်အချိန်ကာလ၌ ကျရောက်မည်ကို သင်တို့မသိသောကြောင့် သတိနှင့် စောင့်နေကြလော့။
ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ လိုက်ပါမသွားစေရန် သတိနှင့် စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာမှာမူ အားနည်း၏” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့မှ လွတ်မြောက်ရေးအတွက် အားအင်ရရှိရန်နှင့် လူသားရှေ့တော်မှောက်တွင် ရပ်နိုင်ရန် အချိန်တိုင်း ဆုတောင်း၍ သတိနှင့်နေကြလော့” ဟု မိန့်တော်မူ၏။
ယေရှုကလည်း “အဘယ်ကြောင့် အိပ်ပျော်နေကြသနည်း။ ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ မကျရောက်စေရန် ထ၍ ဆုတောင်းကြလော့” ဟု မိန့်တော်မူလေ၏။
နဂ္ဂဲသည် မာအတ်၏သား၊ မာအတ်သည် မတ္တသိ၏သား၊ မတ္တသိသည် ရှေမိ၏သား၊ ရှေမိသည် ယောသပ်၏သား၊ ယောသပ်သည် ယုဒ၏သား၊
လာမက်သည် မသုရှလ၏သား၊ မသုရှလသည် ဧနောက်၏သား၊ ဧနောက်သည် ယာရက်၏သား၊ ယာရက်သည် မဟာလေလေလ၏သား၊ မဟာလေလေလသည် ကာဣနန်၏သား၊
ထိုသူတို့အားလုံးသည် မယ်တော်မာရိအပါအဝင် အမျိုးသမီးတစ်စု၊ ယေရှု၏ညီတော်များနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြင့် အဆက်မပြတ်ဆုတောင်းလျက် နေကြ၏။
သူနှင့်တကွ မိသားစုဝင်များသည် ဘုရားသခင်အား ကြောက်ရွံ့၍ ဘုရားတရားကိုင်းရှိုင်းသူလည်းဖြစ်၏။ တစ်ပါးသူတို့အား အလှူအတန်းရက်ရောပြီး ဘုရားသခင်ထံ စဉ်ဆက်မပြတ်ဆုတောင်းသောသူလည်း ဖြစ်၏။
ထိုသို့ ပေတရုသည် ထောင်ထဲတွင်ရှိနေစဉ် အသင်းတော်သည် သူ့အတွက် ဘုရားသခင်ထံ စိတ်အားပြင်းပြစွာ ဆုတောင်းလေ၏။
ကျွန်ုပ်တို့သည် ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တရားတော်ဟောပြောခြင်းအမှုတို့ကို အစဉ်တစိုက်ပြုကြမည်” ဟု ပြောလေ၏။
မျှော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ၌ သည်းခံ၍ မပျက်မကွက်ဆုတောင်းကြလော့။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ပြန်၍ ရရှိကြသည် မဟုတ်။ သားသမီးဖြစ်ခွင့် ပေးသော ဘုရားသခင်၏ ဝိညာဉ်တော်ကို ရရှိကြခြင်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား “အဗ္ဗ၊ အဖ” ဟု ခေါ်ကြ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားများဖြစ်ကြသောကြောင့် ဘုရားသခင်သည် သားတော်၏ ဝိညာဉ်တော်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲသို့ စေလွှတ်တော်မူ၍ ထိုဝိညာဉ်တော်ကြောင့် ကျွန်ုပ်တို့က “အဗ္ဗ၊ အဖ” ဟု ကြွေးကြော်ကြ၏။
ကျွန်ုပ်သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်မပြတ် ကျေးဇူးတင်၍ သတိတရ ဆုတောင်းပေးနေ၏။
သင်တို့သည်လည်း ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်ကြသောကြောင့် ဝိညာဉ်တော်အားဖြင့် ဘုရားသခင် စံမြန်းတော်မူရာနေရာအဖြစ် အခြားသူတို့နှင့်အတူ တည်ဆောက်ခံရလျက် ရှိကြ၏။
ထိုမေတ္တာတော်၏ အလျား၊ အနံ၊ အမြင့်၊ အစောက်တို့ မည်မျှ ရှိသည်ကို ယုံကြည်သူအားလုံးနှင့်အတူ နားလည်သဘောပေါက်နိုင်စွမ်း ရှိရန် ကျွန်ုပ်ဆုတောင်း၏။ ခရစ်တော်၏မေတ္တာတော်သည် ကြီးမားလှသဖြင့် မည်သည့်အခါမျှ သင်တို့ အပြည့်အဝ နားလည်နိုင်မည် မဟုတ်သော်လည်း ထိုမေတ္တာတော်ကို သင်တို့ သိရှိခံစား၍ ဘုရားသခင်၏ ပြည့်စုံတော်မူခြင်းအပေါင်းတို့ဖြင့် ပြည့်ဝလာကြရန် ကျွန်ုပ် ဆုတောင်း၏။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်
ဘုရားသခင်သည် ကျွန်ုပ် ပြောဆိုသည့်အခါတိုင်း ပြောရမည့်စကားကို ကျွန်ုပ်အား ပေးတော်မူ၍ ကျွန်ုပ်က သတင်းကောင်း၏ နက်နဲသောအရာကို ရဲဝံ့စွာ ပြောပြနိုင်ရန် ကျွန်ုပ်အတွက်လည်း ဆုတောင်းပေးကြလော့။
သင်တို့အားလုံးအတွက် ကျွန်ုပ်ဆုတောင်းတိုင်း ဝမ်းမြောက်စွာ ဆုတောင်းပေးလျက် ရှိ၏။
မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အခြေအနေတိုင်း၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းခြင်း၊ အသနားခံခြင်းတို့ဖြင့် သင်တို့ လိုအပ်သောအရာများကို ဘုရားသခင်ထံ တောင်းလျှောက်ကြလော့။
ကျွန်ုပ်တို့သည် သင်တို့အတွက် ဆုတောင်းတိုင်း ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ခမည်းတော်ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ယေရှုခရစ်တော်ကို ယုံကြည်ကြကြောင်းနှင့် ယုံကြည်သူအပေါင်းတို့ကို ချစ်ကြကြောင်း ကျွန်ုပ်တို့ကြားသိရသောကြောင့် ဖြစ်၏။
သင်တို့သည် လူသားအားလုံးအတွက် အသနားခံခြင်း၊ ဆုတောင်းပေးခြင်း၊ ကိုယ်စားပြုတောင်းလျှောက်ပေးခြင်း၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းတို့ကို ဦးစားပေးဆောင်ရွက်ရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်၏။
ကျွန်ုပ်သည် သင့်အတွက် နေ့ရောညပါ သတိတရ ဆုတောင်းပေး၏။ ဆုတောင်းပေးသောအခါ ကျွန်ုပ်၏ဘိုးဘေးတို့ ကိုးကွယ်ခဲ့သည့်နည်းတူ လိပ်ပြာသန့်သန့်ဖြင့် ကျွန်ုပ်ကိုးကွယ်သော ဘုရားသခင်ကို ကျေးဇူးတင်၏။
အဘယ်ကြောင့်ဆိုသော် သင်သည် ယုံကြည်သူအပေါင်းတို့ကို ချစ်၍ သခင်ယေရှုခရစ်တော်ကို ယုံကြည်ကြောင်း ကျွန်ုပ်ကြားရသောကြောင့် ဖြစ်၏။
ခရစ်တော်သည် ကမ္ဘာလောက၌ လူသားအဖြစ်ရှိစဉ် သေခြင်းမှ ကယ်တင်နိုင်သော ဘုရားသခင်ထံ ပြင်းပြစွာ အော်ဟစ်၍ မျက်ရည်ကျလျက် အသနားခံတောင်းလျှောက်ခဲ့၏။ ထိုသို့ ဘုရားသခင်ထံ အပ်နှံ၍ မိမိအား ရိုသေသောကြောင့် ဘုရားသခင်သည် ကိုယ်တော်၏ ဆုတောင်းချက်များကို နားဆင်တော်မူခဲ့၏။
အရာအားလုံး၏ နောက်ဆုံးချိန်သည် နီးကပ်လာသောကြောင့် ဆုတောင်းနိုင်ရန်အတွက် မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိရှိကြလော့။
သို့သော် ချစ်ရသောသူတို့… သင်တို့သည် မိမိတို့၏ အသန့်ရှင်းဆုံးသောယုံကြည်ခြင်း၌ မိမိကိုယ်ကိုယ် တည်ဆောက်၍ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုဖြင့် ဆုတောင်းလော့။