Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 17:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 သို့သော် ဆုတောင်းခြင်း​နှင့် အစာရှောင်ခြင်း​အားဖြင့်​သာလျှင် ဤ​နတ်ဆိုးမျိုး​ကို နှင်ထုတ်နိုင်သည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 (ဤ​နတ်​မျိုး​ကို​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခြင်း​နှင့် အ​စာ​ရှောင်​ခြင်း​မှ​တစ်​ပါး​အ​ခြား​အ​ဘယ် နည်း​ဖြင့်​မျှ​နှင်​ထုတ်​၍​မ​ရ)'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 သို့​သော်​လည်း ဆု​တောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း​မှ​တစ်​ပါး အ​ဘယ်​သို့​သော​အား​ဖြင့်၊ ထို​အ​မျိုး​သည် မ​ထွက်​တတ်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 [သို့သော် ထို​နတ်​မျိုး​သည် ဆုတောင်း​ခြင်း​နှင့်​အစာရှောင်​ခြင်း​အားဖြင့်​မ​ဟုတ်​လျှင် မ​ထွက်​တတ်]”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

21 သို့​သော်​လည်း ဆု​တောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း​မှ​တစ်​ပါး အ​ဘယ်​သို့​သော​အား​ဖြင့်၊ ထို​အ​မျိုး​သည် မ​ထွက်​တတ်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 17:21
10 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ နတ်ဆိုး​သည် သွား​၍ မိမိ​ထက်​ဆိုးညစ်သော​နတ်ဆိုး​ခုနစ်ကောင်​တို့​ကို ခေါ်ပြီး​လျှင် ထို​လူ​အထဲ​သို့ ဝင်​၍ နေကြ၏။ ထို​လူ​၏​အခြေအနေ​သည်လည်း မူလ​ထက် ပို၍​ဆိုးသွမ်းလေ၏။ ဤ​ဆိုးညစ်သော​မျိုးဆက်​သည်လည်း ထို​နည်းတူ ဖြစ်​လိမ့်မည်” ဟု မိန့်တော်မူ၏။


ယေရှု​နှင့် တပည့်တော်တို့​သည် ဂါလိလဲပြည်​တွင် အတူ​စုဝေးနေကြ​စဉ် ယေရှု​က “လူသား​သည် လူတို့​လက်​သို့ အပ်နှံခံရ​လိမ့်မည်။


ယေရှု​က “ဤ​နတ်ဆိုးမျိုး​သည် ဆုတောင်းခြင်း​အားဖြင့်​သာလျှင် ထွက်တတ်သည်” ဟု မိန့်တော်မူ၏။


ထို​သူတို့​သည် သခင်ဘုရား​ကို​ဝတ်ပြု​၍ အစာရှောင်နေကြ​စဉ် သန့်ရှင်းသော​ဝိညာဉ်တော်​က “ငါ​ခန့်အပ်သော​အမှု​ကို ဆောင်ရွက်​ရန် ဗာနဗ​နှင့် ရှောလု​တို့​ကို သီးသန့်​ရွေးချယ်ကြလော့” ဟု ဆို၏။


အသင်းတော်​တိုင်း​တွင် အကြီးအကဲများ​ကို​ခန့်ထားကြ၏။ ထို့နောက် အစာရှောင်​ဆုတောင်း​၍ ထို​အကြီးအကဲများ​ကို သူတို့​ယုံကြည်သော သခင်ဘုရား​ထံ အပ်နှံကြ၏။


လင်မယား​ဝတ်​ကို မရှောင်ကြနှင့်။ သို့သော် ဆုတောင်းချိန်​တွင် အပြည့်အဝ​ဆုတောင်း​နိုင်ရန် နှစ်ဦး​သဘောတူညီချက်​ဖြင့် သတ်မှတ်ထားသော အချိန်​အတိုင်းအတာ​အတွင်း ရှောင်ကြဉ်နိုင်၏။ လင်မယား​ဝတ်​ကို ရှောင်​လျှင် စာတန်​သည် သင်တို့​၏ မထိန်းချုပ်နိုင်ခြင်း​အပေါ် အခွင့်ကောင်း​ယူ​၍ သင်တို့​ကို သွေးဆောင်မည်​ကို စိုးရ​သောကြောင့် အချိန်စေ့​လျှင် လင်မယား​ဝတ်​ကို ပြန်​၍ ပြုကြလော့။


အလုပ်​ကို ခက်ခက်ခဲခဲ​ဖြင့် ပင်ပန်းကြီးစွာ​လုပ်ကိုင်ရခြင်း၊ မကြာခဏ​အိပ်ရေးပျက်ခြင်း၊ ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏ​အစာ​ပြတ်လပ်ခြင်း၊ အအေးဒဏ်​ခံရခြင်း၊ ဝတ်စရာ​မလုံလောက်ခြင်း စသည်တို့​နှင့် ကြုံခဲ့ရ၏။


အမျိုးမျိုးသော ဆုတောင်းခြင်း​နှင့် အသနားခံခြင်းတို့​ဖြင့် ဝိညာဉ်တော် ညွှန်ကြားတော်မူသည့်​အတိုင်း အချိန်အခါ​တိုင်း​တွင် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်း​နိုင်ရန် နိုးနိုးကြားကြား နေ​၍ ယုံကြည်သူ​အပေါင်းတို့​အတွက် ဇွဲမလျှော့ဘဲ ဆုတောင်းကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ