Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 2:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 သင်တို့​သည် လူသား​အားလုံး​အတွက် အသနားခံခြင်း၊ ဆုတောင်းပေးခြင်း၊ ကိုယ်စားပြု​တောင်းလျှောက်ပေးခြင်း၊ ဘုရားသခင်​၏ ကျေးဇူးတော်​ကို ချီးမွမ်းခြင်း​တို့ကို ဦးစားပေး​ဆောင်ရွက်​ရန် ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 သို့​ဖြစ်​၍​ပ​ထ​မ​ဦး​စွာ​လူ​အ​ပေါင်း​တို့ အ​တွက် ဘု​ရား​သ​ခင်​အား​လျှောက်​ထား အ​သ​နား​ခံ​ခြင်း၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​ခြင်း၊ တောင်း​ခံ​ခြင်း၊ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ခြင်း​တို့​ကို​ပြု​ကြ​ရန်​ငါ​တိုက်​တွန်း​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1-2 ထို ကြောင့် ငါ ဦး စွာ နှိုး ဆော် သည် မှာ ငါ တို့ သည် ဘု ရား တ ရား ကို လုံး လုံး ကြည် ညို လျက် ငြိမ် ဝပ် ချမ်း သာ စွာ နေ ခွင့် ရ စေ ရန် ဘု ရင် မင်း များ၊ အ စိုး ရ မင်း များ မှ စ ၍ ခပ် သိမ်း တို့ အ ဖို့ မေ တ္တာ ပို့ ခြင်း၊ တောင်း လျှောက် ခြင်း၊ အ သ နား တော် ခံ ခြင်း၊ ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1-2 ငါ​တို့​သည် ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း၊ လျောက်​ပတ်​စွာ ကျင့်​ခြင်း​အ​မျိုး​မျိုး​ကို​ပြု၍၊ ငြိမ်​ဝပ်​ဆိတ်​ညံ​စွာ နေ​ရ​မည်​အ​ကြောင်း၊ ရှင်​ဘု​ရင်​မှ​စ၍ မင်း​အာ​ဏာ​ရှိ​သော သူ​အ​ပေါင်း​တို့​နှင့် လူ​အ​မျိုး​မျိုး​တို့​အ​ဖို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း၊ မေ​တ္တာ​ပို့​ခြင်း၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​ကို ရှေ့​ဦး​စွ​ပြု​စေ​ခြင်း​ငှာ ငါ​တိုက်​တွန်း သွေး​ဆောင်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 သို့ဖြစ်၍ လူ​အပေါင်း​တို့​အတွက်​လည်းကောင်း၊ ရှင်ဘုရင်​များ​နှင့် အထက်​အာဏာပိုင်​အားလုံး​တို့​အတွက်​လည်းကောင်း အသနားခံ​ခြင်း၊ ဆုတောင်း​ခြင်း၊ ကြားခံ​တောင်းလျှောက်​ခြင်း​နှင့် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​တို့​ကို​ပြု​ရန် ပထမ​ဦးစွာ ငါ​တိုက်တွန်း​နှိုးဆော်​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 2:1
26 ပူးပေါင်းရင်းမြစ်များ  

ဤသို့ ယခင်​အချိန်ကာလများ​တွင် လူတို့​၏​မသိ​နားမလည်ခြင်း​ကို ဘုရားသခင်​သည် အမှုမထားခဲ့​သော်လည်း ယခု​မှာ နေရာ​အသီးသီး​တွင်​ရှိသော လူ​အပေါင်းတို့​ကို နောင်တရ​ရန် အမိန့်ပေးတော်မူ၏။


သင်တို့​၏​ယုံကြည်ခြင်း​သတင်း​သည် ကမ္ဘာ​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​လျက်​ရှိ​သဖြင့် ယေရှု​ခရစ်တော်​ပြုခဲ့သော​အမှု​ကို အကြောင်းပြု​၍ သင်တို့​အားလုံး​အတွက် ကျွန်ုပ်​၏​ဘုရားသခင်​ကို ဦးစွာ​ကျေးဇူးတင်ပါ၏။


သင်တို့​သည် တစ်ချိန်က အပြစ်တရား​၏​ကျွန် ဖြစ်ခဲ့ဖူး​သော်လည်း ယခု​တွင် သင်တို့​သင်ယူခဲ့သော တရားတော်​ကို စိတ်နှလုံး​အပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။


ကျွန်ုပ်​ကိုယ်တိုင် ခံယူ​ရရှိခဲ့သည့် အရေးကြီးဆုံးသော​အရာ​ကို သင်တို့​အား ကျွန်ုပ်​လက်ဆင့်ကမ်းခဲ့၏။ ထို​အရာ​မှာ ကျမ်းစာ​၌ ဖော်ပြထားသည့်​အတိုင်း ခရစ်တော်​သည် ကျွန်ုပ်တို့​၏ အပြစ်များ​အတွက် အသေခံတော်မူသည့်​အကြောင်း၊


ထို့ကြောင့် တိတု​သည် သင်တို့​အထဲ​၌ ဤ​လှူဒါန်းခြင်း​ကို စတင်​ဆောင်ရွက်ခဲ့သည့်​အားလျော်စွာ ပြီးမြောက်​အောင် ဆောင်ရွက်​နိုင်ရန် သူ့​အား ကျွန်ုပ်တို့​တိုက်တွန်းခဲ့၏။


သို့ဖြစ်၍ သင်တို့​အတွက် ကျွန်ုပ် ခံရသော ဆင်းရဲ​ဒုက္ခ​ကြောင့် စိတ်ပျက်​အားလျော့ခြင်း မရှိကြ​ရန် ကျွန်ုပ် တောင်းပန်​လို၏။ ထို​အရာများ​အတွက် သင်တို့ ဂုဏ်ယူ​သင့်၏။


ကျွန်ုပ်တို့​သခင် ယေရှု​ခရစ်တော်​၏ အမည်​နာမတော်​ကို အမှီပြု​၍ အရာ​အားလုံး​အတွက် ခမည်းတော်​ဘုရားသခင်​အား အစဉ် ကျေးဇူးတင်ကြလော့။


အမျိုးမျိုးသော ဆုတောင်းခြင်း​နှင့် အသနားခံခြင်းတို့​ဖြင့် ဝိညာဉ်တော် ညွှန်ကြားတော်မူသည့်​အတိုင်း အချိန်အခါ​တိုင်း​တွင် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်း​နိုင်ရန် နိုးနိုးကြားကြား နေ​၍ ယုံကြည်သူ​အပေါင်းတို့​အတွက် ဇွဲမလျှော့ဘဲ ဆုတောင်းကြလော့။


ကျွန်ုပ်​သည် သင်တို့​ကို သတိရ​တိုင်း ကျွန်ုပ်​၏ ဘုရားသခင်​ကို ကျေးဇူးတင်၏။


မည်သည့်​အမှု​ကိုမျှ မစိုးရိမ်ဘဲ အခြေအနေ​တိုင်း​၌ ကျေးဇူးတော်​ကို ချီးမွမ်း​၍ ဆုတောင်းခြင်း၊ အသနားခံခြင်းတို့​ဖြင့် သင်တို့ လိုအပ်သော​အရာများ​ကို ဘုရားသခင်​ထံ တောင်းလျှောက်ကြလော့။


ကျွန်ုပ်တို့​၏ မေတ္တာ​သည် သင်တို့​အပေါ်​တွင် ပွားများ​သကဲ့သို့ သင်တို့​၏ မေတ္တာ​သည်လည်း သင်တို့​အချင်းချင်း​နှင့် လူတိုင်း​အပေါ်​တွင် ပို၍ ပွားများ​ရန် သခင်ဘုရား ပြုတော်မူပါစေသော။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​သည် ပြုသင့်သည့်​အတိုင်း သင်တို့​အတွက် ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ယုံကြည်ခြင်း​သည် အလွန်​တိုးပွား​ကာ အချင်းချင်း​အပေါ် ထားသော ချစ်ခြင်းမေတ္တာ​သည်လည်း ပွားများလာ​သောကြောင့် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် လူသား​အားလုံး ကယ်တင်ခြင်း​ခံရပြီး သမ္မာတရား​ကို သိရှိ​နားလည်​စေလိုတော်မူ​သောကြောင့် ဖြစ်၏။


အမှန်တကယ်​ခိုကိုးရာမဲ့ပြီး စောင့်ရှောက်သူ​မရှိသော မုဆိုးမ​သည် ဘုရားသခင်​ကို မျှော်လင့်​လျက် နေ့ညမပြတ် အသနားခံ​၍ ဆုတောင်းတတ်၏။


သခင်ဘုရား​၏ အစေအပါး​သည် ခိုက်ရန်​မဖြစ်ဘဲ လူအပေါင်းတို့​အပေါ် နူးညံ့သိမ်မွေ့​စွာ ဆက်ဆံ​တတ်ပြီး သင်ကြားပေးတတ်သူ၊ သည်းခံ​နိုင်စွမ်း​ရှိသူ ဖြစ်ရမည်။


အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့​ကို ကယ်တင်​ရန် ဘုရားသခင်​၏ ကျေးဇူးတော်​သည် ထင်ရှားလာ​သောကြောင့် ဖြစ်၏။


သူတို့​သည် မည်သူ့​ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်း မပြုဘဲ လူတိုင်း​အပေါ် ထောက်ထား​ညှာတာသော စိတ်​နှင့် နူးညံ့သိမ်မွေ့​စွာ ဆက်ဆံရမည်။


သင်တို့​တစ်ဦးစီ​တိုင်း​သည် အဆုံး​တိုင်အောင် စိတ်အားထက်သန်မှု​ကို ယခု​အတိုင်း ပြသနိုင်​ရန် ကျွန်ုပ်တို့​အလို​ရှိ၏။ သို့မှသာ သင်တို့​မျှော်လင့်သည့်​အရာ​ကို အသေအချာ ရရှိ​နိုင်​လိမ့်မည်။


ထို့ကြောင့် သင်တို့​သည် ကျန်းမာခွင့်​ရ​ရန် မိမိတို့​၏​အပြစ်များ​ကို အချင်းချင်း ဖွင့်ဟ​ဝန်ခံ​လျက် အချင်းချင်း​အတွက် ဆုတောင်းပေးကြလော့။ ဖြောင့်မတ်သောသူ​၏​ဆုတောင်းခြင်း​သည် အလွန်​တန်ခိုးကြီး​၍ ထိရောက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ