မျက်မမြင်တို့သည် မျက်စိမြင်ကြပြီ။ ခြေမသန်သူတို့သည် လမ်းလျှောက်ကြပြီ။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ကြပြီ။ နားမကြားသောသူတို့သည် ကြားကြပြီ။ သေဆုံးသောသူတို့သည် ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့သည်လည်း သတင်းကောင်းကို ကြားကြရပြီ။
လုကာ 6:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် သူ၏တပည့်တော်များဘက်သို့ လှည့်၍ မိန့်တော်မူသည်မှာ “ဆင်းရဲသောသင်တို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံ ဖြစ်သောကြောင့်ပင်။ Common Language Bible သခင်ယေရှုသည်တပည့်တော်တို့ကို ကြည့်တော်မူပြီးလျှင် ``ဆင်းရဲသူတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်၏နိုင်ငံတော်သည်သင်တို့၏နိုင်ငံ ဖြစ်၏။ Garrad Bible ထို အ ခါ တ ပည့် တော် တို့ ကို မြော် ကြည့် လျက် မိန့် တော် မူ သည် မှာ၊ ဆင်း ရဲ သော သင် တို့၌ မင်္ဂ လာ ရှိ၏။ ဘု ရား သ ခင့် နိုင် ငံ တော် သည် သင် တို့ နိုင် ငံ ဖြစ်၏။ Judson Bible ထိုအခါ ကိုယ်တော်သည်မျှော်၍ တပည့်တော်တို့ကို ကြည့်ရှုတော်မူလျှင်၊ ဆင်းရဲသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်သည် တပည့်တော်တို့ဘက်သို့မျက်နှာမူလျက် မြွက်ဆိုတော်မူသည်မှာ“ဆင်းရဲနွမ်းပါးသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။ မြန်မာ ထိုအခါ ကိုယ်တော်သည်မျှော်၍ တပည့်တော်တို့ကို ကြည့်ရှုတော်မူလျှင်၊ ဆင်းရဲသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။- |
မျက်မမြင်တို့သည် မျက်စိမြင်ကြပြီ။ ခြေမသန်သူတို့သည် လမ်းလျှောက်ကြပြီ။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ကြပြီ။ နားမကြားသောသူတို့သည် ကြားကြပြီ။ သေဆုံးသောသူတို့သည် ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့သည်လည်း သတင်းကောင်းကို ကြားကြရပြီ။
ထို့နောက် ရှင်ဘုရင်က သူ၏ လက်ယာတော်ဘက်၌ ရှိသောသူတို့အား ‘ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံစားရသူတို့… လာကြလော့။ ကမ္ဘာတည်ကတည်းကပင် သင်တို့အဖို့ ပြင်ဆင်ထားသော နိုင်ငံတော်ကို အမွေဆက်ခံကြလော့။
တစ်နေ့၌ ယေရှုသည် လူထုပရိသတ်များကို မြင်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ထံသို့ စုဝေးလာကြ၏။
အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့၏အဖသည် သင်တို့အား နိုင်ငံတော်ကို ပေးရန် အလိုတော်ရှိတော်မူ၏။
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ပရောဖက် အားလုံးတို့သည် ဘုရားသခင်၏နိုင်ငံတော်ထဲ၌ ရှိနေသည်ကို မြင်ရသော်လည်း သင်တို့သည် အပြင်သို့ နှင်ထုတ်ခြင်းခံရကြမည်။ ထိုနေရာ၌ သင်တို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်။
ယေရှုအနီးတွင် ထိုင်နေသူတစ်ဦးက ထိုစကားတော်ကို ကြားသောအခါ “ဘုရားသခင်၏နိုင်ငံတော်ထဲ၌ စားသောက်ခွင့်ရမည့်သူသည် မင်္ဂလာရှိ၏” ဟု လျှောက်လေ၏။
သို့ရာတွင် အာဗြဟံက ‘ငါ့သား… သင်အသက်ရှင်စဉ်ဘဝတွင် ကောင်းမွန်သောအရာများကို ခံစားခဲ့ရပြီး လာဇရုမှာ မကောင်းသောအရာများကိုသာ ခံစားခဲ့ရသည်ကို သတိရလော့။ ထို့ကြောင့် သူသည် ဤနေရာတွင် သက်သာခြင်းကို ခံစားရ၍ သင်သည် ပြင်းထန်စွာ ဝေဒနာခံစားရ၏။
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် သတင်းကောင်းကို ဆင်းရဲသောသူတို့အား ဟောပြောရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ ဖမ်းဆီးချုပ်နှောင်ခံရသူများ လွတ်ငြိမ်းချမ်းသာခွင့် ရမည့်အကြောင်းနှင့် မျက်မမြင်များ မျက်စိပြန်မြင်ကြရမည့်အကြောင်းကို ဟောပြောရန်လည်းကောင်း၊ ဖိနှိပ်ချုပ်ချယ်ခံရသူများအား လွတ်လပ်ခွင့်ကို ပေးမည့်အကြောင်းနှင့်
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
ဝမ်းနည်းသောသူများကဲ့သို့ဖြစ်သော်လည်း အစဉ်အမြဲဝမ်းမြောက်ကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း လူအမြောက်အမြားကို ချမ်းသာစေကြ၏။ မည်သည့်အရာမျှ မရှိသောသူကဲ့သို့ ဖြစ်သော်လည်း အရာအားလုံးကို ပိုင်ဆိုင်ကြ၏။
သူတို့သည် ဆင်းရဲဒုက္ခများကို အလူးအလဲ ခံခဲ့ကြရ၏။ သို့ရာတွင် သူတို့သည် အလွန်ပျော်ရွှင်ခဲ့ကြသဖြင့် အလွန်ဆင်းရဲသော်လည်း ရက်ရောစွာ လှူဒါန်းကြ၏။
ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့သိကြ၏။ ကိုယ်တော်သည် ချမ်းသာသော်လည်း သင်တို့၏ အကျိုးကိုထောက်၍ ဆင်းရဲခံတော်မူ၏။ ထိုသို့ဆင်းရဲခံတော်မူခြင်းမှာ သင်တို့ ချမ်းသာလာစေရန် ဖြစ်၏။
သင်တို့သည် သခင်ဘုရားနှင့် ကျွန်ုပ်တို့ကို အတုယူသူများဖြစ်ကြ၏။ သင်တို့သည် ပြင်းထန်သော ဆင်းရဲဒုက္ခကြုံရသော်လည်း သန့်ရှင်းသောဝိညာဉ်တော်ပေးသည့် ဝမ်းမြောက်ခြင်းဖြင့် သတင်းကောင်းကို လက်ခံခဲ့ကြ၏။
ဤအရာသည် ဘုရားသခင်၏ တရားစီရင်တော်မူခြင်းက တရားမျှတကြောင်း ပေါ်လွင်သည့် အထောက်အထားဖြစ်ပြီး ထိုသို့ ဘုရားသခင်၏ နိုင်ငံတော်အတွက် ဆင်းရဲဒုက္ခခံရသောကြောင့် ထိုနိုင်ငံတော်နှင့် ထိုက်တန်သည်ဟု သတ်မှတ်ခံရရန် ရည်ရွယ်၏။
ဒုက္ခဆင်းရဲတို့ဖြင့် စမ်းသပ်ခြင်းကို အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုစမ်းသပ်ခြင်းကို အောင်မြင်သောအခါ ဘုရားသခင်ကို ချစ်သောသူတို့အတွက် ကတိထားတော်မူသည့် အသက်ဆုသရဖူကို ရမည်ဖြစ်သောကြောင့်ပင်။
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။
သင်၏ဒုက္ခဝေဒနာနှင့်ဆင်းရဲခြင်းကို ငါသိ၏။ အမှန်စင်စစ် သင်သည် ချမ်းသာ၏။ မိမိကိုယ်မိမိ ဂျူးဖြစ်သည်ဟု ဆိုကြသော်လည်း ဂျူးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့က သင့်အား အသရေဖျက်ပြောဆိုသည်ကိုလည်း ငါသိ၏။