Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 14:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ယေရှု​အနီး​တွင် ထိုင်နေသူ​တစ်ဦး​က ထို​စကားတော်​ကို ကြား​သောအခါ “ဘုရားသခင်​၏​နိုင်ငံတော်​ထဲ​၌ စားသောက်ခွင့်​ရမည့်သူ​သည် မင်္ဂလာရှိ၏” ဟု လျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ကိုယ်​တော်​နှင့်​အ​တူ​ထိုင်​နေ​သူ​လူ​တစ်​ယောက် သည်​ထို​စ​ကား​တော်​ကို​ကြား​လျှင် ``ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​တွင်​ပွဲ​ဝင်​ရ​မည့်​သူ​သည် မင်္ဂ​လာ​ရှိ​၏'' ဟု​လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ထို စ ကား များ ကို ကြား သော စား ပွဲ တော် ထိုင် ဘက် တစ် ယောက် က ဘု ရား သ ခင့် နိုင် ငံ တော် တွင် သုံး ဆောင် ရ မည့် သူ၌ မင်္ဂ လာ ရှိ ပေ သည် ဟု ဆို သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 စား​ပွဲ၌ လျောင်း​သော​သူ​တစ်​ယောက်​သည် ထို​စ​ကား​တော်​ကို ကြား​လျှင်၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်၌ ပွဲ​ဝင်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု လျှောက်​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ကိုယ်တော်​နှင့်အတူ​ထိုင်​နေ​သော​သူ​တစ်​ဦး​သည် ထို​စကား​တော်​တို့​ကို​ကြား​လျှင် “ဘုရားသခင်​၏​နိုင်ငံ​တော်​တွင် စားသောက်​ပွဲ​၌​ပါဝင်​ရ​သော​သူ​သည် မင်္ဂလာရှိ​၏”​ဟု လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

15 စား​ပွဲ၌ လျောင်း​သော​သူ​တစ်​ယောက်​သည် ထို​စ​ကား​တော်​ကို ကြား​လျှင်၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်၌ ပွဲ​ဝင်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု လျှောက်​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 14:15
8 ပူးပေါင်းရင်းမြစ်များ  

ပညာသတိမဲ့သော အပျိုရံတို့​သည် ဆီ​ဝယ်​ရန် သွားနေကြ​စဉ် သတို့သား​ရောက်လာ၏။ အဆင်သင့်​ရှိနေသော အပျိုရံတို့​သည် သတို့သား​နှင့်အတူ မင်္ဂလာဆောင်ပွဲ​သို့ ဝင်သွား​ပြီးနောက် တံခါး​သည်လည်း ပိတ်လေ၏။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ လူမျိုးခြား​များစွာတို့​သည် အရှေ့အရပ်​နှင့် အနောက်အရပ်​မှ လာ​၍ ကောင်းကင်​နိုင်ငံတော်​၏ စားသောက်ပွဲ​၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်​တို့​နှင့်အတူ စားသောက်ကြ​လိမ့်မည်။


ထိုသို့ သခင်​၏​အိမ်​အပြန်​ကို အသင့်​စောင့်နေကြသော​အစေခံ​တို့​သည် မင်္ဂလာ​ရှိကြ၏။ ငါ​အမှန်​ဆိုရ​လျှင် ထို​သခင်​သည် အစေခံများ​အား ထိုင်စေ​၍ ခါးစည်း​ကို ဝတ်​လျက် မိမိကိုယ်တိုင် ဧည့်ခံကျွေးမွေး​လိမ့်မည်။


ကမ္ဘာ​တစ်ဝန်းလုံး​ရှိ လူအပေါင်းတို့​သည် အရှေ့၊ အနောက်၊ တောင်၊ မြောက်​မှ ရောက်လာကြ​၍ ဘုရားသခင်​၏​နိုင်ငံတော်​ထဲ​၌ စားသောက်ကြ​လိမ့်မည်။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ ပသခါပွဲတော်​သည် ဘုရားသခင်​၏​နိုင်ငံတော်​တွင် မပြည့်စုံမီ​အချိန်​ထိ ဤ​ပသခါပွဲတော်​ညစာ​ကို နောက်တစ်ဖန် ငါ​စားမည်​မဟုတ်” ဟု မိန့်တော်မူ၏။


သို့ဖြစ်၍ သင်တို့​သည် ငါ့​နိုင်ငံတော်၊ ငါ့​စားပွဲ​တွင် စားသောက်ခွင့်​ရ​လိမ့်မည်။ ထို့ပြင် ရာဇပလ္လင်များ​ပေါ်တွင်​ထိုင်​လျက် အစ္စရေး​မျိုးနွယ်စု ဆယ့်နှစ်စု​ကို တရားစီရင်ကြ​လိမ့်မည်။


ထိုအခါ ကောင်းကင်တမန်​က “ဤ​စာ​ကို ရေးထားလော့။ သိုးသငယ်​၏​မင်္ဂလာပွဲ​သို့ ဖိတ်ကြားခံရသော​သူတို့​သည် မင်္ဂလာ​ရှိကြ၏” ဟု ကျွန်ုပ်​အား ပြော၏။ ထို့နောက် “ဤ​အရာများ​သည် ဘုရားသခင်​၏ မှန်ကန်သော နှုတ်တော်ထွက်​စကားများ​ဖြစ်၏” ဟု ထပ်မံ​ပြောဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ