Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 6:20 - မြန်မာ

20 ထို​အ​ခါ ကိုယ်​တော်​သည်​မျှော်၍ တ​ပည့်​တော်​တို့​ကို ကြည့်​ရှု​တော်​မူ​လျှင်၊ ဆင်း​ရဲ​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် သင်​တို့၏​နိုင်​ငံ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ကို ကြည့်​တော်​မူ​ပြီး​လျှင် ``ဆင်း​ရဲ​သူ​တို့၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​သင်​တို့​၏​နိုင်​ငံ ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ထို အ ခါ တ ပည့် တော် တို့ ကို မြော် ကြည့် လျက် မိန့် တော် မူ သည် မှာ၊ ဆင်း ရဲ သော သင် တို့၌ မင်္ဂ လာ ရှိ၏။ ဘု ရား သ ခင့် နိုင် ငံ တော် သည် သင် တို့ နိုင် ငံ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ထို​အ​ခါ ကိုယ်​တော်​သည်​မျှော်၍ တ​ပည့်​တော်​တို့​ကို ကြည့်​ရှု​တော်​မူ​လျှင်၊ ဆင်း​ရဲ​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် သင်​တို့၏​နိုင်​ငံ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထိုအခါ ကိုယ်တော်​သည် တပည့်​တော်​တို့​ဘက်​သို့​မျက်နှာမူ​လျက် မြွက်ဆို​တော်မူ​သည်​မှာ“ဆင်းရဲ​နွမ်းပါး​သော​သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​၏​နိုင်ငံ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ထို့နောက် ယေရှု​သည် သူ​၏​တပည့်တော်များ​ဘက်​သို့ လှည့်​၍ မိန့်တော်မူသည်မှာ “ဆင်းရဲသော​သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​နိုင်ငံတော်​သည် သင်တို့​၏​နိုင်ငံ ဖြစ်​သောကြောင့်​ပင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 6:20
35 ပူးပေါင်းရင်းမြစ်များ  

မျက်​စိ​ကန်း​သော သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်း​သော သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။ ဆင်း​ရဲ​သား​တို့​သည်​လည်း ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ရ​ကြ၏။-


ထို​အ​ခါ လက်​ယာ​တော်​ဘက်၌​ရှိ​သော သူ​တို့​အား မင်း​ကြီး​က၊ ငါ့​ခ​မည်း​တော်​ထံ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​သော​သူ​တို့၊ က​မ္ဘာ​ဦး​က​ပင် သင်​တို့​အ​ဖို့ ပြင်​ဆင်​သော​နိုင်​ငံ​ကို လာ၍ အ​မွေ​ခံ​ကြ​လော့။-


ထို​လူ​အ​ပေါင်း​တို့​ကို မြင်​လျှင်၊ ကိုယ်​တော်​သည် တောင်​ပေါ်​သို့​တက်၍ ထိုင်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ရင်း​သို့ ချဉ်း​ကပ်​ကြ၏။-


သိုး​စု​ငယ်၊ သင်​တို့​သည် မ​ကြောက်​ကြ​နှင့်။ သင်​တို့​အ​ဘ​သည် သင်​တို့​အား နိုင်​ငံ​ကို​ပေး​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ၏။-


ထို​အ​ခါ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ​သော ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ထဲ​သို့ ဝင်၍၊ သင်​တို့​သည် ပြင်​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော​အ​ခါ ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း ရှိ​လ​တ္တံ့။-


စား​ပွဲ၌ လျောင်း​သော​သူ​တစ်​ယောက်​သည် ထို​စ​ကား​တော်​ကို ကြား​လျှင်၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်၌ ပွဲ​ဝင်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု လျှောက်​သော်၊-


အာ​ဗြ​ဟံ​က​လည်း၊ ငါ့​သား၊ သင်​သည် အ​သက်​ရှင်​စဉ်​အ​ခါ ချမ်း​သာ​ရ​သည်​ကို​လည်း​ကောင်း၊ လာ​ဇ​ရု​သည် ဆင်း​ရဲ​စွာ နေ​ရ​သည်​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ယ​ခု​မူ​ကား၊ သူ​သည် သက်​သာ​ခြင်း​ရှိ၏။ သင်​သည် ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ၏။-


ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်၌ တည်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ