Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 6:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ဝမ်းနည်းသောသူများ​ကဲ့သို့​ဖြစ်သော်လည်း အစဉ်အမြဲ​ဝမ်းမြောက်ကြ၏။ ဆင်းရဲသောသူ​ကဲ့သို့​ဖြစ်​သော်လည်း လူအမြောက်အမြား​ကို ချမ်းသာ​စေကြ၏။ မည်သည့်​အရာ​မျှ မရှိသောသူ​ကဲ့သို့ ဖြစ်သော်လည်း အရာ​အားလုံး​ကို ပိုင်ဆိုင်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ဝမ်း​နည်း​ရ​သော်​လည်း​အ​စဉ်​ဝမ်း​မြောက်​ကြ ၏။ သူ​ဆင်း​ရဲ​များ​ကဲ့​သို့​ဖြစ်​သော်​လည်း​လူ အ​မြောက်​အ​မြား​ကို​ချမ်း​သာ​ကြွယ်​ဝ​စေ ကြ​၏။ ပစ္စည်း​ဥစ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ပိုင် သူ​များ​ကဲ့​သို့​ဖြစ်​သော်​လည်း​အ​လုံး​စုံ​တို့ ကို​ပိုင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ပူ ပန် သူ အ နေ နှင့် အ စဉ် ရွှင် လန်း သူ၊ ဆင်း ရဲ သူ အ နေ နှင့် အ များ ကို ကြွယ် ဝ စေ သူ၊ လက် မဲ့ သူ အ နေ နှင့် အ ရာ ခပ် သိမ်း လက် ရှိ သူ များ ဖြစ် ခြင်း အား ဖြင့် လည်း ကောင်း ကိုယ် ကို ထောက် ခံ ကြ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ဝမ်း​နည်း​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ အ​စဉ်​ဝမ်း​မြောက်​သော​သူ၊ ဆင်း​ရဲ​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ လူ​အ​များ​ကို ရ​တတ်​စေ​သော​သူ၊ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပိုင်​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ အ​လုံး​စုံ​တို့​ကို​ပိုင်​သော​သူ ဖြစ်​သ​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​သော ဓ​မ္မ​ဆ​ရာ​မှန်​ကြောင်း​ကို အ​ရာ​ရာ၌ ထင်​ရှား​စွာ​ပြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ဝမ်းနည်း​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အစဉ်​ဝမ်းမြောက်​လျက်​ရှိ​ကြ​၏။ ဆင်းရဲ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း များစွာ​သော​သူ​တို့​ကို ကြွယ်ဝ​ပြည့်စုံ​စေ​ကြ​၏။ မည်သည့်​အရာ​မျှ​မ​ရှိ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အလုံးစုံ​ကို​ပိုင်ဆိုင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 6:10
43 ပူးပေါင်းရင်းမြစ်များ  

ထို​အရာ​အတွက် ဝမ်းမြောက်​ပျော်ရွှင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ​၌ သင်တို့​၏​ဆုလာဘ်​သည် ကြီးမားလှ၏။ ရှေး​ပရောဖက်များ​သည်လည်း ထိုနည်းတူ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ကြရ၏။


ငိုကြွေးမြည်တမ်းသော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် နှစ်သိမ့်ခြင်း​ကို ခံကြရမည်​ဖြစ်​သောကြောင့်ပင်။


ယခု ဆာလောင်မွတ်သိပ်​နေသော​သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဝလင်​စွာ စားရသော​အခွင့်​ကို ရကြမည်​ဖြစ်သောကြောင့်​ပင်။ ယခု​ငိုကြွေး​ဝမ်းနည်းသော​သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​ရယ်မော​ရသော​အချိန်​သည် ရောက်လာမည်​ဖြစ်သောကြောင့်​ပင်။


ထို​နည်းတူ သင်တို့​သည် ယခု​ဝမ်းနည်းကြ၏။ သို့သော် ငါ​သည် သင်တို့​နှင့် ပြန်​တွေ့မည်​ဖြစ်သောကြောင့် သင်တို့​သည် ဝမ်းမြောက်ကြ​လိမ့်မည်။ ထို​ဝမ်းမြောက်ခြင်း​ကိုလည်း မည်သူ​ကမျှ လုယူ​ဖျက်ဆီး​၍ မရနိုင်။


သန်းခေါင်​အချိန်​တွင် ပေါလု​နှင့် သိလ​တို့​သည် ဘုရားသခင်​ထံ ဆုတောင်း​၍ ဓမ္မ​သီချင်းများ​ကို သီဆိုနေကြ၏။ အကျဉ်းသားများ​သည်လည်း နားထောင်နေကြ၏။


သို့ရာတွင် ပေတရု​က “ငါ့​ထံ၌ ရွှေ၊ ငွေ​မရှိ။ သို့သော်လည်း ငါ့​ထံ၌​ရှိသော​အရာ​ကို သင့်​အား​ပေးမည်။ နာဇရက်မြို့သား ယေရှု​ခရစ်တော်​၏​အမည်​နာမ​၌ ထ​၍ လမ်းလျှောက်လော့” ဟု ပြောလေ၏။


တမန်တော်တို့​သည် ယေရှု​၏​အမည်​နာမ​ကြောင့် အရှက်ခွဲခြင်း​ကို​ခံထိုက်သူများ​အဖြစ် ဘုရားသခင်​မှတ်ယူတော်မူ​သောကြောင့် ဝမ်းမြောက်​လျက် တရားလွှတ်တော်​မှ ထွက်သွားကြ၏။


အစ္စရေးလူမျိုးတို့​၏ မနာခံခြင်း​သည် လောကီသားတို့​၏ ကြွယ်ဝခြင်း​ကို​လည်းကောင်း၊ အစ္စရေးလူမျိုးတို့​၏ ဆုံးရှုံးခြင်း​သည် လူမျိုးခြားတို့​၏ ကြွယ်ဝခြင်း​ကို​လည်းကောင်း ဖြစ်​စေလျှင် ဘုရားသခင်​၏ ကယ်တင်ခြင်း​ကို သူတို့​လက်ခံ​သောအခါ မည်မျှ​ကြီးသော ကြွယ်ဝမှု​ကို ဖြစ်စေမည်နည်း။


ဝမ်းမြောက်သော​သူတို့​နှင့်အတူ ဝမ်းမြောက်ကြလော့။ ငိုကြွေးသော​သူတို့​နှင့်အတူ ငိုကြွေးကြလော့။


ဘုရားသခင်​ကို သင်တို့​ယုံကြည်​သောကြောင့် မျှော်လင့်ခြင်း​၏ အရှင် ထို​ဘုရားသခင်​သည် သင်တို့​အား ဝမ်းမြောက်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့​အားဖြင့် သင်တို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​ကြောင့် မျှော်လင့်ခြင်း​အပြည့်အဝ ရှိ​လိမ့်မည်။


ကျွန်ုပ်တို့​အားလုံး​အတွက် မိမိ​သားတော်​ရင်း​ကိုပင် မနှမြောဘဲ စွန့်တော်မူသော ဘုရားသခင်​သည် ထို​သားတော်​နှင့်တကွ ရှိသမျှ​အရာခပ်သိမ်း​ကိုလည်း ကျွန်ုပ်တို့​အား မပေးဘဲ နေတော်မူမည်လော။


အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ခရစ်တော်​အားဖြင့် အပြောအဆို​၌​ဖြစ်စေ၊ အသိပညာ​၌​ဖြစ်စေ၊ အဘက်ဘက်​၌ ကြွယ်ဝ​ပြည့်စုံလာကြ​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်​သည် အလွန်​စိတ်ဆင်းရဲခြင်း​နှင့် ပူဆွေးခြင်း​ထဲမှ မျက်ရည်များ​ဖြင့် ထို​စာ​ကို​ရေးခဲ့၏။ သင်တို့​ကို ဝမ်းနည်း​စေလို​သောကြောင့် မဟုတ်ဘဲ သင်တို့​ကို ကျွန်ုပ် မည်မျှ​ချစ်ကြောင်း​ကို သိစေလို​သောကြောင့် ရေးခဲ့ခြင်း​ဖြစ်၏။


ဤ​အခြင်းအရာ​အားလုံး​သည် သင်တို့​အကျိုး​အတွက်​ဖြစ်၏။ ဤသည်​မှာ ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရသောသူ ပို၍​များလာသည်​နှင့်အမျှ ဘုရားသခင်​၏ ဘုန်းတော်​ထင်ရှား​ရန် ကျေးဇူးတော်​ချီးမွမ်းခြင်း​သည်လည်း ပို၍ များလာ​ရန်​ဖြစ်၏။


ထွန်းလင်းနေသည့် ထို​ရတနာ​သည် မြေအိုး​သဖွယ်​ဖြစ်သော ကျွန်ုပ်တို့​ထဲ၌ ရှိ၏။ ဤသည်​မှာ သတင်းကောင်း​၏​ကြီးမြတ်သော​တန်ခိုး​သည် ကျွန်ုပ်တို့​ထံမှ မဟုတ်ဘဲ ဘုရားသခင်​ထံမှ ဖြစ်ကြောင်း ပေါ်လွင်​စေရန်​ဖြစ်၏။


ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​သိကြ၏။ ကိုယ်တော်​သည် ချမ်းသာ​သော်လည်း သင်တို့​၏ အကျိုး​ကို​ထောက်​၍ ဆင်းရဲ​ခံတော်မူ၏။ ထိုသို့​ဆင်းရဲ​ခံတော်မူခြင်း​မှာ သင်တို့ ချမ်းသာလာ​စေရန် ဖြစ်၏။


ဘုရားသခင်​၏ ဘုန်းတော် ကြွယ်ဝသည်​နှင့်အညီ သင်တို့​၏ အတွင်း​စိတ်​ကို ဝိညာဉ်တော်​မှတစ်ဆင့် တန်ခိုးတော်​ဖြင့် ကြံ့ခိုင်​သန်မာ​စေတော်မူ​ရန် ဆုတောင်း၏။


ကျွန်ုပ်​သည် ယုံကြည်သူများ​ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်​သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​ကို ခံစားရ၏။ ဤသို့ ခံစားရခြင်း​သည် လူမျိုးခြားတို့​ကို ခရစ်တော်​၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်း​အကြောင်း ဟောပြော​ရန်​နှင့်


သင်တို့​၏ ယုံကြည်ခြင်း​ကြောင့် ကျွန်ုပ်​သည် မိမိ​ကိုယ်ကိုယ် ဘုရားသခင်​အား ပူဇော်ပြီး မိမိ​အသက်​ကို သွန်းလောင်းရာ​ပူဇော်စရာ​ကဲ့သို့ သွန်းလောင်းရမည်​ဆို​လျှင်ပင် ဝမ်းမြောက်၏။ သင်တို့​အားလုံး​နှင့်အတူ ကျွန်ုပ်​ဝမ်းမြောက်၏။


သင်တို့​အတွက် သခင်ဘုရား ပြုတော်မူသော​အမှု​ကြောင့် အစဉ်အမြဲ ဝမ်းမြောက်ကြလော့။ ကျွန်ုပ် ထပ်မံ​၍ ပြောမည်။ ဝမ်းမြောက်ကြလော့။


ယခု​အခါ ကျွန်ုပ်​သည် သင်တို့​အတွက် ဆင်းရဲဒုက္ခ​ခံရသည်​ကို ဝမ်းမြောက်​၍ ခရစ်တော်​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​ကာ ကြွင်းကျန်​နေသေးသော ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်သော အသင်းတော်​အတွက် ကျွန်ုပ်​၏ ခန္ဓာ​သွေးသား​ဖြင့် ဖြည့်ဆည်းနေ၏။


ခရစ်တော်​၏ တရားတော်​ကို သင်တို့​အထဲ​၌ ပြည့်ပြည့်ဝဝ​တည်စေကြလော့။ တစ်ဦး​ကို​တစ်ဦး ဉာဏ်ပညာ​အမျိုးမျိုး​ဖြင့် သွန်သင်​၍ သတိပေး​ဆုံးမကြလော့။ ကျေးဇူးတင်သော​စိတ်​နှင့် ဆာလံ​သီချင်းများ၊ ဓမ္မ​သီချင်းများ၊ ဝိညာဉ်​ရေးရာ​သီချင်းများ​ကို ဘုရားသခင်​ထံ လှိုက်လှိုက်လှဲလှဲ​သီဆိုကြလော့။


သင်တို့​သည် သခင်ဘုရား​နှင့် ကျွန်ုပ်တို့​ကို အတုယူ​သူများ​ဖြစ်ကြ၏။ သင်တို့​သည် ပြင်းထန်သော ဆင်းရဲဒုက္ခ​ကြုံရ​သော်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​ပေးသည့် ဝမ်းမြောက်ခြင်း​ဖြင့် သတင်းကောင်း​ကို လက်ခံခဲ့ကြ၏။


အစဉ်အမြဲ​ဝမ်းမြောက်ကြလော့။


ကိုယ်ကာယ​လေ့ကျင့်ခန်း​သည် အနည်းငယ်​သာ အကျိုး​ရှိသော်လည်း ဘုရားတရား​ကိုင်းရှိုင်းခြင်း​မှာမူ အရာရာ​၌ အကျိုး​ရှိ၏။ သင်တို့​သည် ယခု​ဘဝ၊ နောင်ဘဝ​တွင် ဘုရားသခင်​ကတိပြုတော်မူသော အကျိုး​ကို ရရှိမည်။


ထို​သူတို့​ကို ကောင်းမှုပြု​ရန်၊ ကောင်းသော​အကျင့်များ​ကြွယ်ဝ​ရန်၊ မျှဝေလိုစိတ်​ရှိ​၍ ရက်ရော​စွာ ပေး​ရန် ညွှန်ကြားလော့။


သင်တို့​သည် အကျဉ်းကျ​နေသူများ​အပေါ် စာနာစိတ်​ထားကြ၏။ ဥစ္စာပစ္စည်းများ​ကို အဓမ္မ​လုယူခံရ​သော်လည်း ဝမ်းမြောက်​စွာ လက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ထို​အရာများ​ထက် ပိုမို​ကောင်းမြတ်ပြီး ထာဝရ​တည်မြဲသော​အရာများ​ကို ပိုင်ဆိုင်ထားသည်​ကို သိကြ​သောကြောင့်​ဖြစ်၏။


ချစ်ခင်ရသော ညီအစ်ကို​မောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်​သည် ဤ​လောက​တွင် ဆင်းရဲသောသူတို့​ကို ယုံကြည်ခြင်း​၌ ကြွယ်ဝစေ​၍ မိမိ​ကို​ချစ်သော​သူတို့​အတွက် ကတိထားတော်မူသည့် နိုင်ငံတော်​ကို အမွေဆက်ခံသူများ​ဖြစ်​စေရန် ရွေးချယ်တော်မူသည်​မဟုတ်လော။


ခရစ်တော်​၏ ဆင်းရဲဒုက္ခ​ကို မျှဝေ​ခံစားကြရသည့်​အတွက် ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်​၏ ဘုန်းတော်​ထင်ရှား​သောအခါ သင်တို့​အလွန်​ဝမ်းမြောက်ရ​လိမ့်မည်။


သင်​၏​ဒုက္ခဝေဒနာ​နှင့်​ဆင်းရဲခြင်း​ကို ငါ​သိ၏။ အမှန်စင်စစ် သင်​သည် ချမ်းသာ၏။ မိမိ​ကိုယ်​မိမိ ဂျူး​ဖြစ်သည်​ဟု ဆိုကြ​သော်လည်း ဂျူး​မဟုတ်ဘဲ စာတန်​၏​အသင်းဝင်များ​ဖြစ်ကြသော​သူတို့​က သင့်​အား အသရေဖျက်​ပြောဆိုသည်​ကို​လည်း ငါ​သိ၏။


အောင်မြင်သော​သူ​သည် ဤ​အရာများ​ကို အမွေခံရ​လိမ့်မည်။ ငါ​သည် သူ​၏​ဘုရားသခင်​ဖြစ်မည်။ သူတို့​သည် ငါ​၏​သားသမီးများ​ဖြစ်ကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ