၂ ကော 6:10 - မြန်မာ့စံမီသမ္မာကျမ်း10 ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း အစဉ်ဝမ်းမြောက်လျက်ရှိကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း များစွာသောသူတို့ကို ကြွယ်ဝပြည့်စုံစေကြ၏။ မည်သည့်အရာမျှမရှိသောသူကဲ့သို့ဖြစ်သော်လည်း အလုံးစုံကိုပိုင်ဆိုင်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible10 ဝမ်းနည်းရသော်လည်းအစဉ်ဝမ်းမြောက်ကြ ၏။ သူဆင်းရဲများကဲ့သို့ဖြစ်သော်လည်းလူ အမြောက်အမြားကိုချမ်းသာကြွယ်ဝစေ ကြ၏။ ပစ္စည်းဥစ္စာတစ်စုံတစ်ခုကိုမျှမပိုင် သူများကဲ့သို့ဖြစ်သော်လည်းအလုံးစုံတို့ ကိုပိုင်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 ပူ ပန် သူ အ နေ နှင့် အ စဉ် ရွှင် လန်း သူ၊ ဆင်း ရဲ သူ အ နေ နှင့် အ များ ကို ကြွယ် ဝ စေ သူ၊ လက် မဲ့ သူ အ နေ နှင့် အ ရာ ခပ် သိမ်း လက် ရှိ သူ များ ဖြစ် ခြင်း အား ဖြင့် လည်း ကောင်း ကိုယ် ကို ထောက် ခံ ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible10 ဝမ်းနည်းသောသူကဲ့သို့ ဖြစ်သော်လည်း၊ အစဉ်ဝမ်းမြောက်သောသူ၊ ဆင်းရဲသောသူကဲ့သို့ ဖြစ်သော်လည်း၊ လူအများကို ရတတ်စေသောသူ၊ ဥစ္စာတစ်စုံတစ်ခုကိုမျှ မပိုင်သောသူကဲ့သို့ ဖြစ်သော်လည်း၊ အလုံးစုံတို့ကိုပိုင်သောသူ ဖြစ်သဖြင့်လည်းကောင်း၊ ဘုရားသခင်ခန့်ထားတော်မူသော ဓမ္မဆရာမှန်ကြောင်းကို အရာရာ၌ ထင်ရှားစွာပြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ဝမ်းနည်းသောသူများကဲ့သို့ဖြစ်သော်လည်း အစဉ်အမြဲဝမ်းမြောက်ကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း လူအမြောက်အမြားကို ချမ်းသာစေကြ၏။ မည်သည့်အရာမျှ မရှိသောသူကဲ့သို့ ဖြစ်သော်လည်း အရာအားလုံးကို ပိုင်ဆိုင်ကြ၏။ အခန်းကိုကြည့်ပါ။ |
ခရစ်တော်၏နှုတ်ကပတ်တရားကို သင်တို့၌ ကြွယ်ဝစွာတည်စေ၍ အချင်းချင်းတို့ကို အမျိုးမျိုးသောဉာဏ်ပညာဖြင့်သွန်သင်လျက် သတိပေးဆုံးမကာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို သင်တို့၏စိတ်နှလုံးနှင့်တကွ ဘုရားသခင်ထံ သီဆိုကြလော့။