၂ ကော 6:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း9 တချို့သည် ကျွန်ုပ်တို့ကို တမန်တော်အဖြစ် အသိအမှတ်မပြုကြသော်လည်း ကျွန်ုပ်တို့သည် ထင်ပေါ်ကျော်ကြားသောသူများ ဖြစ်ကြ၏။ သေလူကဲ့သို့ဖြစ်သော်လည်း အသက်ရှင်ကြ၏။ ရိုက်နှက်ခံရသူများကဲ့သို့ဖြစ်သော်လည်း အသတ်မခံရကြ။ အခန်းကိုကြည့်ပါ။Common Language Bible9 လူသိနည်းသူများပင်ဖြစ်သော်လည်းကျော် စောထင်ရှားကြ၏။ သူသေများကဲ့သို့ဖြစ် သော်လည်းအသက်ရှင်လျက်ရှိကြ၏။ အပြစ် ဒဏ်ပေးခြင်းခံရသော်လည်းအသတ်မခံ ရကြ။- အခန်းကိုကြည့်ပါ။Garrad Bible9 ကိ တ္တိ မဲ့ သူ အ နေ နှင့် ကျော် စော သူ၊ သေ သူ အ နေ နှင့် အ သက် ရှင် သူ၊ ဆုံး မ ခံ သူ အ နေ နှင့် မ သေ သေး သူ၊ အခန်းကိုကြည့်ပါ။Judson Bible9 အဘယ်သူမျှမသိသော သူကဲ့သို့ဖြစ်သော်လည်း ကျော်စောသောသူ၊ အသေခံသောသူကဲ့သို့ ဖြစ်သော်လည်း၊ အသက်ရှင်သောသူ၊ ဆုံးမခြင်းကိုခံသောသူကဲ့သို့ ဖြစ်သော်လည်း၊ အသေသတ်ခြင်းနှင့် ကင်းလွတ်သောသူ၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 အသိအမှတ်ပြုခြင်းမခံရသကဲ့သို့ဖြစ်သော်လည်း အသိအမှတ်ပြုခြင်းခံရကြ၏။ သေအံ့ဆဲဆဲဖြစ်နေသူကဲ့သို့ဖြစ်သော်လည်း အသက်ရှင်လျက်ရှိကြ၏။ ဆုံးမခြင်းကိုခံရသောသူကဲ့သို့ဖြစ်သော်လည်း အသတ်မခံရကြ။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည် တမန်တော်ဖြစ်သော ကျွန်ုပ်တို့အား လူသတ်ကွင်း၌ အသေခံရန်အတွက် ပြစ်ဒဏ်ချခံရထားသောသူတို့ကဲ့သို့ နောက်ဆုံးတွင် ထား၍ ထုတ်ပြတော်မူပြီဟု ကျွန်ုပ်ထင်မြင်မိပါ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ကောင်းကင်တမန်တို့ရှေ့၌ဖြစ်စေ၊ လူတို့ရှေ့၌ ဖြစ်စေ တစ်လောကလုံးအတွက် ရှုစားစရာမြင်ကွင်း ဖြစ်လာသောကြောင့်ဖြစ်၏။
ကျွန်ုပ်တို့သည် အဘယ်ကြောင့် သခင်ဘုရားကို ကြောက်ရွံ့ရကြောင်းကို သိသဖြင့် အခြားသူများအား ဘုရားသခင်ထံတော်သို့ လှည့်ပြန်ရန် တိုက်တွန်းစည်းရုံးကြ၏။ ကျွန်ုပ်တို့အကြောင်းကိုမူ ဘုရားသခင်အကြွင်းမဲ့သိတော်မူ၍ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သင်တို့၏ စိတ်ထဲက အကြွင်းမဲ့သိကြမည်ဟု မျှော်လင့်၏။
နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များ၏ တန်ခိုးဖြင့်လည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း ပြုတော်မူသောအမှုတို့မှလွဲ၍ မည်သည့်အရာအတွက်မျှ ကျွန်ုပ်ဂုဏ်မယူဝံ့ပါ။ ဤနည်းဖြင့် ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းကို ဂျေရုဆလင်မြို့မှ ဣလုရိတ်ပြည်အထိ ရောက်ရှိရာ အရပ်ဒေသတို့၌ အကုန်အစင်ဟောပြောခဲ့၏။
သို့သော်လည်း သူနှင့်ပတ်သက်သောအစီရင်ခံစာကို ဆီဇာဘုရင်ထံ ရေးရန် အကျွန်ုပ်၌ တိကျသောအကြောင်းအရာတစ်ခုမျှမရှိပါ။ ထို့ကြောင့် ဤစစ်ဆေးမှုပြီးဆုံးသောအခါ အကျွန်ုပ်သည် အစီရင်ခံစရာ အကြောင်းတစ်စုံတစ်ခု ရေးနိုင်ရန် သူ့ကို သင်တို့အားလုံးရှေ့၊ အထူးသဖြင့် အဂြိပ္ပမင်းကြီးရှေ့သို့ အကျွန်ုပ်ခေါ်ထုတ်ပါ၏။
ဧပိကုရု၏တပည့်များနှင့် သတောအိတ်အတွေးခေါ်ပညာရှင် တချို့သည်လည်း သူနှင့်အတူ အချေအတင်ငြင်းခုံဆွေးနွေးကြ၏။ တချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောလိုသနည်း” ဟု ပြောကြ၏။ အခြားသူတို့ကလည်း “သူသည် တိုင်းတစ်ပါး နတ်ဘုရားများအကြောင်းကို ပြောပြနေဟန်ရှိ၏” ဟု ဆိုကြ၏။ ဤသို့ပြောဆိုခြင်းမှာ ပေါလုသည် ယေရှုအကြောင်းနှင့် သေရာမှပြန်ရှင်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။