၂ သက် 1:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ဤအရာသည် ဘုရားသခင်၏ တရားစီရင်တော်မူခြင်းက တရားမျှတကြောင်း ပေါ်လွင်သည့် အထောက်အထားဖြစ်ပြီး ထိုသို့ ဘုရားသခင်၏ နိုင်ငံတော်အတွက် ဆင်းရဲဒုက္ခခံရသောကြောင့် ထိုနိုင်ငံတော်နှင့် ထိုက်တန်သည်ဟု သတ်မှတ်ခံရရန် ရည်ရွယ်၏။ အခန်းကိုကြည့်ပါ။Common Language Bible5 ဤတွင်ဘုရားသခင်၏စီရင်တော်မူချက် သည်တရားမျှတကြောင်းထင်ရှား၏။ သို့ ဖြစ်၍သင်တို့သည်ကိုယ်တော်၏နိုင်ငံတော် နှင့်ထိုက်တန်သူများဖြစ်လာကြလိမ့်မည်။ သင်တို့သည်နိုင်ငံတော်အတွက်ကြောင့် ယခုဆင်းရဲဒုက္ခခံနေရကြသည်။- အခန်းကိုကြည့်ပါ။Garrad Bible5 ထို သို့ နေ ကြ သည် မှာ ဘု ရား သ ခင့် နိုင် ငံ တော့် အ တွက် ဒု က္ခ ခံ ရ သော သင် တို့ ကို ထို နိုင် ငံ တော် နှင့် ထိုက် တန် သူ များ အ ဖြစ် မှတ် တော် မူ ပြီ ဟု တ ရား သ ဖြင့် ဘု ရား သ ခင် စီ ရင် တော် မူ သော သက် သေ လ က္ခ ဏာ တည်း။ အခန်းကိုကြည့်ပါ။Judson Bible5 သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်အတွက် ဆင်းရဲခံရ၍၊ ထိုနိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရစေ ခြင်းငှာ၊ တရားသဖြင့် ဘုရားသခင်စီရင်တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့် ထင်ရှားလျက်ရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ဤသည်ကား ဘုရားသခင်၏နိုင်ငံတော်အတွက် ဒုက္ခဝေဒနာခံစားရသောသင်တို့ကို ထိုနိုင်ငံတော်နှင့်ထိုက်တန်သောသူဖြစ်စေရန် စီရင်တော်မူသော ဘုရားသခင်၏ဖြောင့်မတ်သည့်တရားစီရင်ခြင်းကို ထင်ရှားစေသောအထောက်အထားဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ကျွန်ုပ်တို့ဘုရားသခင်သည် သင်တို့ကို ခေါ်တော်မူခြင်းနှင့် ထိုက်တန်သူများဖြစ်စေတော်မူရန် သင်တို့အတွက် ကျွန်ုပ်တို့အစဉ် ဆုတောင်းကြ၏။ သင်တို့သည် ကိုယ်တော်၏ တန်ခိုးတော်ကြောင့် ကောင်းမှုပြုလိုသောဆန္ဒနှင့် ယုံကြည်ခြင်းက လှုံ့ဆော်သောအမှုကို ပြီးမြောက်စေတော်မူရန် ကျွန်ုပ်တို့ဆုတောင်း၏။
အို ထာဝရဘုရား… ကိုယ်တော်ကို မကြောက်ရွံ့သောသူ၊ ကိုယ်တော်၏ နာမတော်ကို မချီးမွမ်းသောသူဟူ၍ ရှိပါမည်လော။ ကိုယ်တော်တစ်ပါးတည်းသာ သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ ဖြောင့်မတ်သောလုပ်ဆောင်မှုတို့သည် ပေါ်လွင်ထင်ရှားသောကြောင့် လူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ ရှေ့တော်သို့ လာ၍ ကိုးကွယ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။