Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 6:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ယေရှု​ထံမှ တန်ခိုး​ထွက်​၍ လူတို့​ကို အနာ​ရောဂါများ​မှ ကျန်းမာစေ​သောကြောင့် လူထု​အပေါင်းတို့​သည် ယေရှု​ကို တို့ထိ​ရန် ကြိုးစားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ကိုယ်​တော်​၏​ထံ​တော်​မှ​တန်​ခိုး​ထွက်​၍​အ​နာ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​သော​ကြောင့် လူ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို​တို့ ထိ​နိုင်​ရန်​ကြိုး​စား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 တန် ခိုး တော် ထွက်၍ ရှိ သ မျှ ကို အ နာ ကင်း စေ သော ကြောင့် ကိုယ် တော် ကို တို့ ခြင်း ငှါ လူ ပ ရိ သတ် လုံး ရှာ ကြံ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ကိုယ်​တော်​အ​ထဲ​က တန်​ခိုး​ထွက်၍ လူ​အ​ပေါင်း​တို့​ကို သက်​သာ​စေ​တော်​မူ​သည် ဖြစ်၍၊ ပ​ရိသတ်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​တို့​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ကိုယ်တော်​ထံမှ​တန်ခိုး​တော်​ထွက်​၍ လူ​အပေါင်း​တို့​ကို​ကျန်းမာ​စေ​သောကြောင့် လူထု​ပရိသတ်​အားလုံး​သည် ကိုယ်တော်​ကို​တို့ထိ​နိုင်​ရန် ကြိုးစား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

19 ကိုယ်​တော်​အ​ထဲ​က တန်​ခိုး​ထွက်၍ လူ​အ​ပေါင်း​တို့​ကို သက်​သာ​စေ​တော်​မူ​သည် ဖြစ်၍၊ ပ​ရိသတ်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​တို့​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 6:19
15 ပူးပေါင်းရင်းမြစ်များ  

ထို​သူတို့​သည် ဝတ်ရုံတော်​၏ အမြိတ်​ကို​မျှ တို့ထိခွင့်​ရ​ရန် တောင်းပန်ကြ၏။ တို့ထိသော​သူ​တိုင်း​လည်း ကျန်းမာလာကြ၏။


အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် လူများစွာ​ကို ကျန်းမာစေတော်မူ​သဖြင့် ရောဂါဝေဒနာရှင်များ​က ယေရှု​ကို တို့ထိ​ရန် တိုးဝှေ့ကြ​သောကြောင့်​ဖြစ်၏။


ယေရှု​သည်လည်း မိမိ​ကိုယ်​မှ တန်ခိုး​ထွက်သည်​ကို ချက်ချင်း သိတော်မူ​လျှင် လူအုပ်​ဘက်​သို့ လှည့်​၍ “ငါ့​ဝတ်ရုံ​ကို မည်သူ​တို့ထိသနည်း” ဟု မေးတော်မူ၏။


လူတို့​သည် ကိုယ်တော်​ကြွတော်မူသည့် မြို့၊ ရွာ၊ ကျေးလက်ဒေသ​တိုင်း​၌ မကျန်းမာသူများ​ကို ဈေးအရပ်တို့​တွင် ချထားကြ၏။ ထို​သူတို့​က မကျန်းမာသူများ​အား ဝတ်ရုံတော်​၏ အမြိတ်​ကို​မျှ တို့ထိခွင့်​ပေး​ရန် တောင်းပန်ကြ၏။ တို့ထိသော​သူ​တိုင်း​လည်း ကျန်းမာလာကြ၏။


ယေရှု​နှင့် တပည့်တော်တို့​သည် ဗက်ဇဲဒမြို့​သို့ ရောက်ကြ၏။ ထိုအခါ လူ​တချို့​သည် မျက်မမြင်​တစ်ဦး​ကို ယေရှု​ထံတော်သို့ ခေါ်ဆောင်ခဲ့​ပြီးလျှင် လက်တော်​နှင့် တို့ထိ​၍ မျက်စိ​ပြန်မြင်​စေရန် တောင်းပန်ကြ၏။


တစ်နေ့​၌ ယေရှု​သည်​ဟောပြော​သွန်သင်​လျက်​ရှိနေ​စဉ် ဂါလိလဲပြည်​နှင့် ယုဒပြည်​ရှိ ကျေးရွာ​အသီးသီး​မှ​လည်းကောင်း၊ ဂျေရုဆလင်မြို့​မှ​လည်းကောင်း ရောက်လာကြသော​ဖာရိရှဲများ​နှင့် ကျမ်းတတ်ဆရာများတို့​သည် ထိုင်နေကြ၏။ အနာရောဂါ​ပျောက်ကင်း​စေနိုင်သော ဘုရားသခင်​၏​တန်ခိုး​သည်လည်း ယေရှု​၌ ရှိနေ၏။


ထို​သူတို့​သည် ယေရှု​၏​ဟောပြော​သွန်သင်မှု​ကို ကြားနာ​ရန်​နှင့် မိမိတို့​၏​အနာရောဂါများ​ကို ကုသခံ​ရန် ရောက်လာကြခြင်း ဖြစ်၏။ နတ်ဆိုးတို့​၏​ညှဉ်းဆဲခြင်း​ခံရသော​သူတို့​သည်လည်း လာ​၍ အကောင်းပကတိ​အတိုင်း ဖြစ်သွားကြ၏။


ပေါလု​သုံးသော လက်ကိုင်ပဝါ၊ သို့မဟုတ် ခါးစည်းအဝတ်​ကို ဖျားနာသူများ​အပေါ် တင်​သောအခါ သူတို့​၏​အနာရောဂါများ ပျောက်ကင်းကြ၏။ နတ်ဆိုးများ​လည်း ထွက်သွားကြကုန်၏။


သို့သော် သင်တို့​မှာမူ ရွေးကောက်ခံရသော​အမျိုး၊ တော်ဝင်​ယဇ်ပုရောဟိတ်​အမျိုး၊ သန့်ရှင်းသော​လူမျိုး၊ ဘုရားသခင်​ပိုင်ဆိုင်သော​လူမျိုး​ဖြစ်ကြ၏။ ဤသည်​မှာ သင်တို့​ကို အမှောင်​ထဲမှ အံ့ဖွယ်​အလင်း​ထဲသို့ ခေါ်တော်မူသော​ဘုရားသခင်​ပြုသည့် အံ့ဩဖွယ်​အမှုများ​ကို ကြွေးကြော်​ရန်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ