Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 6:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ယခု ဆာလောင်မွတ်သိပ်​နေသော​သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဝလင်​စွာ စားရသော​အခွင့်​ကို ရကြမည်​ဖြစ်သောကြောင့်​ပင်။ ယခု​ငိုကြွေး​ဝမ်းနည်းသော​သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​ရယ်မော​ရသော​အချိန်​သည် ရောက်လာမည်​ဖြစ်သောကြောင့်​ပင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ``ယ​ခု​အ​ခါ​ဆာ​ငတ်​နေ​သူ​တို့၊သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​ဝ​ပြော​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။ ``ငို​ကြွေး​နေ​ကြ​သူ​တို့၊သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​ရယ်​မော​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ယ ခု မွတ် သိပ် သော သင် တို့၌ မင်္ဂ လာ ရှိ၏။ သင် တို့ သည် ဝ ပြော ရ ကြ လ တ္တံ့။ ယ ခု ငို ကျွေး ရ သော သင် တို့၌ မင်္ဂ လာ ရှိ၏။ သင် တို့ သည် ရယ် မော ရ ကြ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ယ​ခု​တွင် ငတ်​မွတ်​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။ ယ​ခု​တွင် ငို​ကြွေး​သော သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ရယ်​ကြ​လ​တ္တံ့။ သူ​တစ်​ပါး​တို့​သည် လူ​သား​ကြောင့် သင်​တို့​ကို​မုန်း​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ယခု​ဆာလောင်​နေ​သော​သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဝပြော​ခြင်း​သို့​ရောက်​ကြ​လိမ့်မည်။ ယခု​ငိုကြွေး​နေ​သော​သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ရယ်မော​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

21 ယ​ခု​တွင် ငတ်​မွတ်​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။ ယ​ခု​တွင် ငို​ကြွေး​သော သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ရယ်​ကြ​လ​တ္တံ့။ သူ​တစ်​ပါး​တို့​သည် လူ​သား​ကြောင့် သင်​တို့​ကို​မုန်း​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 6:21
56 ပူးပေါင်းရင်းမြစ်များ  

ငိုကြွေးမြည်တမ်းသော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် နှစ်သိမ့်ခြင်း​ကို ခံကြရမည်​ဖြစ်​သောကြောင့်ပင်။


ဖြောင့်မတ်ခြင်း​ကို ငတ်မွတ်​တောင့်တသော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် အလိုဆန္ဒ​ပြည့်စုံကြ​ရမည်​ဖြစ်​သောကြောင့်ပင်။


ဆာလောင်​မွတ်သိပ်သော​သူတို့​ကို ကောင်းမွန်​စွာ​ကျွေးမွေး​၍ ချမ်းသာကြွယ်ဝသော​သူတို့​ကို လက်ဗလာ​ဖြင့် ပြန်လွှတ်တော်မူ၏။


ထို့နောက် ယေရှု​သည် သူ​၏​တပည့်တော်များ​ဘက်​သို့ လှည့်​၍ မိန့်တော်မူသည်မှာ “ဆင်းရဲသော​သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​နိုင်ငံတော်​သည် သင်တို့​၏​နိုင်ငံ ဖြစ်​သောကြောင့်​ပင်။


လူတို့​သည် လူသား​ကြောင့် သင်တို့​ကို မုန်းကြ​၍ ဝိုင်းပယ်ကဲ့ရဲ့​လျက် သင်တို့​၏​နာမည်​ကို ဖျက်ကြ​သောအခါ​၌​လည်း သင်တို့​သည် မင်္ဂလာ​ရှိကြ၏။


ယခု ဝလင်​စွာ​စားရသော​သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဆာလောင်ငတ်မွတ်​ရမည့်​အချိန်​ကာလ ရောက်လာမည်​ဖြစ်သောကြောင့်​ပင်။ ယခု​ရယ်မောသော​သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဝမ်းနည်း​ငိုကြွေးရမည်​ဖြစ်သောကြောင့်​ပင်။


ထိုအခါ ယေရှု​သည် မျက်ရည်ကျတော်မူ၏။


ယေရှု​က “သင့်​အတွက် ဘုရားသခင်​ပေးတော်မူမည့် လက်ဆောင်​ကို​လည်းကောင်း၊ သင့်​ထံမှ သောက်ရေ​ကို တောင်းသောသူ​သည် မည်သူ​ဖြစ်ကြောင်း​ကို​လည်းကောင်း သင်​သိ​ပါက သင်​သည် ငါ့​ထံမှ ရေ​ကို တောင်း​လိမ့်မည်။ ငါ​သည်လည်း အသက်ရေ​ကို သင့်​အား ပေး​လိမ့်မည်” ဟု ဖြေတော်မူ၏။


ယေရှု​က “ငါ​သည် အသက်မုန့်​ဖြစ်၏။ ငါ့​ထံသို့ လာသော​သူ​သည် မည်သည့်​အခါမျှ အစာငတ်မည်​မဟုတ်။ ငါ့​ကို ယုံကြည်သော​သူ​သည်လည်း မည်သည့်​အခါမျှ ရေငတ်မည်​မဟုတ်။


ယခု​အချိန်​တိုင်အောင် ကျွန်ုပ်တို့​သည် အစာရေစာ​ငတ်ပြတ်​လျက်​ရှိကြ၏။ ဝတ်စရာ မလုံလောက်ကြ။ ရိုက်ပုတ်​ထိုးနှက်ခြင်း​ကို ခံရကြ၏။ အိမ်ခြေရာခြေ​မဲ့ လှည့်လည်​သွားလာကြရ၏။


အလုပ်​ကို ခက်ခက်ခဲခဲ​ဖြင့် ပင်ပန်းကြီးစွာ​လုပ်ကိုင်ရခြင်း၊ မကြာခဏ​အိပ်ရေးပျက်ခြင်း၊ ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏ​အစာ​ပြတ်လပ်ခြင်း၊ အအေးဒဏ်​ခံရခြင်း၊ ဝတ်စရာ​မလုံလောက်ခြင်း စသည်တို့​နှင့် ကြုံခဲ့ရ၏။


သို့ဖြစ်၍ ခရစ်တော်​အတွက်​ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် ခက်ခဲခြင်းတို့​ကို ကျွန်ုပ်​ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် အားနည်း​သောအခါ ခရစ်တော်​၏​တန်ခိုး​အားဖြင့် အားကြီး​လျက်​ရှိ​သောကြောင့်​ဖြစ်၏။


ဝမ်းနည်းသောသူများ​ကဲ့သို့​ဖြစ်သော်လည်း အစဉ်အမြဲ​ဝမ်းမြောက်ကြ၏။ ဆင်းရဲသောသူ​ကဲ့သို့​ဖြစ်​သော်လည်း လူအမြောက်အမြား​ကို ချမ်းသာ​စေကြ၏။ မည်သည့်​အရာ​မျှ မရှိသောသူ​ကဲ့သို့ ဖြစ်သော်လည်း အရာ​အားလုံး​ကို ပိုင်ဆိုင်ကြ၏။


ဒုက္ခဆင်းရဲတို့​ဖြင့် စမ်းသပ်ခြင်း​ကို အဆုံး​တိုင်အောင် ကြံ့ကြံ့ခံသော​သူ​သည် မင်္ဂလာ​ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူ​သည် ထို​စမ်းသပ်ခြင်း​ကို အောင်မြင်​သောအခါ ဘုရားသခင်​ကို ချစ်သော​သူတို့​အတွက် ကတိထားတော်မူသည့် အသက်​ဆုသရဖူ​ကို ရမည်​ဖြစ်သောကြောင့်​ပင်။


ထို့နောက် ရာဇပလ္လင်တော်​မှ ကျယ်လောင်သော​အသံ​ကို ကျွန်ုပ်​ကြားရ၏။ ထို​အသံ​မှာ “ကြည့်လော့။ ဘုရားသခင် စံမြန်းရာ​နေရာ​သည် လူတို့​တွင် ရှိ​၍ သူတို့​နှင့်အတူ စံမြန်းတော်မူမည်။ သူတို့​သည် ကိုယ်တော်​၏​လူများ​ဖြစ်ကြပြီး ဘုရားသခင်​ကိုယ်တိုင် သူတို့​နှင့်အတူ ရှိနေ​၍ သူတို့​၏​ဘုရားသခင် ဖြစ်တော်မူ​လိမ့်မည်။


သူတို့​သည် နောက်တစ်ဖန် ဆာလောင်တော့မည်​မဟုတ်။ ရေငတ်တော့မည်​မဟုတ်။ နေရောင်ခြည်​နှင့် ပြင်းထန်သော​အပူဒဏ်​ကြောင့်လည်း ထိခိုက်မှု​ရှိတော့မည်​မဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ