ငါ့ကိုချစ်သည်ထက် မိမိ၏ဖခင်၊ သို့မဟုတ် မိခင်ကို ပို၍ချစ်သောသူသည် ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။ ငါ့ကိုချစ်သည်ထက် မိမိ၏သားသမီးကို ပို၍ချစ်သောသူသည်လည်း ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။
ရှင်ယောဟန် 21:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နံနက်စာစားသောက်ကြပြီးနောက် ယေရှုက “ယောဟန်၏သားရှိမုန်… အခြားတပည့်တော်များ ငါ့ကို ချစ်သည်ထက် သင်သည် ငါ့ကို ပို၍ ချစ်သလော” ဟု ရှိမုန်ပေတရုကို မေးတော်မူ၏။ ပေတရုက “ချစ်ပါ၏ သခင်။ အကျွန်ုပ်သည် သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့” ဟု မိန့်တော်မူ၏။ Common Language Bible တပည့်တော်တို့စားကြပြီးနောက်သခင် ယေရှုက ``ယောဟန်၏သားရှိမုန်၊ သူတို့ ငါ့ကိုချစ်သည်ထက်ပို၍ချစ်သလော'' ဟုရှိမုန်ပေတရုအားမေးတော်မူ၏။ ရှိမုန်က ``မှန်ပါ၏သခင်၊ ကိုယ်တော်အား အကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိပါ၏'' ဟု လျှောက်၏။ ကိုယ်တော်က ``ငါ့သိုးတို့ကိုထိန်းလော့'' ဟု မိန့်တော်မူ၏။- Garrad Bible တပည့်တော်တို့စားကြပြီးနောက် ရှိမုန်ပေတရုအားယေရှုက ယောဟန်၏သားရှိမုန်၊ ဤသူတို့ထက် သင်သည်ငါ့ကိုမြတ်နိုးသလောဟုမေးတော်မူသော် ပေတရုက မှန်ပါသည်အရှင်ဘုရား၊ ကိုယ်တော်ကိုချစ်ခင်ကြောင်း ကိုယ်တော်သိတော်မူပါသည်ဟုလျှောက်ရာ၊ ငါ့သိုးသားငယ်တို့ကိုကျွေးမွေးလော့ဟု မိန့်တော်မူ၏။ Judson Bible နံနက်စာကို စားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအား မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ နံနက်စာကို သူတို့စားကြပြီးသောအခါ ယေရှုက ရှိမုန်ပေတရုအား“ယောဟန်၏သားရှိမုန်၊ ဤသူတို့ငါ့ကိုချစ်သည်ထက် သင်သည် ငါ့ကိုပို၍ချစ်သလော”ဟု မေးတော်မူ၏။ ပေတရုက “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း“ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့”ဟု မိန့်တော်မူ၏။ မြန်မာ နံနက်စာကို စားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအား မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။- |
ငါ့ကိုချစ်သည်ထက် မိမိ၏ဖခင်၊ သို့မဟုတ် မိခင်ကို ပို၍ချစ်သောသူသည် ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။ ငါ့ကိုချစ်သည်ထက် မိမိ၏သားသမီးကို ပို၍ချစ်သောသူသည်လည်း ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။
ယေရှုက “ယောန၏သားရှိမုန်… သင်သည်မင်္ဂလာရှိ၏။ သင်သည် ဤအရာကို လူ့အနေဖြင့်သိသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ ခမည်းတော်က ဖော်ပြတော်မူ၍ သိခြင်းဖြစ်၏။
ကလေးငယ်တစ်ဦးတစ်ယောက်အပေါ်၌ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ ကောင်းကင်ဘုံတွင်ရှိသော ထိုကလေးငယ်တို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြော်ကြရသည်ဟု သင်တို့အား ငါပြောဆို၏။
ထိုအခါ ပေတရုက “အခြားသူအပေါင်းတို့သည် သခင့်ကို စွန့်ခွာကြလျှင်လည်း အကျွန်ုပ်သည် မည်သည့်အခါမျှ စွန့်ခွာမည်မဟုတ်ပါ” ဟု လျှောက်လေ၏။
ပေတရုက “အကျွန်ုပ်သည် သခင်နှင့်အတူ သေရမည်ဆိုလျှင်ပင် သခင့်ကို အကျွန်ုပ် မည်သည့်အခါမျှ ငြင်းပယ်မည်မဟုတ်” ဟု လျှောက်လေ၏။ အခြားတပည့်တော်တို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
ထိုအခါ ပေတရုက “အခြားသူအပေါင်းတို့သည် သခင့်ကို စွန့်ခွာကြလျှင်လည်း အကျွန်ုပ်သည် မည်သည့်အခါမျှ စွန့်ခွာမည်မဟုတ်ပါ” ဟု လျှောက်လေ၏။
အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့၏အဖသည် သင်တို့အား နိုင်ငံတော်ကို ပေးရန် အလိုတော်ရှိတော်မူ၏။
သို့သော် သင်၏ယုံကြည်ခြင်းမပျက်သုဉ်းစေရန် သင့်အတွက် ငါဆုတောင်းပြီ။ သင်သည် အသိတရားပြန်ဝင်သောအခါ သင်၏ညီအစ်ကိုများအား ကြံ့ခိုင်စေလော့” ဟု မိန့်တော်မူ၏။
ထို့နောက် သူသည် ပေတရုကို ယေရှုထံတော်သို့ ခေါ်လာ၏။ ယေရှုက ပေတရုကို စူးစိုက်ကြည့်ပြီးလျှင် “သင်သည် ယောဟန်၏သား ရှိမုန်ဖြစ်၏။ သို့သော် သင့်ကို ကေဖဟူ၍ ခေါ်ရလိမ့်မည်” ဟု မိန့်တော်မူ၏။ (ကေဖ၏ အဓိပ္ပာယ်မှာ ကျောက်ဖြစ်၏။)
ပေတရုက “သခင်… အဘယ်ကြောင့် အကျွန်ုပ် ယခုမလိုက်နိုင်ရပါသနည်း။ သခင့်အတွက် အသက်စွန့်ရန် အကျွန်ုပ်အသင့်ရှိနေပါသည်” ဟု လျှောက်၏။
သင်တို့သည် ငါ့ကို ချစ်၍ ငါသည် ဘုရားသခင်ထံမှ လာကြောင်းကို ယုံကြည်ကြသောကြောင့် ခမည်းတော်ကိုယ်တိုင် သင်တို့ကို ချစ်တော်မူ၏။
ယေရှုက “လာ၍ နံနက်စာကို စားကြလော့” ဟု တပည့်တော်တို့ကို မိန့်တော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားဖြစ်တော်မူကြောင်းကို သိကြသဖြင့် မည်သူကမျှ “အရှင်သည် မည်သူနည်း” ဟု မမေးလျှောက်ဝံ့ကြ။
ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က “ငါတို့၏ သခင်ပင်ဖြစ်သည်” ဟု ပေတရုအား ဆို၏။ ထိုစကားကို ကြားသောအခါ ပေတရုသည် မိမိချွတ်ထားသောအဝတ်ကို ခါး၌ ပတ်၍ ရေထဲသို့ ခုန်ဆင်းပြီးလျှင် ကမ်းစပ်သို့ ကူးလေ၏။
ယေရှုက “ဘုရားသခင်သည် သင်တို့၏ အဖဖြစ်ပါက သင်တို့သည် ငါ့ကို ချစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ဘုရားသခင်ထံမှ လာ၏။ မိမိသဘောအတိုင်း လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကို စေလွှတ်တော်မူ၏။
ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်၏အသွေးတော်နှင့် ရွေးဝယ်ထားသောဘုရားသခင်၏အသင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ထိုသိုးစုများကို ကြည့်ရှုပြုစုသူများအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခန့်ထားတော်မူ၏။
ကျွန်ုပ်ထွက်သွားသည့်နောက် သိုးစုကိုမညှာမတာ ကိုက်ဖြတ်စားတတ်သောဝံပုလွေတို့သည် သင်တို့အထဲ၌ ဝင်လာလိမ့်မည်ကို ကျွန်ုပ်သိ၏။
ယုံကြည်ခြင်းအားနည်းသောသူကို လက်ခံကြလော့။ သူ၏ ထင်မြင်ယူဆချက်များကို သူနှင့် မငြင်းခုံကြနှင့်။
ယုံကြည်ခြင်းအားကြီးသော ကျွန်ုပ်တို့သည် မိမိတို့စိတ်ကြိုက်မပြုမူဘဲ အားနည်းသောသူတို့၏ အားနည်းချက်များကို ထောက်ထားညှာတာရမည်။
ထို့ကြောင့် ခရစ်တော် အသေခံပေးခဲ့သော ယုံကြည်သူဖြစ်သည့် ထိုအားနည်းသူသည် သင်၏ အသိပညာကြောင့် ပျက်စီးသွားရ၏။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
ထိုအခါ ကျွန်ုပ်တို့သည် မရင့်ကျက်သေးသော ကလေးသူငယ်များကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေသည် လှိုင်းလေတို့၌ လွန့်လူးနေသကဲ့သို့ ကျွန်ုပ်တို့သည် ပရိယာယ်ဖြင့် လမ်းလွဲစေရန် လှည့်ဖြားတတ်သော သူတို့၏ အမျိုးမျိုးသော သွန်သင်မှုနောက်သို့ ပါသွားမည် မဟုတ်ပေ။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို မပျက်ပြယ်သော ချစ်ခြင်းဖြင့် ချစ်သောသူအပေါင်းတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရပါစေသော။ ဧဖက်ဩဝါဒစာ ပြီးပါပြီ။
ထာဝရပဋိညာဉ်တရား၏ သွေးတော်အားဖြင့် သိုးတို့၏ သိုးထိန်းကြီးဖြစ်တော်မူသည့် ကျွန်ုပ်တို့သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသော ငြိမ်းချမ်းခြင်း၏အရှင် ဘုရားသခင်သည်
ဖန်ဆင်းတော်မူသောအရာမှန်သမျှသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှား၏။ ဘုရားသခင်၏ မျက်မှောက်တော်တွင် မထင်ရှားသည့်အရာ တစ်စုံတစ်ခုမျှ မရှိပေ။ ကျွန်ုပ်တို့သည် မိမိတို့၏လုပ်ဆောင်ချက်များအတွက် ထိုအရှင်ထံ ဝန်ခံကြရမည်။
သင်တို့သည် ကိုယ်တော်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခု ကိုယ်တော်ကို မတွေ့ရသေးသော်လည်း ယုံကြည်ကြ၏။ သင်တို့တွင် ဘုန်းအသရေနှင့်ပြည့်စုံသည့် ပြောမပြနိုင်လောက်သော ဝမ်းမြောက်ခြင်းရှိ၏။
သခင်ဘုရား၏ကျေးဇူးတော် မည်မျှချိုမြိန်သည်ကို ယခု သင်တို့မြည်းစမ်းခဲ့ပြီဖြစ်၏။ ထို့ကြောင့် မွေးကင်းစကလေးများကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာနို့ရည်အစစ်ကို တောင့်တကြလော့။ သို့မှသာ သင်တို့သည် ကယ်တင်ခြင်းကို အပြည့်အဝခံစားရမည့်အချိန်တိုင်အောင် ကြီးထွားလိမ့်မည်။
သင်တို့သည် ယခင်က လမ်းလွဲ၍ ပျောက်သောသိုးများနှင့်တူကြ၏။ သို့သော် ယခုတွင် သင်တို့၏ စိတ်ဝိညာဉ်ကို ကြည့်ရှုပြုစုသော သိုးထိန်းထံသို့ ပြန်ရောက်ကြပြီ။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဦးစွာ ချစ်တော်မူသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်ကြ၏။
ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို ယုံကြည်သောသူတိုင်းသည် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူဖြစ်ပြီး အဖဘုရားသခင်ကိုချစ်သောသူတိုင်းသည် အဖဘုရားသခင်၏သားသမီးများကိုလည်း ချစ်တတ်၏။
ငါသည် သူ၏သားသမီးများကို အသက်ဆုံးစေမည်။ ငါသည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်ကိုဆန်းစစ်သောသူဖြစ်ကြောင်း အသင်းတော်အပေါင်းတို့သည် သိကြလိမ့်မည်။ သင်တို့အသီးသီး၏အကျင့်နှင့်အညီ ထိုက်သင့်သည့်အတိုင်း ငါပေးဆပ်မည်။