Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဖက် 6:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​ကို မပျက်ပြယ်သော ချစ်ခြင်း​ဖြင့် ချစ်သောသူ​အပေါင်းတို့​သည် ဘုရားသခင်​၏​ကျေးဇူးတော်​ကို ခံစားရပါစေသော။ ဧဖက်​ဩဝါဒစာ ပြီးပါပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 အ​ဘယ်​အ​ခါ​၌​မျှ​မ​ပျက်​မ​ပြယ်​နိုင်​သည့် မေတ္တာ​ဖြင့် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ချစ် ကြ​ကုန်​သော​လူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သက်​ရောက် ပါ​စေ​သော။ ဧ​ဖက်​သြ​ဝါ​ဒ​စာ​ပြီး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ငါ တို့ အ ရှင် ယေ ရှု ခ ရစ် တော် ကို နိ ယာ မ ချစ် ခြင်း ရှိ သူ တို့ နှင့် အ တူ ကျေး ဇူး တော် တည် ရှိ စေ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​ကို အ​မှန်​ချစ်​သော​သူ အ​ပေါင်း​တို့၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း။ အာ​မင်။ ဧ​ဖက်​ဩ​ဝါ​ဒ​စာ​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို မ​ဖောက်ပြန်​သော​မေတ္တာ​ဖြင့် ချစ်​သော​သူ​အပေါင်း​တို့​အပေါ်​၌ ကျေးဇူး​တော်​သက်ရောက်​ပါစေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဖက် 6:24
16 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “ ‘သင်​၏​ဘုရားသခင် ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့၊ စိတ်ဝိညာဉ်​တစ်ခုလုံး၊ ဉာဏ်​ရှိသမျှ​နှင့် ချစ်လော့’


သင်တို့​အား ငါ​ပေးသမျှသော ပညတ်တော်​အားလုံး​ကို သူတို့​အား သွန်သင်လော့။ ငါ​သည်လည်း ကမ္ဘာ​ကုန်ဆုံးသည့်​တိုင်အောင် သင်တို့​နှင့်အတူ အစဉ်အမြဲ​ရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲ​ခရစ်ဝင်ကျမ်း​ပြီးပါပြီ။


ဖြားယောင်း​သွေးဆောင်ရာ​သို့ မကျရောက်စေဘဲ မာရ်နတ်​၏ လက်​မှ အကျွန်ုပ်တို့​ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်​နှင့် ဘုန်းတော်​သည် ကမ္ဘာအဆက်ဆက်​ကိုယ်တော်​၌ ရှိပါ၏။ အာမင်။


ကောင်းမှု​ကို အစဉ်တစိုက်​ပြု​၍ ဘုန်းအသရေ၊ ဂုဏ်အသရေ​နှင့် မပျက်စီး​မယိုယွင်းသော​ဘဝ​ကို ရှာသော​သူတို့​အား ထာဝရ​အသက်​ကို ပေးတော်မူ​လိမ့်မည်။


သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်၊ ဘုရားသခင်​၏ မေတ္တာတော်​နှင့် သန့်ရှင်းသော​ဝိညာဉ်တော်​၏ မိတ်သဟာယဖွဲ့ခြင်း​တို့​သည် သင်တို့​အားလုံး​နှင့်အတူ ရှိပါစေသော။ ကောရိန္သု​ဩဝါဒစာ​ဒုတိယစောင် ပြီးပါပြီ။


သင်တို့​လှူဒါန်း​ရန် စေတနာစိတ်​ရှိလျှင် ဘုရားသခင်​သည် သင်တို့​၌ မရှိသော​အရာ​ကို မထောက်ဘဲ ရှိသော​အရာ​ကို ထောက်​၍ သင်တို့​၏ လှူဒါန်းခြင်း​ကို လက်ခံတော်မူ​လိမ့်မည်။


ဤ​သည်​မှာ ကျွန်ုပ်​သည် သင်တို့​ကို အမိန့်ပေးနေခြင်း​မဟုတ်။ သို့သော် သင်တို့​၏ ချစ်ခြင်းမေတ္တာ​စစ်မှန်မှု​ကို အခြားသူတို့​၏ စိတ်အားထက်သန်မှု​နှင့် နှိုင်းယှဉ်​၍ စစ်ဆေးခြင်း​သာ​ဖြစ်၏။


ခမည်းတော်​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ငြိမ်းချမ်းခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းတို့​သည် ညီအစ်ကို​မောင်နှမတို့​အပေါ် သက်ရောက်ပါစေသော။


ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။ ဤ​စာ​သည် ယေရှု​ခရစ်တော်​၏ အစေအပါးများ​ဖြစ်ကြသော ကျွန်ုပ်​နှင့် ကျွန်ုပ်တို့​၏​ညီ တိမောသေ​တို့​က ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း ရှိကြသည့် ဖိလိပ္ပိမြို့သား ယုံကြည်သူများ အထူး​သဖြင့် အသင်းတော်​ကို ကြည့်ရှုပြုစုသူများ၊ သင်းထောက်များ​ထံသို့ ပို့လိုက်သော စာ​ဖြစ်၏။


ကျွန်ုပ်​ပေါလု​ကိုယ်တိုင် ဤ​နှုတ်ဆက်စကား​ကို ကျွန်ုပ်​လက်​နှင့် ရေးလိုက်ပါ၏။ ကျွန်ုပ် အကျဉ်းချ​ခံရခြင်း​ကို သတိရ​ဆုတောင်းပေးကြလော့။ ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​ခံစားရပါစေသော။ ကောလောသဲ​ဩဝါဒစာ ပြီးပါပြီ။


သခင်ဘုရား​သည် သင်​နှင့်အတူ ရှိပါစေသော။ ကျေးဇူးတော်​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။ တိမောသေ​ဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။


အရာရာ​၌ ကောင်းမှု​ကို ပြု​၍ သင်​ကိုယ်တိုင်​စံနမူနာ​ဖြစ်စေလော့။ သွန်သင်​ရာတွင် ရိုးသား​ပွင့်လင်းခြင်း၊ တည်ကြည်ခြင်း၊


ကျွန်ုပ်​နှင့်အတူ​ရှိသောသူ​အားလုံး​သည် သင့်​အား နှုတ်ဆက်လိုက်ပါ၏။ ယုံကြည်ခြင်း​နှင့်တကွ ကျွန်ုပ်တို့​ကို ချစ်ကြသောသူများ​အားလည်း နှုတ်ဆက်ပေးလော့။ ကျေးဇူးတော်​သည် သင်တို့​အားလုံး​အပေါ် သက်ရောက်ပါစေသော။ တိတု​ဩဝါဒစာ ပြီးပါပြီ။


ဘုရားသခင်​၏​ကျေးဇူးတော်​ကို သင်တို့​အားလုံး ခံစားရပါစေသော။ ဟေဗြဲ​ဩဝါဒစာ ပြီးပါပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ