Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 14:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ယုံကြည်ခြင်း​အားနည်းသော​သူ​ကို လက်ခံကြလော့။ သူ​၏ ထင်မြင်​ယူဆချက်များ​ကို သူ​နှင့် မငြင်းခုံကြနှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​ကိုး​စား​မှု​အား နည်း​သူ​ကို​လက်​ခံ​ကြ​လော့။ သို့​ရာ​တွင်​သူ ၏​ထင်​မြင်​ယူ​ဆ​ချက်​များ​နှင့်​ပတ်​သက်​၍ သူ​နှင့်​အ​ငြင်း​အ​ခုံ​မ​ပြု​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ယုံ ကြည် ခြင်း အား နည်း သူ့ ကို လက် ခံ ရာ တွင်၊ သူ့ စေ တ နာ ကို အ ပြစ် မ တင် ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ယုံ​ကြည်​အား​နည်း​သော သူ​တို့​ကို လက်​ခံ​ကြ​လော့။ သို့​ရာ​တွင် ယုံ​မှား​ဖွယ်​သော ပြဿ​နာ​တို့​ကို ထို​သူ​နှင့် မ​ဆွေး​နွေး​ကြ​နှင့်။ အ​စာ​အ​မျိုး​မျိုး​ကို စား​အပ်​သည်​ဟု လူ​အ​ချို့​ယုံ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ယုံကြည်​ခြင်း​အားနည်း​သော​သူ​ကို လက်ခံ​ကြ​လော့။ သူ​၏​တွေးတော​ကြံစည်​မှု​များ​ကို မ​ဝေဖန်​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 14:1
31 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ကြေနေသော​ကျူပင်​ကို မချိုး။ တငွေ့ငွေ့​လောင်နေသော မီးစာ​ကို ငြိမ်းသတ်မည်​မဟုတ်။ အဆုံး​၌ တရားမျှတခြင်း စိုးမိုးလာသည်​ထိ ဆောင်ရွက်​လိမ့်မည်။


ယေရှု​က ချက်ချင်း​ပင် လက်တော်​ကို​ဆန့်​၍ ပေတရု​အား ဖမ်းဆုပ်​လျက် “ယုံကြည်ခြင်း​အားနည်းသော​သူ… အဘယ်ကြောင့် သံသယစိတ်​ဝင်သနည်း” ဟု မိန့်တော်မူ၏။


ကလေးငယ်​တစ်ဦးတစ်ယောက်​အပေါ်​၌ မထီမဲ့မြင်​မပြုမိ​စေရန် သတိပြုကြလော့။ ကောင်းကင်ဘုံ​တွင်​ရှိသော ထို​ကလေးငယ်တို့​၏ ကောင်းကင်တမန်များ​သည် ကောင်းကင်ဘုံ​၌ ရှိတော်မူသော ငါ့​ခမည်းတော်​၏ မျက်နှာတော်​ကို အစဉ်မပြတ် ဖူးမြော်​ကြရသည်​ဟု သင်တို့​အား ငါ​ပြောဆို၏။


အဘယ်ကြောင့်ဆိုသော် အစာ​သည် စိတ်နှလုံး​ထဲသို့ မဝင်။ ဝမ်း​ထဲသို့​ဝင်​ပြီးမှ ရေအိမ်​သို့​စွန့်ရ၏” ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူခြင်း​အားဖြင့် အစားအစာ​ဟူသမျှ​သည် သန့်ရှင်းကြောင်း​ကို ဖော်ပြတော်မူ၏။


ထို​သူ​သည် ဤ​ကလေးငယ်များ​ထဲမှ တစ်စုံ​တစ်ဦး​ကို မှားယွင်းစရာ​အကြောင်း ဖြစ်စေခြင်း​ထက် လည်​၌ ကြိတ်ဆုံကျောက်​ကို ဆွဲ​လျက် ပင်လယ်​ထဲသို့ ပစ်ချခံရခြင်း​သည် သူ့​အတွက် ပို၍​ကောင်း၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​၏ အစေလွှတ်ခံ​ကို လက်ခံကြိုဆိုသောသူ​သည် ငါ့​ကို လက်ခံကြိုဆို၏။ ငါ့​ကို လက်ခံကြိုဆိုသောသူ​သည်လည်း ငါ့​ကို စေလွှတ်သော ခမည်းတော်​ကို လက်ခံကြိုဆို၏” ဟု မိန့်တော်မူ၏။


ကျွန်းသူ​ကျွန်းသားများ​က ကျွန်ုပ်တို့​အပေါ် အလွန်​ကြင်နာ​ကြ၏။ မိုးရွာ​၍ ချမ်းအေး​သောကြောင့် သူတို့​သည်​မီးဖိုပေး​လျက် ကျွန်ုပ်တို့​အားလုံး​ကို ကြိုဆိုဧည့်ခံကြ၏။


သူတို့​ကို ဘုရားသခင် စွန့်ပယ်တော်မူခြင်း​သည် လောကီသားတို့​အား ပြန်လည်​သင့်မြတ်ခွင့်​ကို ဖြစ်စေ​လျှင် သူတို့​ကို လက်ခံတော်မူခြင်း​သည် ပို၍​ပင် အံ့ဖွယ်​ဖြစ်​လိမ့်မည်။ သေလွန်သော​သူတို့ အသက်​ပြန်ရှင်​သကဲ့သို့​ပင် ဖြစ်​လိမ့်မည်။


ဥပမာ​ဆိုရ​လျှင် တချို့​က အစားအစာ​အားလုံး​ကို စား​၍​ရကြောင်း ယုံကြည်ကြ၏။ သို့သော် ယုံကြည်ခြင်း​အားနည်းသူ​သည် ဟင်းသီးဟင်းရွက်​ကိုသာ စား၏။


အသား​စားခြင်း၊ စပျစ်ဝိုင်​သောက်ခြင်း​စသော သင်​၏ ညီအစ်ကို​မောင်နှမ​တစ်ဦးဦး တိုက်မိ​၍​လဲစရာ​ဖြစ်စေမည့် အရာ​မှန်သမျှ​ကို ရှောင်သင့်၏။


အစားအစာ​အားလုံး​ကို စားသောသူ​သည် မစားသောသူ​ကို မထီမဲ့မြင်​မပြုနှင့်။ မစားသောသူ​သည်လည်း စားသောသူ​ကို အပြစ်​မတင်နှင့်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် သူ့​ကို လက်ခံတော်မူပြီ​ဖြစ်​သောကြောင့်​ပင်။


ယုံကြည်ခြင်း​အားကြီးသော ကျွန်ုပ်တို့​သည် မိမိတို့​စိတ်ကြိုက်​မပြုမူဘဲ အားနည်းသော​သူတို့​၏ အားနည်းချက်များ​ကို ထောက်ထား​ညှာတာ​ရမည်။


ထို့ကြောင့် ခရစ်တော်​သည် သင်တို့​ကို လက်ခံ​ကြိုဆို​တော်မူ​သကဲ့သို့ သင်တို့​သည်လည်း ဘုရားသခင်​၏​ဘုန်းတော် ထင်ရှား​စေရန် အချင်းချင်း လက်ခံ​ကြိုဆိုကြလော့။


အာဗြဟံ​သည် အသက်​တစ်ရာ​ခန့်​ရှိ​၍ မိမိ​ခန္ဓာ​သည် အသေ​ကဲ့သို့​ရှိကြောင်း​နှင့် မိမိ​ဇနီး​စာရာ​၏ ဝမ်း​သည် မြုံကြောင်း​ကို ဆင်ခြင်မိ​သောအခါ​၌​ပင်လျှင် ယုံကြည်ခြင်း​မလျော့နည်းခဲ့ပေ။


အားနည်းသော​သူတို့​နှင့်အတူ​ရှိစဉ်က အားနည်းသော​သူတို့​ကို ကယ်တင်​နိုင်ရန် အားနည်းသောသူ​ဖြစ်လာ၏။ တတ်နိုင်​သမျှ လူ​တချို့​ကို ကယ်တင်​နိုင်ရန် ထို​သူတို့​နှင့် တူသော​အချက်​ကို ရှာ​၍ နေထိုင်၏။


သို့ဖြစ်၍ သခင်ဘုရား​၏​လူ ဖြစ်သည်​ကို ထောက်​လျက် သူ့​အား အလွန်​ဝမ်းမြောက်​စွာ ကြိုဆိုကြလော့။ ဤကဲ့သို့သော​လူတို့​ကို ရိုသေကြလော့။


ထို့ပြင် ညီအစ်ကို​မောင်နှမတို့… ပျင်းရိသူများ​ကို သတိပေး​ဆုံးမကြလော့။ စိတ်ပျက်​အားလျော့သူများ​ကို အားပေးကြလော့။ အားနည်းသူများ​ကို ကူညီကြလော့။ လူ​တိုင်း​အပေါ်​တွင် စိတ်ရှည်​ကြလော့။


မာသော​အစားအစာ​မှာ အရွယ်ရောက်သော​သူများ​အတွက်​ဖြစ်ပြီး ထို​သူတို့​သည် အကောင်း​နှင့်​အဆိုး​ကို ဝေဖန်​ပိုင်းခြား​နိုင်ရန် လေ့ကျင့်ထားသည့်​သူများ​ဖြစ်၏။


တစ်စုံတစ်ယောက်​သည် သင်တို့​ထံသို့ လာ​၍ ဤ​သွန်သင်ချက်​ကို မဝေမျှ​လျှင် ထို​သူ​ကို သင်တို့​အိမ်​သို့ မဖိတ်ခေါ်နှင့်။ နှုတ်ခွန်း​လည်း မဆက်ကြနှင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ