Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 4:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ဦးစွာ ချစ်တော်မူ​သောကြောင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​ကို ချစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ရှေး​ဦး​စွာ​ချစ် တော်​မူ​သော​ကြောင့်​ငါ​တို့​သည်​ကိုယ်​တော်​ကို ချစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ကိုယ် တော် သည် ဦး စွာ ငါ တို့ ကို ချစ် တော် မူ သော ကြောင့် ငါ တို့ ချစ် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ရှေ့​ဦး​စွာ ချစ်​တော်​မူ​သော​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ဘုရားသခင်​သည် ငါ​တို့​ကို​ဦးစွာ​ချစ်​တော်မူ​သောကြောင့် ငါ​တို့​သည်​လည်း​ချစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 4:19
9 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သင့်​အား ငါ​ပြောလိုသည်​မှာ သူ​၏​အပြစ်​သည် အလွန်များပြားလှ​သော်လည်း သူ​သည် ခွင့်လွှတ်ခြင်း​ကို ခံရပြီ။ ထို့ကြောင့် သူ​သည် ငါ့​ကို များစွာ ချစ်တော်မူ၏။ အနည်းငယ်သော​အပြစ်လွှတ်ခြင်း​ကို ခံရသောသူ​သည် အနည်းငယ်​သာ​ချစ်တော်မူ၏” ဟု မိန့်တော်မူ၏။


သင်တို့​သည် ငါ့​ကို ရွေးချယ်ခဲ့သည်​မဟုတ်။ ငါ​သည် သင်တို့​ကို ရွေးချယ်၏။ တည်မြဲမည့်​အသီး​ကို သင်တို့​သီး​စေရန် ငါ​ခန့်ထား၏။ သို့ဖြစ်၍ ငါ့​နာမ​ကို အမှီပြု​၍ ခမည်းတော်​ထံ သင်တို့​တောင်း​သမျှ​ကို ခမည်းတော်​မှ ပေးတော်မူ​ရန် ဖြစ်၏။


ဘုရားသခင်​သည် လောကီသားတို့​ကို အလွန်​ချစ်​သောကြောင့် မိမိ​၏​တစ်ပါးတည်းသော​သားတော်​ကို စွန့်တော်မူ၏။ ထိုသို့​စွန့်တော်မူခြင်း​မှာ သားတော်​ကို ယုံကြည်သောသူ​တိုင်း မပျက်စီးဘဲ ထာဝရ​အသက်​ကို ရရှိ​စေရန်​ဖြစ်၏။


သို့သော် ဝိညာဉ်တော်​က ဖြစ်စေသော အသီးအပွင့်​မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ​စောင့်သိခြင်း၊


ချစ်ခြင်းမေတ္တာ​ဟူသည်​မှာ ဘုရားသခင်​အပေါ် ထားသော ကျွန်ုပ်တို့​၏ ချစ်ခြင်းမေတ္တာ​ကို မဆိုလို။ ကျွန်ုပ်တို့​၏ အပြစ်​အတွက် အပြစ်ဖြေရာ​ယဇ်​အဖြစ် သားတော်​ကို စေလွှတ်တော်မူ​၍ ကျွန်ုပ်တို့​အပေါ်​ထားသော ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​ကို ဆိုလို၏။


တစ်စုံတစ်ယောက်​က “ငါ​သည် ဘုရားသခင်​ကို ချစ်သည်” ဟု ဆို​သော်လည်း မိမိ​ညီအစ်ကို​မောင်နှမ​ကို မုန်း​လျှင် ထို​သူ​သည် လိမ်လည်သောသူ​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မျက်စိ​ဖြင့် မြင်ရသော ညီအစ်ကို​မောင်နှမ​ကို မချစ်သောသူ​သည် မမြင်ရသော​ဘုရားသခင်​ကို ချစ်​နိုင်မည်​မဟုတ်​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ