Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 21:15 - မြန်မာ

15 နံ​နက်​စာ​ကို စား​ကြ​သည်​နောက်၊ ယေ​ရှု​က၊ ယော​န၏​သား ရှိ​မုန်၊ ဤ​သူ​တို့​သည် ငါ့​ကို ချစ်​သည်​ထက် သင်​သည်​သာ၍​ချစ်​သ​လော​ဟု ရှိ​မုန်​ပေ​တ​ရု​အား မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 တ​ပည့်​တော်​တို့​စား​ကြ​ပြီး​နောက်​သ​ခင် ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သူ​တို့ ငါ့​ကို​ချစ်​သည်​ထက်​ပို​၍​ချစ်​သ​လော'' ဟု​ရှိ​မုန်​ပေ​တ​ရု​အား​မေး​တော်​မူ​၏။ ရှိ​မုန်​က ``မှန်​ပါ​၏​သ​ခင်၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​ပါ​၏'' ဟု လျှောက်​၏။ ကိုယ်​တော်​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့'' ဟု မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 တပည့်တော်တို့စားကြပြီးနောက် ရှိမုန်ပေတရုအားယေရှုက ယောဟန်၏သားရှိမုန်၊ ဤသူတို့ထက် သင်သည်ငါ့ကိုမြတ်နိုးသလောဟုမေးတော်မူသော် ပေတရုက မှန်ပါသည်အရှင်ဘုရား၊ ကိုယ်တော်ကိုချစ်ခင်ကြောင်း ကိုယ်တော်သိတော်မူပါသည်ဟုလျှောက်ရာ၊ ငါ့သိုးသားငယ်တို့ကိုကျွေးမွေးလော့ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 နံ​နက်​စာ​ကို စား​ကြ​သည်​နောက်၊ ယေ​ရှု​က၊ ယော​န၏​သား ရှိ​မုန်၊ ဤ​သူ​တို့​သည် ငါ့​ကို ချစ်​သည်​ထက် သင်​သည်​သာ၍​ချစ်​သ​လော​ဟု ရှိ​မုန်​ပေ​တ​ရု​အား မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထိုသို့ နံနက်စာ​ကို သူ​တို့​စား​ကြ​ပြီး​သောအခါ ယေရှု​က ရှိမုန်​ပေတရု​အား“ယောဟန်​၏​သား​ရှိမုန်၊ ဤ​သူ​တို့​ငါ့​ကို​ချစ်​သည်​ထက် သင်​သည် ငါ့​ကို​ပို၍​ချစ်​သလော”​ဟု မေး​တော်မူ​၏။ ပေတရု​က “ဟုတ်​ပါ​၏ သခင်​ဘုရား၊ ကိုယ်တော်​ကို အကျွန်ုပ်​ချစ်ခင်​ကြောင်း ကိုယ်တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“ငါ​၏​သိုးသငယ်​တို့​ကို ကျွေးမွေး​လော့”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 နံနက်စာ​စားသောက်ကြ​ပြီးနောက် ယေရှု​က “ယောဟန်​၏​သား​ရှိမုန်… အခြား​တပည့်တော်များ ငါ့​ကို ချစ်သည်​ထက် သင်​သည် ငါ့​ကို ပို​၍ ချစ်သလော” ဟု ရှိမုန်​ပေတရု​ကို မေးတော်မူ၏။ ပေတရု​က “ချစ်ပါ၏ သခင်။ အကျွန်ုပ်​သည် သခင့်​ကို ချစ်ကြောင်း သခင်​သိပါ၏” ဟု လျှောက်၏။ ယေရှု​က “သို့ဖြစ်လျှင် ငါ့​သိုးတို့​ကို ကျွေးမွေးလော့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 21:15
49 ပူးပေါင်းရင်းမြစ်များ  

အ​ကြင်​သူ​သည် ငါ့​ကို​ချစ်​သည်​ထက် မိ​ဘ​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့်​မ​ထိုက်​မ​တန်။ အ​ကြင်​သူ​သည် ငါ့​ကို ချစ်​သည်​ထက် သား​သ​မီး​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့် မ​ထိုက်​မ​တန်။-


ယေ​ရှု​က​လည်း၊ ရှိ​မုန်​ဗာ​ယော​န၊ သင်​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​သွေး​အ​သား​သည် ဤ​အ​ကြောင်း​အ​ရာ​ကို သင့်​အား ဖော်​ပြ​သည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်​သည် ဖော်​ပြ​တော်​မူ​သ​တည်း။-


သင်​တို့​သည် ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို မ​ထီ​မဲ့​မြင် မ​ပြု​မည်​အ​ကြောင်း သ​တိ​ရှိ​ကြ​လော့။ ငါ​ဆို​သည်​ကား၊ သူ​တို့၏ ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော ငါ့​အ​ဘ၏​မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ် ဖူး​မြင်​ကြ၏။-


ပေ​တ​ရု​က၊ ဤ​သူ​ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကြောင့် စိတ်​ပျက်​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​သည် စိတ်​အ​လျှင်း​မ​ပျက်​ပါ​ဟု လျှောက်​လေ၏။-


ပေ​တ​ရု​က၊ ကိုယ်​တော်​နှင့်​တ​ကွ သေ​ရ​သော်​လည်း အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ကို မ​ငြင်း​မ​ပယ်​ပါ​ဟု လျှောက်​ပြန်၏။ တ​ပည့်​တော်​အ​ပေါင်း​တို့​သည်​လည်း ထို​နည်း​တူ လျှောက်​ကြ၏။


ပေ​တ​ရု​က၊ ဤ​သူ​ရှိ​သ​မျှ​တို့​သည် စိတ်​ပျက်​ကြ​သော်​လည်း အ​ကျွန်ုပ်​သည် စိတ်​မ​ပျက်​ပါ​ဟု လျှောက်​လေ၏။-


သိုး​စု​ငယ်၊ သင်​တို့​သည် မ​ကြောက်​ကြ​နှင့်။ သင်​တို့​အ​ဘ​သည် သင်​တို့​အား နိုင်​ငံ​ကို​ပေး​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ၏။-


သင်၏​ယုံ​ကြည်​သော​စိတ် မ​ပျက်​စေ​ခြင်း​ငှာ ငါ​သည် သင့်​အ​ဖို့​ဆု​တောင်း​လေ​ပြီ။ သင်​သည် သ​တိ​ရ​ပြန်​သော​အ​ခါ သင်၏​ညီ​အစ်​ကို​တို့​ကို တည်​ကြည်​စေ​လော့​ဟု မိန့်​တော်​မူ​လျှင်၊-


သူ့​ကို ယေ​ရှု​ထံ​သို့ ပို့​ဆောင်​လေ၏။ မေ​ရှိ​ယ​အ​နက်​ကား ခ​ရစ်​တော်​ဟု​ဆို​လို​သ​တည်း။ ယေ​ရှု​သည် ထို​သူ​ကို​ကြည့်​ရှု၍၊ သင်​သည် ယော​န၏​သား​ရှိ​မုန်​ဖြစ်၏။ ကေ​ဖ​အ​မည်​သစ်​ကို ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏၊ ကေ​ဖ​အ​နက်​ကား ပေ​တ​ရု​ဟု ဆို​လို​သ​တည်း။


ပေ​တ​ရု​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့်​အ​တူ အ​ဘယ်​ကြောင့် ယ​ခု​မ​လိုက်​နိုင်​သ​နည်း။ ကိုယ်​တော်​အ​ဖို့ အ​ကျွန်ုပ်၏​အ​သက်​ကို စွန့်​ပါ​မည်​ဟု​လျှောက်​လျှင်၊-


အ​ကြောင်း​မူ​ကား၊ သင်​တို့​သည်​ငါ့​ကို​ချစ်​ကြ၍၊ ငါ​သည် ဘု​ရား​သ​ခင်​အ​ထံ​တော်​မှ ကြွ​လာ​သည်​ကို ယုံ​ကြည်​သော​ကြောင့် ခ​မည်း​တော်​သည် ကိုယ်​တော်​တိုင် သင်​တို့​ကို​ချစ်​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ လာ၍​နံ​နက်​စာ​ကို​စား​ကြ​လော့​ဟု မိန့်​တော်​မူ၏။ သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ကို တ​ပည့်​တော်​တို့​သည် သိ​ကြ​သော​ကြောင့် ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟူ၍ တစ်​စုံ​တစ်​ယောက်​မျှ မ​မေး​မ​လျှောက်​ဝံ့​ကြ။-


ထို​အ​ခါ ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့်​တော်​က၊ ငါ​တို့​သ​ခင်​ပေ​တည်း​ဟု ပေ​တ​ရု​အား ပြော​ဆို၏။ သ​ခင်​ဖြစ်​ကြောင်း​ကို ရှိ​မုန်​ပေ​တ​ရု​သည် ကြား​လျှင်၊ အ​ဝတ်​ကို မ​ခြုံ​ဘဲ​ရှိ​လျက် အ​ပေါ်​အင်္ကျီ​ကို​သာ ဝတ်​စည်း၍ အိုင်​ထဲ​သို့ ဆင်း​လေ၏။-


ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့​အ​ဘ​မှန်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ထွက်​ကြွ​ရောက်​လာ၏။ ကိုယ်​အ​လို​အ​လျောက် လာ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ