သင်တို့အတွက် ကျွန်ုပ်အစဉ်မပြတ် ဆုတောင်းပေးလျက်ရှိ၏။ ထိုသို့ဆုတောင်းပေးခြင်းနှင့်ပတ်သက်၍ သားတော်၏သတင်းကောင်းကို ဟောပြောကာ စိတ်နှလုံးအပြည့်အဝဖြင့် ကျွန်ုပ်အစေခံလျက်ရှိသော ဘုရားသခင်သည် သက်သေဖြစ်တော်မူ၏။
ရောမ 9:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် အလွန်ဝမ်းနည်းလျက် စိတ်နှလုံးထဲ၌လည်း ဖြေဆည်၍ မရနိုင်သော ကြေကွဲခြင်းရှိကြောင်း ခရစ်တော်ကို တိုင်တည်၍ အမှန်ကိုပြော၏။ လိမ်လည်၍ မပြော။ ထိုသို့ အမှန်ပြောကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လိပ်ပြာသန့်စွာ အတည်ပြု၏။ Common Language Bible ငါသည်ခရစ်တော်၏တပည့်ဖြစ်၍မှန် သောစကားကိုယခုငါပြော၏။ လိမ်လည် ၍မပြော။ ငါသည်မှန်သောစကားကိုပြော ကြောင်းသန့်ရှင်းသောဝိညာဉ်တော်၏အုပ်စိုး မှုကိုခံသောငါ၏သြတ္တပ္ပစိတ်ကလည်း သက်သေခံ၏။- Garrad Bible ငါ သည် အ လွန် ဝမ်း နည်း ခြင်း၊ အ စဉ် စိတ် ပူ ဆွေး ခြင်း ရှိ သည် ဟု သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ငါ့ သြ တ္တ ပ္ပ စိတ် သက် သေ ထောက် ခံ လျက် ပင် မု သာ မ သုံး ဘဲ ခ ရစ် တော်၌ တည် သည့် အ တိုင်း အ ဟုတ် အ မှန် ဆို သည် မှာ၊ Judson Bible ငါ့ကိုယ်ကိုကိုယ်သိသောစိတ်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်တကွ ငါ့ဘက်၌ သက်သေခံလျက်၊ ငါသည် မုသားမပါ၊ ခရစ်တော်ရှေ့၌ မှန်ကန်စွာ ပြောသည်ကား၊- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ခရစ်တော်၌ မုသားမပါ ဟုတ်မှန်ရာကိုပြောမည်။ ငါ၏အသိစိတ်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ငါနှင့်အတူသက်သေခံလျက်နေသည့်အကြောင်းကား |
သင်တို့အတွက် ကျွန်ုပ်အစဉ်မပြတ် ဆုတောင်းပေးလျက်ရှိ၏။ ထိုသို့ဆုတောင်းပေးခြင်းနှင့်ပတ်သက်၍ သားတော်၏သတင်းကောင်းကို ဟောပြောကာ စိတ်နှလုံးအပြည့်အဝဖြင့် ကျွန်ုပ်အစေခံလျက်ရှိသော ဘုရားသခင်သည် သက်သေဖြစ်တော်မူ၏။
ဤသို့ဖြင့် သူတို့သည် မိမိတို့၏ နှလုံးသား၌ ဘုရားသခင်၏ ပညတ်တရားကို ရေးမှတ်ထားကြောင်းဖော်ပြကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ကိုယ်ပိုင်အသိစိတ်နှင့် အတွေးများက သူတို့ကို ပြစ်တင်တစ်လှည့် ထောက်ခံတစ်လှည့် ပြုလျက်ရှိကြသောကြောင့်ဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများဖြစ်ကြောင်း ထိုဝိညာဉ်တော် ကိုယ်တိုင်ပင် ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။
ကျွန်ုပ်တို့ လိပ်ပြာသန့်စွာ သက်သေခံသည့် ကြွားဝါစရာအကြောင်းမှာ ကျွန်ုပ်တို့သည် ဤလောက၌ အထူးသဖြင့် သင်တို့ရှေ့၌ လူ့ဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် နေထိုင်ခဲ့ကြောင်းဖြစ်၏။
ကောရိန္သုမြို့သို့ ကျွန်ုပ် ပြန်မလာရခြင်းအကြောင်းရင်းမှာ ကျွန်ုပ်၏ ပြင်းထန်သောဆုံးမခြင်းမှ သင်တို့ကို လွတ်စေလိုသောကြောင့်ဖြစ်ကြောင်း ဘုရားသခင်ကို တိုင်တည်၍ ကျွန်ုပ်ပြော၏။
ဤသို့ ကျွန်ုပ်ကြွားဝါသည်ကို အခါယပြည်တစ်လျှောက်၌ မည်သူမျှ တားဆီး၍ ရမည်မဟုတ်ကြောင်း ခရစ်တော်၏ သမ္မာတရားကျွန်ုပ်၌ ရှိသည်နှင့်အညီ ကျွန်ုပ်ဆို၏။
ကျွန်ုပ်လိမ်လည်၍ မပြောကြောင်းကို သခင်ယေရှု၏ ခမည်းတော်ဖြစ်တော်မူသော ထာဝရမင်္ဂလာရှိတော်မူသည့်ဘုရားသခင် သိတော်မူ၏။
ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် ကာကွယ်ပြောဆိုနေကြသည်ဟု သင်တို့ တစ်ချိန်လုံးထင်မှတ်နေကြသလော။ ကျွန်ုပ်တို့သည် ခရစ်တော်ပြောဆိုစေတော်မူလိုသည့်အတိုင်း ဘုရားသခင် ရှေ့တော်မှောက်၌ ပြောဆိုကြ၏။ ချစ်ရသောသူတို့… ကျွန်ုပ်တို့လုပ်ဆောင်သမျှ အရာရာတိုင်းသည် သင်တို့ကို ဆောက်တည်ပေးနိုင်ရန်ဖြစ်၏။
သင်တို့ထံသို့ ရေးသောစာ၌ လိမ်လည်သည့်အကြောင်းအရာမပါကြောင်း ဘုရားသခင်ကို တိုင်တည်၍ ကျွန်ုပ်ပြောဆိုဝံ့၏။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ မေတ္တာကရုဏာမျိုးဖြင့် သင်တို့အားလုံးကို မည်မျှလွမ်းဆွတ်ကြောင်း ဘုရားသခင်သိတော်မူ၏။
သင်တို့သိသည့်အတိုင်း ကျွန်ုပ်တို့သည် မြှောက်ပင့်သောစကားဖြင့် တစ်ခါမျှ မပြောဆိုကြောင်း၊ လောဘစိတ်ဖြင့် ဟန်မဆောင်ကြောင်း ဘုရားသခင်သည် ကျွန်ုပ်တို့၏ သက်သေဖြစ်၏။
ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်မှာ ဖြူစင်သောနှလုံးသား၊ စစ်မှန်သောယုံကြည်ခြင်း၊ လိပ်ပြာသန့်သောစိတ်တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်းမေတ္တာနှင့် အချင်းချင်းချစ်ကြရန် ဖြစ်၏။
ထို့ကြောင့် လူမျိုးခြားတို့ကို ယုံကြည်ခြင်းနှင့် သမ္မာတရားအကြောင်း သင်ကြားရန် ကျွန်ုပ်သည် တရားဟောဆရာအဖြစ်လည်းကောင်း၊ တမန်တော်အဖြစ်လည်းကောင်း ခန့်အပ်ခံရ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်သည် မလိမ်ညာဘဲ အမှန်အတိုင်းသာ ပြောဆိုခြင်းဖြစ်၏။
မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းမရှိဘဲ ဤညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့် ယေရှုခရစ်တော်တို့ ရှေ့၌လည်းကောင်း၊ ရွေးကောက်တော်မူသောကောင်းကင်တမန်တို့ရှေ့၌လည်းကောင်း သင့်ကို ကျွန်ုပ်အလေးအနက် ညွှန်ကြားလို၏။