Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 9:1 - Common Language Bible

1 ငါ​သည်​ခ​ရစ်​တော်​၏​တ​ပည့်​ဖြစ်​၍​မှန် သော​စ​ကား​ကို​ယ​ခု​ငါ​ပြော​၏။ လိမ်​လည် ၍​မ​ပြော။ ငါ​သည်​မှန်​သော​စ​ကား​ကို​ပြော ကြောင်း​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​အုပ်​စိုး မှု​ကို​ခံ​သော​ငါ​၏​သြတ္တပ္ပ​စိတ်​က​လည်း သက်​သေ​ခံ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1-2 ငါ သည် အ လွန် ဝမ်း နည်း ခြင်း၊ အ စဉ် စိတ် ပူ ဆွေး ခြင်း ရှိ သည် ဟု သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ငါ့ သြ တ္တ ပ္ပ စိတ် သက် သေ ထောက် ခံ လျက် ပင် မု သာ မ သုံး ဘဲ ခ ရစ် တော်၌ တည် သည့် အ တိုင်း အ ဟုတ် အ မှန် ဆို သည် မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ငါ့​ကိုယ်​ကို​ကိုယ်​သိ​သော​စိတ်​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​တ​ကွ ငါ့​ဘက်၌ သက်​သေ​ခံ​လျက်၊ ငါ​သည် မု​သား​မ​ပါ၊ ခ​ရစ်​တော်​ရှေ့၌ မှန်​ကန်​စွာ ပြော​သည်​ကား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ငါ​သည် ခရစ်တော်​၌ မုသား​မ​ပါ ဟုတ်မှန်​ရာ​ကို​ပြော​မည်။ ငါ​၏​အသိစိတ်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​နှင့်အတူ​သက်သေခံ​လျက်​နေ​သည့်​အကြောင်း​ကား

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1-2 ကျွန်ုပ်​သည် အလွန်​ဝမ်းနည်း​လျက် စိတ်နှလုံး​ထဲ၌​လည်း ဖြေဆည်​၍ မရနိုင်သော ကြေကွဲခြင်း​ရှိကြောင်း ခရစ်တော်​ကို တိုင်တည်​၍ အမှန်​ကို​ပြော၏။ လိမ်လည်​၍ မပြော။ ထိုသို့ အမှန်​ပြောကြောင်း​ကို သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် လိပ်ပြာသန့်​စွာ အတည်ပြု၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 9:1
16 ပူးပေါင်းရင်းမြစ်များ  

သား​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် ငါ​သည်​ဘု​ရား​သ​ခင် ၏​အ​မှု​တော်​ကို​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ထမ်း ဆောင်​လျက်​ရှိ​၏။ ငါ​သည်​ဆု​တောင်း​ပတ္ထ​နာ ပြု​သည့်​အ​ခါ​တိုင်း သင်​တို့​အား​အ​စဉ်​သ​တိ ရ​ကြောင်း​ကို​ဘု​ရား​သ​ခင်​သည်​သက်​သေ ဖြစ်​တော်​မူ​၏။ ဘု​ရား​သ​ခင်​အ​လို​တော် ရှိ​ပါ​က​မ​ကြာ​မီ​သင်​တို့​ထံ​သို့​ငါ​လာ နိုင်​ရန်​လမ်း​ဖွင့်​ပေး​တော်​မူ​ရန်​ဆု​တောင်း​၏။-


ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​သည်​ထို သူ​တို့​၏​နှ​လုံး​သား​တွင်​ရေး​သား​ထား​လျက် ရှိ​ကြောင်း သူ​တို့​၏​အ​ပြု​အ​မူ​များ​က​ထောက် ခံ​၏။ သူ​တို့​၏​သြတ္တပ္ပ​စိတ်​က​လည်း​ထောက်​ခံ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​စိတ်​နှ​လုံး သည် တစ်​ခါ​တစ်​ရံ​သူ​တို့​ကို​ပြစ်​တင်​၍ တစ်​ခါ တစ်​ရံ​လည်း​သူ​တို့​ကို​ထောက်​ခံ​သော​ကြောင့် ဖြစ်​၏။-


ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​ကြောင်း​ကို​ဝိ​ညာဉ်​တော်​ကိုယ်​တိုင်​ပင်​လျှင် ငါ​တို့​၏​ဝိ​ညာဉ်​နှင့်​အ​တူ​သက်​သေ​ခံ​တော် မူ​၏။-


ငါ​၏​စိတ်​နှ​လုံး​သည်​ငါ​၏​အ​မျိုး​သား၊ ငါ ၏​သား​ချင်း​တို့​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး​လျက် အ​ခါ​မ​လပ်​ပြင်း​ပြ​သော​ဝေ​ဒ​နာ​ကို​ခံ စား​လျက်​ရှိ​၏။ သူ​တို့​၏​အ​ကျိုး​ငှာ​ငါ သည်​ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​တော်​မူ ခြင်း​ကို​လည်း​ကောင်း၊ ခ​ရစ်​တော်​နှင့်​ကွဲ​ကွာ မှု​ကို​လည်း​ကောင်း​ခံ​လို​သော​ဆန္ဒ​ရှိ​၏။-


ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထောက်​ခံ​၍​ဂုဏ်​ယူ​ဝါ ကြွား​စ​ရာ​တစ်​ခု​ကား ဤ​လော​က​၌​အ​သက် ရှင်​စဉ်​ကာ​လ​အ​ထူး​သ​ဖြင့် သင်​တို့​နှင့် ဆက်​ဆံ​ရာ​တွင်​လူ​၏​အ​သိ​ဉာဏ်​ကို​အ​မှီ မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် တန်​ခိုး​ကို​သာ​လျှင်​အ​မှီ​ပြု​၍ ငါ​တို့​သည် ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့် ပွင့်​လင်း​စွာ​ပြု​မူ ကျင့်​ကြံ​ခြင်း​ပင်​ဖြစ်​၏။-


ကော​ရိန္သု​မြို့​သို့​မ​လာ​ဘဲ​နေ​ရန်​ငါ​ဆုံး​ဖြတ် ခဲ့​ခြင်း​မှာ သင်​တို့​ကို​သက်​ညှာ​သော​ကြောင့်​ဖြစ် ကြောင်း​ဘု​ရား​သ​ခင်​သည်​ငါ​၏​သက်​သေ ဖြစ်​တော်​မူ​၏။-


ဤ​သို့​ငါ​ဝါ​ကြွား​သည်​ကို​အ​ခါ​ယ​ပြည်​တစ် လျှောက်​လုံး​တွင်​မည်​သူ​မျှ​ပိတ်​ပင်​၍​ရ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​၌​ရှိ​သော​ခ​ရစ်​တော်​၏​သစ္စာ တ​ရား​တော်​ကို​အ​မှီ​ပြု​၍​ငါ​ဆို​၏။-


ငါ​သည်​လိမ်​လည်​၍​မ​ပြော​ကြောင်း​ကို သ​ခင် ယေ​ရှု​၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​သိ​တော် မူ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​သည်​ထာ​ဝ​စဉ် မင်္ဂ​လာ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။-


ငါ​တို့​သည်​ယ​ခု​တစ်​ချိန်​လုံး​မိ​မိ​တို့​ကိုယ် ကို​ကွယ်​ကာ​ပြော​ဆို​လျက်​နေ​ကြ​သည်​ဟု သင်​တို့​ထင်​ကောင်း​ထင်​ကြ​လိမ့်​မည်။ ငါ​တို့ သည်​ထို​သို့​ပြော​ဆို​နေ​ခြင်း​မ​ဟုတ်။ ခ​ရစ် တော်​သွန်​သင်​ပေး​သည့်​အ​တိုင်း​ဘု​ရား သ​ခင်​ရှေ့​တော်​မှောက်​တွင်​ပြော​ဆို​နေ​ခြင်း သာ​ဖြစ်​၏။ ချစ်​သူ​တို့၊ ငါ​တို့​ပြု​သ​မျှ သော​အ​မှု​အ​ရာ​တို့​သည်​သင်​တို့​၏ အ​ကျိုး​အ​တွက်​ဖြစ်​ပေ​သည်။-


ဤ​အ​ကြောင်း​အ​ရာ​များ​ကို​မု​သား​သုံး​၍​ရေး သည်​မ​ဟုတ်​ကြောင်း ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။


ငါ​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​မေတ္တာ​ဖြင့်​သင်​တို့ အား​လွန်​စွာ​လွမ်း​ဆွတ်​ကြောင်း​ဘု​ရား​သ​ခင် သည်​ငါ့​သက်​သေ​ဖြစ်​တော်​မူ​၏။


သင်​တို့​သိ​သည်​အ​တိုင်း​ငါ​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​မြှောက်​ပင့်​၍​မ​ပြော။ ငါ​တို့ လော​ဘ​ရှိ​၍​ဟန်​ဆောင်​သော​စိတ်​နှင့်​မ​ကြေ ညာ​မ​ဟော​ပြော​ကြောင်း​ကို ဘု​ရား​သ​ခင် သည်​ငါ​တို့​သက်​သေ​ဖြစ်​တော်​မူ​၏။-


ဤ​သို့​ပ​ညတ်​ရ​ခြင်း​အ​ကြောင်း​မှာ​သန့်​စင် သော​မေတ္တာ၊ ကြည်​လင်​သော​သြတ္တပ္ပ​စိတ်​နှင့် စစ်​မှန်​သော​ယုံ​ကြည်​ခြင်း​ကို​နှိုး​ဆွ​ပေး လို​၍​ဖြစ်​၏။-


သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ့​အား​တ​မန်​တော် အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​၏ ဆ​ရာ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း တ​ရား​နှင့်​သမ္မာ​တ​ရား​တော်​ကို​ဟော​ပြော သွန်​သင်​ရန်​ခန့်​ထား​တော်​မူ​၏။ ငါ​သည်​မု​သား စ​ကား​ကို​ပြော​နေ​သည်​မ​ဟုတ်။ မှန်​သော စ​ကား​ကို​ပြော​နေ​ခြင်း​ဖြစ်​သည်။


ဤ​ညွှန်​ကြား​ချက်​များ​ကို​လိုက်​နာ​ဆောင်​ရွက်​ရန် ဘု​ရား​သ​ခင်​နှင့်​ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော် ၌​လည်း​ကောင်း၊ သန့်​ရှင်း​မြင့်​မြတ်​သော​ကောင်း​ကင် တ​မန်​များ​ရှေ့​၌​လည်း​ကောင်း​သင့်​အား​ငါ​သစ္စာ ပေး​၏။ သင်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ကြို​တင် စီ​ရင်​ဆုံး​ဖြတ်​မှု​နှင့်​ဘက်​လိုက်​မှု​ကို​မ​ပြု​နှင့်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ