ချစ်ရသောသူတို့… ကိုယ်တိုင်လက်တုံ့မပြန်ကြနှင့်။ ဘုရားသခင်ကသာ စီရင်ပါစေ။ ကျမ်းစာ၌ “ထာဝရဘုရားက ‘လက်တုံ့ပြန်ခြင်းသည် ငါ့တာဝန် ဖြစ်၏။ သူတို့ကို အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်’ ဟု မိန့်တော်မူ၏” ဟူ၍ရေးသားထား၏။
ရောမ 3:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ကျွန်ုပ်တို့၏ မတရားမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပေါ်လွင်ထင်ရှားစေလျှင် မည်သို့ဆိုမည်နည်း။ ကျွန်ုပ်တို့အပေါ် အမျက်တော်ကျရောက်စေတော်မူသော ဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သလော။ ဤအရာကို လူသားတစ်ယောက်အနေဖြင့် ကျွန်ုပ်ပြောဆိုခြင်းဖြစ်၏။ Common Language Bible သို့ရာတွင်လူအချို့က``ငါတို့၏ဆိုးယုတ်မှု သည်ဘုရားသခင်၏ကောင်းမြတ်မှန်ကန်မှုကို ပိုမိုထင်ရှားစေသည်မဟုတ်ပါလော'' ဟု မေးကြလိမ့်မည်။ ငါတို့မည်သို့အဖြေပေး မည်နည်း။ ``ဘုရားသခင်သည်ငါတို့ကို ဒဏ်ခတ်တော်မူသည်မှာမတရား'' ဟုငါ တို့ဖြေဆိုကြမည်လော။ (ဤသို့ငါဆိုရာ ၌လူတို့ပြောဆိုလေ့ရှိသည့်အတိုင်းပြော လိုက်ခြင်းဖြစ်သည်။-) Garrad Bible သို့ ရာ တွင် ငါ တို့ မ တ ရား မှု ဖြင့် ဘု ရား သ ခင်၏ ဖြောင့် မတ် တော် မူ ခြင်း ထင် ရှား သည် မှန် က မည် သို့ ပြော ရ အံ့ နည်း။ လူ့ စ ရိုက် အ လိုက် ငါ ဆို လျှင် အ မျက် တော် ဒဏ် စီ ရင် သော ဘု ရား သ ခင် သည် မ တ ရား ရာ ရောက် တော် မူ သ လော။ Judson Bible ငါတို့၏ မတရားသောအမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေလျှင်၊ အဘယ်သို့ဆိုရသနည်း။ ဘုရားသခင်သည် ဒဏ်ပေးတော်မူလျှင်၊ မတရားသောအမှုကို ပြုတော်မူသလော။ ထိုသို့ဆိုသော် လူသဘောအတိုင်း ငါဆိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ငါတို့၏မတရားမှုသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေလျှင် မည်သို့ဆိုရမည်နည်း။ လူသားတစ်ဦးအနေဖြင့်ငါဆိုသော် အမျက်တော်ကိုသက်ရောက်စေတော်မူသောဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သလော။ |
ချစ်ရသောသူတို့… ကိုယ်တိုင်လက်တုံ့မပြန်ကြနှင့်။ ဘုရားသခင်ကသာ စီရင်ပါစေ။ ကျမ်းစာ၌ “ထာဝရဘုရားက ‘လက်တုံ့ပြန်ခြင်းသည် ငါ့တာဝန် ဖြစ်၏။ သူတို့ကို အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်’ ဟု မိန့်တော်မူ၏” ဟူ၍ရေးသားထား၏။
ထိုသို့ သင်သည် ခေါင်းမာ၍ နောင်တရသောစိတ်မရှိ။ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်း ထင်ရှားလာမည့်အချိန်ဖြစ်သည့် အမျက်တော်နေ့တွင် ပို၍ကြီးလေးသောပြစ်ဒဏ်ကို သင်ခံရလိမ့်မည်။
ပညတ်တရား၌ ပါသမျှသောပြဋ္ဌာန်းချက်များသည် ထိုပညတ်တရားကို ခံယူရရှိသောသူတို့အတွက်ဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။ ပညတ်တရား၏ ရည်ရွယ်ချက်မှာ လူတို့ကို မိမိတို့၏အပြစ်အတွက်ဆင်ခြေမပေးရန်နှင့် လောကီသားအားလုံးသည် ဘုရားသခင်ရှေ့တော်၌ အပြစ်ရှိကြောင်း ဖော်ပြရန်ဖြစ်၏။
အကယ်၍ ကျွန်ုပ်တို့၏ လိမ်လည်ခြင်းအားဖြင့် ဘုရားသခင်၏ ဖြောင့်မှန်ခြင်းက ကိုယ်တော်၏ဘုန်းတော်ကို ပိုမိုပေါ်လွင်ထင်ရှားစေလျှင် အဘယ်ကြောင့် ကျွန်ုပ်တို့သည် အပြစ်ရှိသောသူအဖြစ် စီရင်ခံရသေးသနည်း။
ဘုရားသခင်၏ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ဂျူးလူမျိုး၏ ဘိုးဘေးအာဗြဟံသည် မည်သို့ကြုံတွေ့ခဲ့သနည်း။
သို့သော် ကျွန်ုပ်တို့ အပြစ်သားများဖြစ်နေစဉ်ကပင် ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ခရစ်တော်ကို အသေခံရန် စေလွှတ်တော်မူခြင်းအားဖြင့် သူ၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အား သက်သေပြတော်မူ၏။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အံ့ဖွယ်ကျေးဇူးတော်ကို ပိုမို ခံစားနိုင်ရန် ဆက်၍ အပြစ်ကျူးလွန်နေရမည်လော။
သင်တို့၏ လူ့သဘာဝအားနည်းချက်ကြောင့် ဤအကြောင်းအရာကို သင်တို့နားလည်စေရန် ကျွန်ခံခြင်းဥပမာကို ကျွန်ုပ်အသုံးပြုရခြင်းဖြစ်၏။ ယခင်က သင်တို့သည် စက်ဆုပ်ညစ်ညမ်းခြင်းနှင့် တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် မိမိတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဆက်သ၍ ပိုမိုကြီးလေးသောအပြစ်ကို ကျူးလွန်ကြ၏။ ယခုတွင်မူ သင်တို့သည် သန့်ရှင်းသောသူများဖြစ်လာကြစေရန် ဖြောင့်မတ်ခြင်းတရား၏ကျွန်အဖြစ် အပ်နှံကြလော့။
သို့ဖြစ်လျှင် မည်သို့ဆိုမည်နည်း။ ပညတ်တရားသည် အပြစ်လော။ အပြစ်မဟုတ်။ အမှန်တွင်မူ ပညတ်တရားမရှိလျှင် အပြစ်ကို ကျွန်ုပ်သိမည်မဟုတ်။ ပညတ်တရားက “မတပ်မက်နှင့်” ဟု မဆိုထားလျှင် တပ်မက်ခြင်းသည် အပြစ်ဖြစ်ကြောင်းကို ကျွန်ုပ်သိမည်မဟုတ်။
သို့ဖြစ်လျှင် ဤသို့သော အံ့ဖွယ်အကြောင်းအရာများကို ထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့ဘက်၌ ရှိတော်မူလျှင် မည်သူသည် ကျွန်ုပ်တို့ကို ဆန့်ကျင်နိုင်မည်နည်း။
ထိုအကြောင်းအရာများမှာ မည်သို့ ဆိုလိုသနည်း။ လူမျိုးခြားတို့မှာ ဘုရားသခင်သတ်မှတ်တော်မူသည့် ဖြောင့်မတ်ခြင်းစံနှုန်းတို့ကို မီအောင် မလိုက်နိုင်သော်လည်း ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရကြ၏။ ထိုသို့ သတ်မှတ်ခံရခြင်းမှာ ယုံကြည်ခြင်းအားဖြင့်သာ ဖြစ်၏။
ကျွန်ုပ်သည် လူ့သဘောဖြင့် ဧဖက်မြို့၌ သားရဲတိရစ္ဆာန်များနှင့် တိုက်ခိုက်ခဲ့မည်ဆိုလျှင် ကျွန်ုပ်အတွက် မည်သည့်အကျိုး ရှိမည်နည်း။ သေလွန်သောသူတို့ မထမြောက်လျှင် “ကျွန်ုပ်တို့သည် မနက်ဖြန် သေကြမည်ဖြစ်၍ စားသောက်လျက် နေကြစို့” ဟူ၍ ဆိုထားသည့်အတိုင်း ပြုကြစို့။
ကျွန်ုပ်သည် ဤအရာများကို လူ့အမြင်ဖြင့်သာ ပြောနေသလော။ ပညတ်တရားသည်လည်း ဤအတိုင်းပင် ဖော်ပြထားသည်မဟုတ်လော။
ထိုသို့ဖြစ်စေမည့်အစား ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများ၊ အကျပ်အတည်းများ၊ အခက်အခဲများကို အလွန်သည်းခံလျက် ဘုရားသခင်၏ အစေခံများဖြစ်ကြောင်းကိုသာ ပေါ်လွင်စေကြ၏။
ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် သင်တို့အထဲတွင် မည်သည့်အရာများ ဖြစ်ပေါ်စေသည်ကို ကြည့်လော့။ မှန်သောအရာကို လုပ်ဆောင်ရန် ကြိုးစားအားထုတ်ကြလေပြီ။ အပြစ်ကင်းကြောင်း ချေပလိုကြလေပြီ။ မိမိတို့၏အပြစ်အတွက် ယူကျုံးမရဖြစ်ကြလေပြီ။ အလွန်ကြောက်ရွံ့ကြလေပြီ။ အလွန်တောင့်တကြလေပြီ။ အလွန်စိတ်အားထက်သန်ကြလေပြီ။ အပြစ်ရှိသူအား ပြစ်ဒဏ်ပေးရန် အသင့်ဖြစ်ကြလေပြီ။ ဤအမှု၌ သင်တို့သည် မိမိကိုယ်ကိုယ် အပြစ်ကင်းကြောင်း အဘက်ဘက်မှ ပြသကြပြီဖြစ်၏။
ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက် ပညတ်တရားကို ပြန်၍နာခံသည်မှာ မိမိဖျက်ဆီးခဲ့သောအရာကို ပြန်လည်တည်ဆောက်ခြင်းဖြစ်ပြီး မိမိကိုယ်ကိုယ် ပညတ်တရားချိုးဖောက်သူဖြစ်ကြောင်း ဖော်ပြရာရောက်လိမ့်မည်။
ညီအစ်ကိုမောင်နှမတို့… နေ့စဉ်ဘဝထဲမှ ဥပမာတစ်ခုကို ကျွန်ုပ်ပေးမည်။ လူတို့ချုပ်ဆိုသော စာချုပ်ပင်လျှင် အတည်ပြုပြီးသောအခါ မည်သူကမျှ ပယ်ဖျက်ခြင်း၊ သို့မဟုတ် ဖြည့်စွက်ခြင်း မပြုရတော့ပေ။
ထိုသူတို့သည် ဘုရားသခင်၏ အစေခံမောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏ သီချင်းကို သီဆိုနေကြ၏။ ထိုသီချင်းမှာ “အို အနန္တတန်ခိုးရှင် ဘုရားသခင်… ကိုယ်တော်၏ လုပ်ဆောင်မှုတို့သည် ကြီးမြတ်၍ အံ့ဖွယ်ဖြစ်ပါ၏။ အို လူမျိုးအပေါင်းတို့၏ ဘုရင်… ကိုယ်တော်၏ နည်းလမ်းတို့သည် တရားမျှတ၍ မှန်ကန်ပါ၏။
အို ကောင်းကင်ဘုံသားတို့… ထိုမြို့၏ပျက်စီးခြင်းအတွက် ဝမ်းမြောက်ကြလော့။ အို သန့်ရှင်းသောသူတို့၊ တမန်တော်တို့နှင့် ပရောဖက်တို့… ဝမ်းမြောက်ကြလော့။ သင်တို့အပေါ် ပြုခဲ့သည့်အမှုအတွက် ဘုရားသခင်သည် ထိုမြို့ကို တရားစီရင်တော်မူပြီ။