၁ ကော 9:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း8 ကျွန်ုပ်သည် ဤအရာများကို လူ့အမြင်ဖြင့်သာ ပြောနေသလော။ ပညတ်တရားသည်လည်း ဤအတိုင်းပင် ဖော်ပြထားသည်မဟုတ်လော။ အခန်းကိုကြည့်ပါ။Common Language Bible8 ယခုဖော်ပြသည့်ဥပမာများသာမက၊ ပညတ်ကျမ်းကလည်းဤအတိုင်းပင်ထောက် ခံပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible8 လူ့ အ လိုက် သာ မ က ပ ည တ္တိ ကျမ်း လည်း ထို သို့ အ ဆို ရှိ သည် မ ဟုတ် လော။ အခန်းကိုကြည့်ပါ။Judson Bible8 လောကီဝေါဟာရအားဖြင့်သာ ဤသို့ ငါဆိုသလော။ ပညတ်တရားသည်လည်း ဤသို့ပင်ဆိုသည် မဟုတ်လော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ငါသည် ဤအရာများကို လူ့သဘောအားဖြင့် ပြောဆိုနေသလော။ ပညတ်တရားသည်လည်း ထိုသို့ဆိုထားသည်မဟုတ်လော။ အခန်းကိုကြည့်ပါ။ |
သင်တို့သည် ကျွန်ုပ်တို့ထံမှ ကြားနာသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လူ့စကားအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် လက်ခံသောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ အစဉ်အမြဲကျေးဇူးတင်ကြ၏။ ထိုနှုတ်ကပတ်တော်သည် အမှန်ပင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသင်တို့အထဲတွင် သက်ဝင်လှုပ်ရှားတော်မူ၏။
သင်တို့၏ လူ့သဘာဝအားနည်းချက်ကြောင့် ဤအကြောင်းအရာကို သင်တို့နားလည်စေရန် ကျွန်ခံခြင်းဥပမာကို ကျွန်ုပ်အသုံးပြုရခြင်းဖြစ်၏။ ယခင်က သင်တို့သည် စက်ဆုပ်ညစ်ညမ်းခြင်းနှင့် တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် မိမိတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဆက်သ၍ ပိုမိုကြီးလေးသောအပြစ်ကို ကျူးလွန်ကြ၏။ ယခုတွင်မူ သင်တို့သည် သန့်ရှင်းသောသူများဖြစ်လာကြစေရန် ဖြောင့်မတ်ခြင်းတရား၏ကျွန်အဖြစ် အပ်နှံကြလော့။