ရောမ 3:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း4 လုံးဝ မပျက်ပြယ်စေနိုင်ပါ။ “ကိုယ်တော်မိန့်တော်မူသော စကားတော်အားဖြင့် ကိုယ်တော်သည် မှန်ကန်ကြောင်း သက်သေခိုင်လုံလိမ့်မည်။ တရားရင်ဆိုင်ရလျှင်လည်း အနိုင်ရတော်မူလိမ့်မည်” ဟု ကျမ်းစာ၌ ရေးသားထားသည်နှင့်အညီ လူအပေါင်းတို့သည် လိမ်လည်သောသူများဖြစ်သော်လည်း ဘုရားသခင်သည် ဖြောင့်မှန်သောအရှင်ဖြစ်တော်မူပါစေသော။ အခန်းကိုကြည့်ပါ။Common Language Bible4 မည်သည့်နည်းနှင့်မျှဤသို့မဆိုနိုင်။ လူတိုင်း ပင်လိမ်လည်ကြစေကာမူဘုရားသခင်မူ ကား ကတိသစ္စာတည်တော်မူမည်သာဖြစ်၏။ ကျမ်းစာတော်က၊ ``ကိုယ်တော်မိန့်တော်မူသောစကားသည် မှန်ကန်ရမည်။ တရားဆိုင်တော်မူရလျှင်လည်းကိုယ်တော် သာလျှင် အနိုင်ရမည်'' ဟုဖော်ပြသည့်အတိုင်းပင်ဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ထို သို့ မ ဖြစ် စေ ရာ၊ မိန့် တော် မူ ရာ၌ ဖြောင့် မှန် တော် မူ၍ တ ရား ဆိုင် တော် မူ ရာ၌ အောင် မြင် တော် မူ ကြောင်း ထင် ရှား သည် ဟူ သော ကျမ်း လာ ရှိ သည် နှင့် အ ညီ လူ ရှိ သ မျှ သည် သ စ္စာ မ တည် သော် လည်း ဘု ရား သ ခင် မူ ကား သ စ္စာ တည် တော် မူ စေ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible4 မဖျက်နိုင်ရာ။ သို့ဖြစ်၍မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်သောအခါ အောင်မြင်တော်မူ၏ဟု ကျမ်းစာ၌လာသည်နှင့်အညီ၊ လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း၊ ဘုရားသခင်၏ သစ္စာတော်သည် တည်စေသတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 လုံးဝမပျက်ပြယ်နိုင်ရာ။ “ကိုယ်တော်သည် မိမိမိန့်တော်မူသောစကားအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရ၍ တရားဆိုင်တော်မူသောအခါ အောင်မြင်မည့်အကြောင်းတည်း”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း လူခပ်သိမ်းသည် လိမ်လည်သောသူဖြစ်သော်လည်း ဘုရားသခင်သည် ဖြောင့်မှန်တော်မူသောအရှင်ဖြစ်ပါစေသော။ အခန်းကိုကြည့်ပါ။ |
ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ကြိုးစားလျက် ရှိ၏။ သို့သော် ထိုသို့ကြိုးစားစဉ် ကျွန်ုပ်တို့ကိုယ်တိုင်သည်လည်း ပညတ်တရားကို စွန့်ပယ်သဖြင့် အပြစ်သားများပင်ဖြစ်ကြောင်း အခြားဂျူးလူမျိုးတို့က ယူဆလျှင် ခရစ်တော်သည် ကျွန်ုပ်တို့ကို အပြစ်ကျူးလွန်စေရန် အားပေးသည်ဟု ဆိုနိုင်သလော။ လုံးဝမဆိုနိုင်ပါ။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။