ယေရှုကလည်း “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြား၍ လိုက်နာသောသူသည် ပို၍ မင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
ယာကုပ် 1:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် လွတ်လပ်ခြင်းသို့ ရောက်စေသည့် ပြီးပြည့်စုံသော တရားတော်ကို ဆက်လက်၍ ဂရုတစိုက် ကြည့်ရှုသူသည် ကြားနာရသည်ကို မမေ့လျော့ဘဲ လိုက်နာကျင့်သုံးသောသူဖြစ်လျှင် ထိုသို့ပြုသောကြောင့် ဘုရားသခင်သည် ထိုသူကို ကောင်းချီးပေးတော်မူလိမ့်မည်။ Common Language Bible သို့ရာတွင်လူတို့အားအပြစ်အနှောင်အဖွဲ့မှ လွတ်မြောက်စေသောစုံလင်သည့်တရားကို သေချာစွာလေ့လာကြည့်ရှုသောသူကား တရားနာရုံသာနာ၍မေ့လျော့သောသူ မဟုတ်ဘဲဆက်လက်အာရုံပြုကာလက်တွေ့ ကျင့်သုံးသောသူဖြစ်သဖြင့် အဘယ်အမှု မျိုးကိုပြုသည်မဆိုဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။ Garrad Bible လွတ် ခွင့် ဆိုင် ရာ စုံ လင် သော တ ရား တော် တွင် စိုက် ကြည့်၍ တည် နေ သူ မူ ကား ကြား နာ ရုံ မျှ နှင့် မေ့ လျော့ သူ မ ဟုတ်။ လိုက် နာ ပြု ကျင့် သူ ဖြစ် သော ကြောင့် ပြု ကျင့် ရာ၌ ကောင်း ကြီး မင်္ဂ လာ ကို ရ လိမ့် မည်။ Judson Bible လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူ မဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူ ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် လွတ်လပ်ခြင်းနှင့်ဆိုင်သောစုံလင်သည့်တရားတော်ကို သေချာစွာကြည့်ရှုလျက် စောင့်ထိန်းသောသူသည် ကြားနာ၍မေ့လျော့တတ်သူမဟုတ်ဘဲ လက်တွေ့လိုက်နာကျင့်သုံးသောသူဖြစ်၏။ ထိုသူသည် မိမိပြုသောအမှု၌ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။ |
ယေရှုကလည်း “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြား၍ လိုက်နာသောသူသည် ပို၍ မင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သားတော်သည် သင်တို့ကို လွတ်မြောက်စေပါက သင်တို့သည် အမှန်တကယ်လွတ်မြောက်ကြလိမ့်မည်။
ဂျူးဝတ်ပြုဆောင်မှ အစည်းအဝေးရုပ်သိမ်းသောအခါ ဂျူးအများအပြားနှင့် ဘုရားသခင်ကိုကိုးကွယ်သောဂျူးဘာသာဝင်ဖြစ်လာသူတို့သည် ပေါလုနှင့်ဗာနဗနောက်သို့ လိုက်ကြ၏။ သူတို့နှစ်ဦးသည်လည်း ထိုသူတို့အား ဘုရားသခင်၏ကျေးဇူးတော်ကို အမှီပြု၍ ဆက်လက်ရှင်သန်ရန် ပြောဆိုတိုက်တွန်းကြ၏။
ထိုယုံကြည်သူများသည် တမန်တော်တို့၏ သွန်သင်မှုကိုခံယူခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်းနှင့် ဆုတောင်းခြင်းတို့ကို အမြဲဆောင်ရွက်ကြ၏။
သို့ရာတွင် အကျွန်ုပ်သည် ဘုရားသခင်၏ ကူညီမစတော်မူခြင်းကို ခံရသောကြောင့် ယနေ့တိုင်အောင်ရပ်တည်လျက် လူတန်းစားအနိမ့်အမြင့်မရွေးဘဲ လူအပေါင်းတို့အား ဟောပြောပါ၏။ ထိုသို့ဟောပြောရာတွင်လည်း ပရောဖက်များနှင့် မောရှေတို့ဟောပြောခဲ့သည့် နောင်အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကိုသာ ဟောပြောပါ၏။
ထို့ကြောင့် ဘုရားသခင်သည် မည်မျှကျေးဇူးပြုတော်မူတတ်ကြောင်းနှင့် မည်မျှပြင်းထန်စွာ စီရင်တော်မူတတ်ကြောင်းကို သိမှတ်ကြလော့။ မနာခံသောသူတို့အပေါ် ပြင်းထန်စွာ စီရင်တော်မူ၏။ သို့သော် သင်သည် ဘုရားသခင်၏ ကျေးဇူးပြုခြင်းကို ဆက်၍ ယုံကြည်လျှင် သင့်အပေါ် ကျေးဇူးပြုတော်မူလိမ့်မည်။ ဆက်၍ မယုံကြည်လျှင်မူ သင်သည်လည်း ခုတ်ဖြတ်ခြင်းခံရလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို ကြားနာရုံမျှကြားနာသောသူသည် ဘုရားသခင်ရှေ့တော်၌ မဖြောင့်မတ်ဘဲ ပညတ်တရားကို လိုက်နာကျင့်သုံးသောသူသာလျှင် ဖြောင့်မတ်သောကြောင့်ဖြစ်၏။
မည်သို့ပင်ဖြစ်စေကာမူ ပညတ်တရားသည် သန့်ရှင်း၏။ ပညတ်တရား၌ ပါဝင်သောပညတ်တော်တို့သည်လည်း သန့်ရှင်း၏။ မှန်ကန်၍ ကောင်းမြတ်၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ပြန်၍ ရရှိကြသည် မဟုတ်။ သားသမီးဖြစ်ခွင့် ပေးသော ဘုရားသခင်၏ ဝိညာဉ်တော်ကို ရရှိကြခြင်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား “အဗ္ဗ၊ အဖ” ဟု ခေါ်ကြ၏။
အဘယ်ကြောင့်ဆိုသော် အသက်ပေးပိုင်တော်မူသော ဝိညာဉ်တော်၏ တရားသည် ယေရှုခရစ်တော်အားဖြင့် သင့်ကို အပြစ်တရားနှင့် သေခြင်းတရား၏ လက်မှ လွတ်မြောက်စေသောကြောင့် ဖြစ်၏။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… မြဲမြံစွာ ရပ်တည်၍ မရွေ့လျားမပြောင်းလဲကြနှင့်။ ဘုရားသခင်အတွက် သင်တို့ လုပ်ဆောင်သမျှသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့သိကြသည့်အတိုင်း ဘုရားသခင်အတွက် အစဉ်အမြဲ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြလော့။
သင်တို့သည် ယုံကြည်ခြင်း၌ တည်သောသူများ ဖြစ်သည်၊ မဖြစ်သည်ကို မိမိကိုယ်ကိုယ် ဆန်းစစ်ကြလော့။ မိမိကိုယ်ကိုယ် စစ်ဆေးကြလော့။ ယေရှုခရစ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူကြောင်း သင်တို့မသိကြသလော။ စစ်ဆေးရာတွင် ကျရှုံးလျှင်မူ ယေရှုခရစ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသည်မဟုတ်။
ဤအရေပြားလှီးခြင်းကိစ္စ ပေါ်လာရခြင်းမှာ ယုံကြည်သူအတုအယောင်များကြောင့် ဖြစ်၏။ ထိုသူတို့သည် ကျွန်ုပ်တို့အား ယေရှုခရစ်တော်ပေးသော လွတ်လပ်ခွင့်ကို စုံစမ်းပြီး ဖယ်ရှားလိုသဖြင့် အစည်းအဝေးထဲသို့ လျှို့ဝှက်စွာ ဝင်လာကြ၏။ ကျွန်ုပ်တို့အား ပညတ်တရားလက်အောက်တွင် ကျွန်ခံစေနိုင်ရန်အတွက် ဂျူးဓလေ့ထုံးတမ်းများကို အတင်းအကျပ် လိုက်နာစေလိုကြ၏။
ပညတ်တရားမှ လွတ်လပ်ခွင့်ရစေရန် ခရစ်တော်သည် ကျွန်ုပ်တို့ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများအဖြစ် ခိုင်မြဲစွာ ရပ်တည်ကြလော့။ ကျွန်ထမ်းပိုးကို နောက်တစ်ဖန် မထမ်းကြနှင့်။
အချင်းချင်းတို့၏ ဝန်ထုပ်ဝန်ပိုးများကို ကူညီထမ်းရွက်ကြလော့။ ဤသို့ပြုခြင်းအားဖြင့် သင်တို့သည် ခရစ်တော်၏ တရားတော်ကို လိုက်နာလိမ့်မည်။
သို့ရာတွင် သင်တို့သည် သတင်းကောင်းကို ကြားနာစဉ်က ရရှိသော မျှော်လင့်ခြင်းမှ မရွေ့လျားဘဲ ကြံ့ကြံ့ခိုင် ရပ်တည်လျက် ဆက်၍ ယုံကြည်ရမည်။ ထိုသတင်းကောင်းကို မိုးကောင်းကင်အောက်၌ ရှိသော သတ္တဝါအားလုံးကို ဟောပြောနေသည်ဖြစ်၍ ကျွန်ုပ်ပေါလုသည် ထိုသတင်းကောင်းကို ဟောပြောသော အမှုဆောင်ဖြစ်လာ၏။
သို့သော်လည်း အမျိုးသမီးများသည် မိမိတို့ဣန္ဒြေနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်းတို့ကို ဆက်လက်ထိန်းသိမ်းမည်ဆိုလျှင် သားဖွားရသောအမှုဖြင့် ကယ်တင်ခြင်းခံရလိမ့်မည်။
သင်သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ မိမိသွန်သင်ချက်တို့ကိုလည်းကောင်း သတိပြု၍ ထိုအပေါ်ရပ်တည်လော့။ ထိုသို့ပြုလျှင် မိမိကိုယ်ကိုယ် ကယ်တင်သည်သာမက သင်၏သွန်သင်ချက်ကို နားထောင်သောသူတို့ကိုလည်း ကယ်တင်လိမ့်မည်။
မည်သူမျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မဆုံးရှုံးစေရန် သတိပြုလော့။ သင်တို့ကို ဒုက္ခပေး၍ လူများစွာကို ညစ်ညူးစေမည့် ခါးသီးသောအမြစ်ကို မပေါက်ပွားစေရန် သတိပြုလော့။
ထို့ကြောင့် သင်တို့အား လွတ်မြောက်စေမည့် ပညတ်တရားအားဖြင့် စီရင်ခံရမည့်သူများကဲ့သို့ ပြောဆိုပြုမူကြလော့။
လွတ်လပ်သူများအဖြစ် နေထိုင်ကြလော့။ သို့ရာတွင် မကောင်းမှုပြုရန် ထိုလွတ်လပ်မှုကို ဆင်ခြေအဖြစ် အသုံးမချဘဲ ဘုရားသခင်၏ကျွန်အဖြစ် ပြုမူနေထိုင်ကြလော့။
ထို့ကြောင့် အစဦးကပင် ကြားခဲ့ရသော အရာကို သင်တို့၌ တည်စေကြလော့။ ထိုသို့တည်လျှင် သင်တို့သည် သားတော်၌လည်းကောင်း၊ ခမည်းတော်၌လည်းကောင်း တည်နေလိမ့်မည်။
ထို့နောက် “ဤအရာကို ရေးမှတ်ထားလော့။ ယခုမှစ၍ သခင်ဘုရားကို သစ္စာရှိစွာ ယုံကြည်လျက် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကောင်းကင်ဘုံမှ ပြောဆိုသံကို ကျွန်ုပ်ကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့ပြုခဲ့သောအမှုများအတွက် ဆုပေးခံကြရသဖြင့် သူတို့သည် ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့် ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
မိမိတို့၏ ဝတ်ရုံများကို လျှော်ဖွပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည် မြို့တံခါးများမှ မြို့ထဲသို့ ဝင်၍ အသက်ပင်၏ အသီးကို စားခွင့်ရလိမ့်မည်။