ရောမ 2:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း13 အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို ကြားနာရုံမျှကြားနာသောသူသည် ဘုရားသခင်ရှေ့တော်၌ မဖြောင့်မတ်ဘဲ ပညတ်တရားကို လိုက်နာကျင့်သုံးသောသူသာလျှင် ဖြောင့်မတ်သောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible13 လူသည်ပညတ်တရားကိုကြားနာရုံဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ်သူ မဖြစ်နိုင်။ ပညတ်တရားပြဋ္ဌာန်းသည့်အတိုင်း ပြုကျင့်မှသာလျှင် ဘုရားသခင်နှင့်မှန်ကန် စွာဆက်သွယ်သူဖြစ်နိုင်၏။- အခန်းကိုကြည့်ပါ။Garrad Bible13-16 အ သို့ ဆို သော် ပ ညတ် တ ရား မ ရ သော လူ မျိုး ခြား တို့ သည် ဇာ တိ သ ဘာ ဝ အ လျောက် ပ ညတ် တ ရား တော် ယှဉ် ရာ အ ကျင့် ကျင့် လျှင် သြ တ္တ ပ္ပ စိတ် များ သက် သေ ခံ လျက် ကိုယ့် ထင် မြင် ချက် များ စွဲ ဆို တုံ၊ ထု ချေ တုံ ပြု ရာ တွင် ပ ညတ် တ ရား မ ရ သော် လည်း စိတ် နှ လုံး၌ အ က္ခ ရာ တင် ပြီး သော ပ ညတ် တ ရား တော် အ ကျိုး ကို ဖော် ပြ သည့် အ လျောက် ကိုယ့် အ ဖို့ ပ ညတ် တ ရား အ ဖြစ် ရောက် ကြ ပြီ ဖြစ် သ ဖြင့် ငါ ဟော ချက် အ ရ ခ ရစ် တော် ယေ ရှု အား ဖြင့် လူ တို့ ကွယ် ဝှက် ရာ များ ကို ဘု ရား သ ခင် စီ ရင် ဆုံး ဖြတ် တော် မူ အံ့ သော နေ့၌ ပ ညတ် တ ရား ကြား နာ သူ တို့ မ ဟုတ်။ လိုက် နာ သူ တို့ သာ ရှေ့ တော် တွင် ဖြောင့် မတ် ရာ ရောက် ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible13 အကြောင်းမူကား၊ တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်။ တရားကို ကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 အကြောင်းမူကား ပညတ်တရားကိုကြားနာသောသူတို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ကြသည်မဟုတ်။ ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူတို့သာလျှင် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။ အခန်းကိုကြည့်ပါ။ |
သို့သော်လည်း လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ သတ်မှတ်ခံရကြောင်း ကျွန်ုပ်တို့ သိကြ၏။ ကျွန်ုပ်တို့သည်လည်း ပညတ်တရားကို လိုက်နာခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ယေရှုခရစ်တော်ကို ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်မဟုတ်သောကြောင့် ဖြစ်၏။