Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 4:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 သင်​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ မိမိ​သွန်သင်ချက်​တို့ကို​လည်းကောင်း သတိပြု​၍ ထို​အပေါ်​ရပ်တည်လော့။ ထိုသို့​ပြု​လျှင် မိမိကိုယ်ကိုယ် ကယ်တင်သည်​သာမက သင်​၏​သွန်သင်ချက်​ကို နားထောင်သော​သူတို့​ကိုလည်း ကယ်တင်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သို့​ပြု​လျှင်​သင်​နှင့်​တ​ကွ​သင်​၏​တ​ရား​ကို ကြား​နာ​ရ​သူ​အ​ပေါင်း​တို့​သည်​ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ကိုယ် ကိုလည်း ကောင်း၊ ကိုယ့် သင် ကြား ခြင်း ကိုလည်း ကောင်း ဂ ရု စိုက် လျက် ထို အ မှု များ၌ တည် မြဲ လော့။ သို့ ပြု လျှင် ကိုယ် တိုင် မှ စ၍ ကြား နာ သူ တို့ ကို သင် ကယ် တင် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ကိုယ်​ကို​လည်း​ကောင်း၊ ကိုယ်​ဆုံး​မ​ဩ​ဝါ​ဒ​ကို​လည်း​ကောင်း သ​တိ​ပြု၍ အ​မြဲ​တည်​နေ​လော့။ ထို​သို့​ပြု​လျှင်၊ ကိုယ်​ကို​လည်း​ကောင်း၊ နား​ထောင်​သော သူ​တို့​ကို​လည်း​ကောင်း ကယ်​တင်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သင့်ကိုယ်သင်​သော်လည်းကောင်း၊ သင်​၏​သွန်သင်​ချက်​ကို​သော်လည်းကောင်း ဂရုစိုက်​၍ ထို​သွန်သင်ချက်​တို့​၌ အမြဲ​တည်​နေ​လော့။ အကြောင်းမူကား သင်​သည် ထိုသို့​ပြု​ခြင်း​ဖြင့် သင့်ကိုယ်သင်​နှင့် သင့်​ကို​နားထောင်​သော​သူ​တို့​ကို ကယ်တင်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 4:16
38 ပူးပေါင်းရင်းမြစ်များ  

ဤ​အရာများ​စတင် ဖြစ်ပွား​လျှင် သတိရှိကြလော့။ လူတို့​သည် သင်တို့​ကို တရားရုံးများ​သို့ အပ်ကြ​လိမ့်မည်။ ဂျူးဝတ်ပြုဆောင်များ​တွင်လည်း ရိုက်နှက်ကြ​လိမ့်မည်။ ငါ​၏​နောက်လိုက်များ​ဖြစ်သောကြောင့် သင်တို့​ကို ရှင်ဘုရင်များ​နှင့် အစိုးရ​အာဏာပိုင်များ​ရှေ့သို့ ခေါ်ဆောင်သွားကြ​လိမ့်မည်။ ဤ​အရာ​သည် သင်တို့​ကို ငါ့​အကြောင်း​သက်သေခံရသော​အခွင့် ဖြစ်စေ​လိမ့်မည်။


အပျော်အပါး​လိုက်စား​၍ သောက်စား​မူးယစ်ခြင်း၊ လောကီ​ဘဝ​အတွက် စိုးရိမ်ပူပန်ခြင်းတို့​ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်း​စေရန် သတိပြုကြလော့။ ထိုသို့​မဟုတ်​ပါက ထို​နေ့ရက်​သည် ထောင်ချောက်​ကဲ့သို့ သင်တို့​အပေါ် ရုတ်တရက်​ကျရောက်လာ​လိမ့်မည်။


သို့ရာတွင် အကျွန်ုပ်​သည် ဘုရားသခင်​၏ ကူညီမစတော်မူခြင်း​ကို ခံရ​သောကြောင့် ယနေ့​တိုင်အောင်​ရပ်တည်​လျက် လူတန်းစား​အနိမ့်​အမြင့်​မရွေးဘဲ လူ​အပေါင်းတို့​အား ဟောပြောပါ၏။ ထိုသို့​ဟောပြောရာ​တွင်လည်း ပရောဖက်များ​နှင့် မောရှေ​တို့​ဟောပြောခဲ့သည့် နောင်​အနာဂတ်​တွင် ဖြစ်ပျက်မည့်​အရာများ​ကိုသာ ဟောပြောပါ၏။


ကျွန်ုပ်တို့​သည် ဆုတောင်းခြင်း​နှင့် နှုတ်ကပတ်​တရားတော်​ဟောပြောခြင်း​အမှုတို့​ကို အစဉ်တစိုက်​ပြုကြမည်” ဟု ပြောလေ၏။


သင်တို့​ရရှိသည့် အကျိုး​အားဖြင့် ကျွန်ုပ်​၏ လူမျိုးတို့​ကို သဝန်တိုစိတ်​ဖြစ်စေ​၍ သူတို့​အထဲမှ တချို့​ကို ကယ်တင်​ရန် ဆန္ဒ​ရှိ၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သင်ယူထားသော သွန်သင်ချက်​ကို ဆန့်ကျင်​၍ စိတ်ဝမ်းကွဲစရာ​နှင့် မှားယွင်းစရာတို့​ကို ဖြစ်စေသော​သူတို့​အား သတိပြု​လျက် ရှောင်ရှား​ရန် ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်လို၏။


ကောင်းမှု​ကို အစဉ်တစိုက်​ပြု​၍ ဘုန်းအသရေ၊ ဂုဏ်အသရေ​နှင့် မပျက်စီး​မယိုယွင်းသော​ဘဝ​ကို ရှာသော​သူတို့​အား ထာဝရ​အသက်​ကို ပေးတော်မူ​လိမ့်မည်။


လူ​၏ ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို မသိနိုင်​စေရန် ဘုရားသခင်​သည် ဉာဏ်တော်​ဖြင့် စီမံ​ခန့်ခွဲ​ထားတော်မူ၏။ ထို့ကြောင့် မိုက်မဲသော​တရား​ဟု လူတို့​ယူဆသည့် ကျွန်ုပ်တို့​ဟောသော​တရား​အားဖြင့် ဘုရားသခင်​သည် ယုံကြည်သော​သူတို့​ကို ကယ်တင်​ရန် အလိုရှိတော်မူ၏။


အားနည်းသော​သူတို့​နှင့်အတူ​ရှိစဉ်က အားနည်းသော​သူတို့​ကို ကယ်တင်​နိုင်ရန် အားနည်းသောသူ​ဖြစ်လာ၏။ တတ်နိုင်​သမျှ လူ​တချို့​ကို ကယ်တင်​နိုင်ရန် ထို​သူတို့​နှင့် တူသော​အချက်​ကို ရှာ​၍ နေထိုင်၏။


သူတစ်ပါး​ကို ဟောပြော​ပြီးမှ မိမိ​ကိုယ်တိုင်​က အရည်အချင်း​မပြည့်မီဘဲ​နေမည်​ကို ကျွန်ုပ်​စိုးရွံ့​သောကြောင့် ကျွန်ုပ်​သည် အားကစားသမား​ကဲ့သို့ မိမိ​ကိုယ်ခန္ဓာ​ကို ထိုးနှက်​၍ ထိန်းချုပ်၏။


ထိုအခါ ကျွန်ုပ်တို့​သည် မရင့်ကျက်သေးသော ကလေးသူငယ်များ​ကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေ​သည် လှိုင်းလေတို့​၌ လွန့်လူးနေ​သကဲ့သို့ ကျွန်ုပ်တို့​သည် ပရိယာယ်​ဖြင့် လမ်းလွဲ​စေရန် လှည့်ဖြားတတ်သော သူတို့​၏ အမျိုးမျိုးသော သွန်သင်မှု​နောက်သို့ ပါသွားမည် မဟုတ်ပေ။


“သခင်ဘုရား ပေးအပ်တော်မူသော အမှုတော်​ကို ပြီးစီးအောင် ဆောင်ရွက်ပါ” ဟု အာခိပ္ပု​ကို ပြောကြလော့။


လူမျိုးခြားများ ကယ်တင်​ခံရ​ရန် ကျွန်ုပ်တို့​ဟောပြောသည်​ကို သူတို့​တားမြစ်ကြ၏။ ဤသို့​လုပ်ဆောင်ခြင်း​ဖြင့် သူတို့​သည် မိမိတို့​၏ အပြစ်များ​ကို အစဉ်​ပွားများစေကြ၏။ နောက်ဆုံး​တွင် ဘုရားသခင်​၏ အမျက်တော်​သည် သူတို့​အပေါ်သို့ သက်ရောက်လေ၏။


မာကေဒေါနိပြည်​သို့ ကျွန်ုပ်​သွား​စဉ် သင့်​ကို တိုက်တွန်း​နိုးဆော်ခဲ့သည့်​အတိုင်း တိုက်တွန်း​လို၏။ သင်​သည် ဧဖက်မြို့​တွင် နေရစ်​၍ လွဲမှားသော​အယူဝါဒများ သွန်သင်နေသည့် လူ​တချို့​ကို ထိုသို့​မသွန်သင်ကြ​ရန်​နှင့်


သင်​၏​တိုးတက်မှု​ကို လူတိုင်း​မြင်ရ​စေရန် ထို​အရာများ​ကို စိတ်ရော​ကိုယ်ပါ အားထုတ်​လုပ်ဆောင်လော့။


ဤ​အရာများ​ကို ညီအစ်ကို​မောင်နှမတို့​အား ညွှန်ကြား​လျှင် သင်​သည် သင်​ခံယူခဲ့သော ယုံကြည်ခြင်း​တရား​နှင့် မှန်ကန်သော​အယူဝါဒ​တို့​ဖြင့် ပြုစု​ပျိုးထောင်ခံရ​ပြီး ယေရှု​ခရစ်တော်​၏ အစေခံကောင်း​တစ်ဦး ဖြစ်​လိမ့်မည်။


ထို့ကြောင့် ဘုရားသခင်​ရွေးကောက်တော်မူသော​သူတို့​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်​၍ ကယ်တင်ခြင်း​ကို ထာဝရ​ဘုန်းတော်​နှင့်အတူ ရရှိ​နိုင်ရန် ထို​သူတို့​အတွက် ဆင်းရဲဒုက္ခ​အားလုံး​ကို ကျွန်ုပ်​သည်းခံ၏။


သို့သော်လည်း မိမိ​သင်ယူပြီး ခိုင်မြဲ​စွာ ယုံကြည်သော​အရာများ​ကို ဆက်လက်​၍ ယုံကြည်လော့။ ထို​အရာတို့​ကို မည်သူ့​ထံမှ သင်ယူခဲ့သည်​ကို သင်​သိ၏။


အခွင့်အခါ​သင့်သည်​ဖြစ်စေ၊ မသင့်သည်​ဖြစ်စေ အဆင်သင့်​ဖြစ်​၍ နှုတ်ကပတ်​တရားတော်​ကို ဟောပြောလော့။ အလွန်​စိတ်ရှည်​စွာ သွန်သင်​၍ အပြစ်​ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေး​တိုက်တွန်းခြင်း​တို့ကို ပြုလော့။


သူ​သည် မိမိ​လက်ခံထားသည့် စစ်မှန်သော​တရားတော်​ကို မြဲမြံ​စွာ စွဲကိုင်ထားရမည်။ သို့ဖြစ်လျှင် သူ​သည် အခြား​သူများ​ကို မှန်ကန်သော​သွန်သင်မှု​ဖြင့် အားပေး​နိုင်ပြီး ဆန့်ကျင်သူတို့​၏ အမှားများ​ကိုလည်း ချေပနိုင်မည်​ဖြစ်၏။


သင်​သည် အထက်ပါ​အကြောင်းအရာများ​ကို သွန်သင်လော့။ အခွင့်​အာဏာ အပြည့်အဝ​ဖြင့် တိုက်တွန်း​၍ ဆုံးမလော့။ မည်သူမျှ သင့်​ကို မထီမဲ့မြင် မပြုပါစေနှင့်။


အရာရာ​၌ ကောင်းမှု​ကို ပြု​၍ သင်​ကိုယ်တိုင်​စံနမူနာ​ဖြစ်စေလော့။ သွန်သင်​ရာတွင် ရိုးသား​ပွင့်လင်းခြင်း၊ တည်ကြည်ခြင်း၊


ကျွန်ုပ်​ပေါလု​ကိုယ်တိုင် ပြန်ဆပ်ပေးမည်​ဟူသော စာ​ကို မိမိ​လက်​နှင့် ရေးလိုက်၏။ အမှန်စင်စစ် သင်​၏​ဘဝ​တစ်ခုလုံး​ပင်လျှင် ကျွန်ုပ်​ကျေးဇူး​နှင့် မကင်းကြောင်း ဖော်ပြ​ရန် မလိုပေ။


မည်သူ​မျှ ဘုရားသခင်​၏ ကျေးဇူးတော်​ကို မဆုံးရှုံး​စေရန် သတိပြုလော့။ သင်တို့​ကို ဒုက္ခပေး​၍ လူများစွာ​ကို ညစ်ညူးစေမည့် ခါးသီးသော​အမြစ်​ကို မပေါက်ပွား​စေရန် သတိပြုလော့။


ထူးဆန်းသည့် အယူဝါဒ​အမျိုးမျိုး ဆွဲဆောင်ရာ နောက်​သို့ မလိုက်ကြနှင့်။ စိတ်နှလုံး​ကို ခိုင်ခံ့မြဲမြံ​စေရာ​တွင် အစားအစာ​အားဖြင့် မဟုတ်ဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​အားဖြင့် ခိုင်ခံ့မြဲမြံစေ​လျှင် အကျိုး​ရှိ၏။ အစားအစာ​နှင့် ပတ်သက်သော​ပညတ်များ​ကို လိုက်နာသော​သူတို့​မှာမူ မည်သည့်​အကျိုး​ကို​မျှ မရရှိ။


အပြစ်ရှိသောသူ​ကို မှားယွင်းသော​လမ်း​မှ ပြန်လည်​ခေါ်ဆောင်လာသောသူ​သည် ထို​အပြစ်သား​၏ စိတ်ဝိညာဉ်​ကို သေခြင်း​မှ ကယ်တင်​၍ သူ​၏ အပြစ်​များစွာ​ကို သခင်ဘုရား​ခွင့်လွှတ်​ပေးတော်မူ​စေရန် ဆောင်ရွက်သူ​ဖြစ်ကြောင်း သူ​သိမှတ်ပါစေ။ ရှင်ယာကုပ်​ဩဝါဒစာ ပြီးပါပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ