Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 2:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ထို့ကြောင့် အစဦး​ကပင် ကြားခဲ့ရသော အရာ​ကို သင်တို့​၌ တည်စေကြလော့။ ထိုသို့​တည်​လျှင် သင်တို့​သည် သားတော်​၌​လည်းကောင်း၊ ခမည်းတော်​၌​လည်းကောင်း တည်နေ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 သို့​ဖြစ်​၍​သင်​တို့​သည်​အ​စ​က​ပင်​ကြား​နာ​ခဲ့ ကြ​သည့်​တ​ရား​တော်​ကို​မိ​မိ​တို့​၏​စိတ်​နှ​လုံး တွင်​ထိန်း​သိမ်း​ထား​ကြ​လော့။ ယင်း​သို့​ပြု​ပါ​မူ သင်​တို့​သည်​သား​တော်​နှင့်​လည်း​ကောင်း၊ ခ​မည်း တော်​နှင့်​လည်း​ကောင်း​ထာ​ဝ​စဉ်​တစ်​လုံး​တစ်​ဝ တည်း​တည်​ရှိ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 အ စ အ ဦး က ကြား နာ ခဲ့ သော အ ရာ သည် သင် တို့၌ တည် စေ ကြ လော့။ အ စ အ ဦး က ကြား နာ ခဲ့ သော အ ရာ တည် လျှင် သင် တို့ သည် သား တော် ၌ လည်း ကောင်း၊ ခ မည်း တော်၌ လည်း ကောင်း တည် ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ထို​ကြောင့်၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ကြား​ရ​သော ဒေ​သ​နာ​ကို သင်​တို့၌ တည်​စေ​ကြ​လော့။ ထို​ဒေ​သ​နာ​သည် သင်​တို့၌​တည်​လျှင်၊ သင်​တို့​သည် သား​တော်၌​လည်း​ကောင်း၊ ခ​မည်း​တော်၌​လည်း​ကောင်း၊ တည်​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 အစအဦး​ကပင် သင်​တို့​ကြားနာ​ခဲ့​သော​အရာ​ကို သင်​တို့​၌​တည်​စေ​ကြ​လော့။ ထိုသို့ အစအဦး​ကပင် သင်​တို့​ကြားနာ​ခဲ့​သော​အရာ​သည် သင်​တို့​၌​တည်​လျှင် သင်​တို့​သည်​လည်း သား​တော်​၌​လည်းကောင်း၊ ခမည်းတော်​၌​လည်းကောင်း တည်​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 2:24
27 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ ရေးသားပြုစုရာ​တွင် အကြောင်းအရာ​စတင်​ဖြစ်ပျက်ချိန်​မှစ၍ သိမြင်သည့် မျက်မြင်သက်သေများ​ဖြစ်ပြီး နှုတ်ကပတ်တော်​ကို ဟောပြောသော​အစေခံများ​ထံမှ ရရှိသည့်​သတင်း​အချက်အလက်များ​ကို အသုံးပြုခဲ့ကြ၏။


“ငါ့​စကား​ကို မှတ်သားကြလော့။ လူသား​သည် လူတို့​လက်​သို့ အပ်နှံခံရ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ယေရှု​က “ငါ့​ကို ချစ်သောသူ​သည် ငါ့​စကား​ကို လိုက်နာ​လိမ့်မည်။ ငါ့​ခမည်းတော်​သည် ထို​သူ​ကို ချစ်​လိမ့်မည်။ ငါ့​ခမည်းတော်​နှင့် ငါ​သည်လည်း ထို​သူ​ထံသို့ လာ​၍ သူ​နှင့်အတူ နေထိုင်မည်။


သို့သော် သင်တို့​သည် ငါ​၌ တည်​၍ ငါ့​စကားတို့​သည် သင်တို့​၌ တည်​လျှင် သင်တို့​တောင်းလျှောက်​သမျှသော အရာတို့​ကို ရရှိကြ​လိမ့်မည်။


ငါ့​အသား​ကို စား​၍ ငါ့​အသွေး​ကို သောက်သောသူ​သည် ငါ့​အထဲ​၌​တည်ရှိ၏။ ငါ​သည်လည်း ထို​သူ့​အထဲ​၌​တည်ရှိ၏။


ထိုအခါ သူတို့​က “သင်​သည် မည်သူနည်း” ဟု မေးကြ၏။ ယေရှု​က “ငါ​မည်သူ​ဖြစ်ကြောင်း​ကို သင်တို့​ကို အစဦး​ကပင် ပြောခဲ့ပြီ။


ထို့ပြင် ဖိလိပ္ပိ​မြို့သူမြို့သားတို့… သတင်းကောင်း​ကို သင်တို့ စတင်​ကြားသိ​ချိန်၊ မာကေဒေါနိပြည်​မှ ကျွန်ုပ်​ထွက်လာသော​အချိန်​၌ သင်တို့​သာလျှင် ငွေကြေး​လှူဒါန်းခြင်း​ဖြင့် ပါဝင်​ကူညီခဲ့ကြ၏။ အခြား​မည်သည့် အသင်းတော်​က​မျှ မလှူဒါန်းခဲ့ကြောင်း သင်တို့​သိကြ၏။


ခရစ်တော်​၏ တရားတော်​ကို သင်တို့​အထဲ​၌ ပြည့်ပြည့်ဝဝ​တည်စေကြလော့။ တစ်ဦး​ကို​တစ်ဦး ဉာဏ်ပညာ​အမျိုးမျိုး​ဖြင့် သွန်သင်​၍ သတိပေး​ဆုံးမကြလော့။ ကျေးဇူးတင်သော​စိတ်​နှင့် ဆာလံ​သီချင်းများ၊ ဓမ္မ​သီချင်းများ၊ ဝိညာဉ်​ရေးရာ​သီချင်းများ​ကို ဘုရားသခင်​ထံ လှိုက်လှိုက်လှဲလှဲ​သီဆိုကြလော့။


ထို့ကြောင့် ကျွန်ုပ်တို့​သည် လမ်းမှား​မရောက်​ရန် ကြားနာရသည့်​တရား​ကို စွဲမြဲ​စွာ ဆုပ်ကိုင်ထား​ကြရမည်။


ကျွန်ုပ်တို့​၏ မူလ​ခံယူချက်​ကို အဆုံး​တိုင်အောင် ခိုင်မြဲစွာ​စွဲကိုင်ထား​လျှင် ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့် သက်ဆိုင်​သူများ​ဖြစ်ကြ၏။


ကျွန်ုပ်တို့​မြင်ရ၊ ကြားရသော အရာများ​ကို သင်တို့​အား ပြောပြရခြင်း​မှာ သင်တို့​သည် ကျွန်ုပ်တို့​နှင့် မိတ်သဟာယဖွဲ့​စေရန် ဖြစ်၏။ ကျွန်ုပ်တို့​၏ မိတ်သဟာယဖွဲ့ခြင်း​မှာ ခမည်းတော်​နှင့်​လည်းကောင်း၊ သားတော် ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း မိတ်သဟာယဖွဲ့ခြင်း​ဖြစ်၏။


သို့ရာတွင် ဘုရားသခင်​သည် အလင်း​တွင် ရှိတော်မူ​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း အလင်း​တွင် ကျင်လည်ကြ​လျှင် အချင်းချင်း မိတ်သဟာယဖွဲ့ခြင်း​ရှိ​သဖြင့် သားတော်​ယေရှု​၏​အသွေးတော်​သည် ကျွန်ုပ်တို့​ကို အပြစ်​အားလုံး​မှ ကင်းစင်စေတော်မူ၏။


ချစ်ရသော​သူတို့… သင်တို့​ထံ ကျွန်ုပ်​ရေးပို့လိုက်သော ပညတ်​သည် ပညတ်သစ်​မဟုတ်။ အစဦး​ကပင် သင်တို့​၌ ရှိသော ပညတ်ဟောင်း​ဖြစ်၏။ ဤ​ပညတ်ဟောင်း​သည် သင်တို့​ကြားခဲ့ပြီးသော တရားတော်​ဖြစ်၏။


ဘုရားသခင်​၏​ပညတ်တော်တို့​ကို လိုက်နာသောသူတို့​သည် ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်၍ ကိုယ်တော်​သည်လည်း သူတို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူကြောင်း​ကို ကျွန်ုပ်တို့​အတွက် ပေးတော်မူသော​ဝိညာဉ်တော်​အားဖြင့် ကျွန်ုပ်တို့​သိကြ၏။


ဘုရားသခင်​သည် မိမိ​၏​ဝိညာဉ်တော်​ကို ကျွန်ုပ်တို့​အား ပေးတော်မူ​သောကြောင့် ကျွန်ုပ်တို့​သည် ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်၍ ကိုယ်တော်​သည်လည်း ကျွန်ုပ်တို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်ကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


တစ်စုံတစ်ယောက်​က ယေရှု​သည် ဘုရားသခင်​၏​သားတော်​ဖြစ်ကြောင်း​ကို ဝန်ခံ​လျှင် ဘုရားသခင်​သည် ထို​သူ​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ​၍ သူ​သည်လည်း ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​ဖြစ်၏။


ကျွန်ုပ်တို့​အပေါ် ဘုရားသခင်​မည်မျှ ချစ်တော်မူသည်​ကို ကျွန်ုပ်တို့​သိ​၍ ယုံကြည်သည်​နှင့်အညီ ထို​မေတ္တာ​အပေါ် မှီခို​အားထားကြ၏။ ဘုရားသခင်​သည် ချစ်ခြင်းမေတ္တာ​ဖြစ်တော်မူ​၍ ချစ်တတ်သောသူ​သည် ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​ဖြစ်၏။ ဘုရားသခင်​သည်လည်း ထို​သူ​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​ထဲတွင် တည်နေ​၍ ကျွန်ုပ်တို့​နှင့် အစဉ်မပြတ်​ရှိနေမည့် သမ္မာတရား​ကြောင့်​ဖြစ်၏။


ခရစ်တော်​၏ သွန်သင်ချက်​အတိုင်း မရပ်တည်ဘဲ ၎င်း​ကို ကျော်လွန်သော​သူတိုင်း​သည် ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​မဟုတ်ပေ။ သွန်သင်ချက်​အတိုင်း ရပ်တည်သောသူ​သည် ခမည်းတော်​နှင့် သားတော်​နှစ်ပါးလုံး​နှင့် တပေါင်းတစည်းတည်း​ဖြစ်၏။


သင်​သည် သမ္မာတရား​၌ ကျင်လည်နေသည့်​အတိုင်း ယုံကြည်သူ​တချို့​သည် လာ​၍ သမ္မာတရား​အပေါ် သင်​သစ္စာရှိသည့်​အကြောင်း သက်သေခံကြ​သောအခါ ကျွန်ုပ်​အလွန်​ဝမ်းမြောက်၏။


ငါ​သည် မကြာမီ​လာမည်။ သင်​၏​သရဖူကို မည်သူမျှ မလုယူ​စေရန် သင်​၌​ရှိသော​ယုံကြည်ခြင်း​ကို စွဲကိုင်ထားလော့။


ထို့ကြောင့် သင်​သည် ကြားနာ​၍ ခံယူပြီးသော​အရာ​ကို သတိရ​လျက် လိုက်နာလော့။ နောင်တရလော့။ သင်​မနိုးထ​လျှင် သူခိုး​ကဲ့သို့ ငါ​လာမည်။ မည်သည့်​အချိန်​၌ လာမည်​ကို သင်​သိရမည်​မဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ