Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 12:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 မည်သူ​မျှ ဘုရားသခင်​၏ ကျေးဇူးတော်​ကို မဆုံးရှုံး​စေရန် သတိပြုလော့။ သင်တို့​ကို ဒုက္ခပေး​၍ လူများစွာ​ကို ညစ်ညူးစေမည့် ခါးသီးသော​အမြစ်​ကို မပေါက်ပွား​စေရန် သတိပြုလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​ဘယ် သူ​မျှ​မ​ငြင်း​မ​ပယ်​စေ​နှင့်။ မြစ်​ခါး​ပင်​သည် မိ​မိ​၏​အ​ဆိပ်​ဖြင့်​လူ​အ​များ​အား​ဒုက္ခ ပေး​တတ်​၏။ အ​ဘယ်​သူ​မျှ​ထို​အ​ပင်​ကဲ့ သို့​မ​ဖြစ်​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 မည် သူ မျှ ဘု ရား သ ခင့် ကျေး ဇူး တော် နှင့် ကင်း၍ မ နေ စေ ခြင်း ငှာ လည်း ကောင်း၊ အ ခါး အ ဆိပ် ဖြစ် ပွား စေ သော အ မြစ် အ ညွန့် ပေါက်၍ နှောင့် ယှက် သ ဖြင့် အ များ ကို ညစ် ညူး ရာ မ ရောက် စေ ခြင်း ငှာ လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​မျှ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို​မ​ရ​ဘဲ မ​နေ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ခါး​စွာ​သော ပင်​မြစ်​ပေါက်၍ သင်​တို့​နှောင့်​ယှက်​သ​ဖြင့်၊ လူ​အ​များ​တို့​သည် အ​ပြစ်​နှင့် မ​ညစ်​ညူး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 မည်သူမျှ ဘုရားသခင်​၏​ကျေးဇူး​တော်​မှ ကင်းကွာ​မ​သွား​စေရန်​လည်းကောင်း၊ ခါးသီး​သော​အမြစ်​တစ်စုံတစ်ခု​ပေါက်​လျက် သင်​တို့​ကို​နှောင့်ယှက်​သဖြင့် လူ​များစွာ​တို့​သည် ထို​အရာ​ကြောင့် ညစ်ညူး​စေ​ခြင်း​မ​ခံရ​စေရန်​လည်းကောင်း သတိပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 12:15
41 ပူးပေါင်းရင်းမြစ်များ  

သို့သော် သင်​၏​ယုံကြည်ခြင်း​မပျက်သုဉ်း​စေရန် သင့်​အတွက် ငါ​ဆုတောင်းပြီ။ သင်​သည် အသိတရား​ပြန်​ဝင်​သောအခါ သင်​၏​ညီအစ်ကိုများ​အား ကြံ့ခိုင်စေလော့” ဟု မိန့်တော်မူ၏။


ထို့ကြောင့် မိမိကိုယ်ကိုယ် ခိုင်ခံ့​စွာ ရပ်နေသည်​ဟု ထင်​လျှင် မလဲကျ​စေရန် သတိပြုပါ။


မေတ္တာ​သည် ခန်းခြောက်သွားခြင်း​မရှိ။ ပရောဖက်ပြု​ဟောပြောခြင်း​မှာမူ ပပျောက်သွား​လိမ့်မည်။ အခြား​ဘာသာစကား​ကို ပြောခြင်း​သည်လည်း ရပ်တန့်သွား​လိမ့်မည်။ အသိပညာ​သည်လည်း ကွယ်ပျောက်သွား​လိမ့်မည်။


အလှည့်စား​မခံကြနှင့်။ မကောင်းသော အပေါင်းအသင်းတို့​သည် ကောင်းသော​စာရိတ္တ​ကို ပျက်စီးစေကြ၏။


သင်တို့​၏ ကြွားဝါခြင်း​သည် ကောင်းသော​အရာ မဟုတ်ပေ။ အပြစ်​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းကြွစေသော တဆေး​ကဲ့သို့​ဖြစ်သည်​ကို သင်တို့​မသိသလော။


သင်တို့​သည် ယုံကြည်ခြင်း​၌ တည်သောသူများ ဖြစ်သည်၊ မဖြစ်သည်​ကို မိမိ​ကိုယ်ကိုယ် ဆန်းစစ်ကြလော့။ မိမိကိုယ်ကိုယ် စစ်ဆေးကြလော့။ ယေရှု​ခရစ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူကြောင်း သင်တို့​မသိကြသလော။ စစ်ဆေး​ရာတွင် ကျရှုံး​လျှင်မူ ယေရှု​ခရစ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသည်​မဟုတ်။


ဘုရားသခင်​၏ လုပ်ဖော်ကိုင်ဖက်များ​အနေဖြင့် သင်တို့​အား ကျွန်ုပ်တို့​တိုက်တွန်း​နှိုးဆော်လိုသည်​မှာ “သင်တို့​သည် ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရရှိသူများ​ဖြစ်ကြသည်​နှင့်အညီ ထို​ကျေးဇူးတော်​ကို အချည်းနှီး​မဖြစ်စေကြနှင့်” ဟူ၍​ဖြစ်၏။


ထိုအခါ အခြား​ဂျူးလူမျိုးတို့​ကလည်း မမှန်ကန်​ဟူ၍ သတ်မှတ်ထားသော​အပြုအမူတို့​ကို သူ​နှင့်အတူ ပြုကြ​သဖြင့် ဗာနဗ​ပင်လျှင် သူတို့​၏ မမှန်ကန်သော​အပြုအမူ​ကို လိုက်​၍ ပြုမူလေ၏။


ပညတ်တရား​ကို လိုက်နာကျင့်သုံးခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံလိုသော သင်တို့​သည် ခရစ်တော်​နှင့် အဆက်ပြတ်​၍ ဘုရားသခင်​၏ ကျေးဇူးတော်​လက်အောက်​တွင် မရှိကြတော့ပေ။


တရား​နှင့် မညီသော မေထုန်​ကို ပြုခြင်း၊ အမျိုးမျိုးသော စက်ဆုပ်​ညစ်ညမ်းမှု​ပြုခြင်း၊ လောဘ​လွန်ကြူးခြင်း​တို့​သည် ယုံကြည်သူများ​အတွက် မသင့်လျော်သည့် ဒုစရိုက်​အမှုများ ဖြစ်​သောကြောင့် သင်တို့​ထဲ၌ အရိပ်အယောင်​မျှပင် မရှိစေနှင့်။


ထို့ကြောင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း၊ စက်ဆုပ်​ညစ်ညမ်းခြင်း၊ ကိလေသာ​စိတ် ပြင်းပြခြင်း၊ မကောင်းမှု​ကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း​ဟူသော လောဘ​လွန်ကြူးခြင်း စသည့် လောကီ​ဆိုင်ရာ​အကျင့်တို့​ကို အဆက်ဖြတ်ကြလော့။


နှလုံးသား​ဖြူစင်သူတို့​အတွက် အရာ​အားလုံး​သည် စင်ကြယ်၏။ သို့သော် ညစ်ညူး​၍ ခရစ်တော်​ကို မယုံကြည်သူတို့​အတွက် မည်သည့်​အရာမျှ မစင်ကြယ်။ သူတို့​၏ အတွေးအခေါ်​နှင့် အသိစိတ်တို့​သည် ညစ်ညူး၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​၏ စိတ်နှလုံး​သည် ညစ်ညူး​၍ ယုံကြည်​ရန် ငြင်းဆန်​ကာ အသက်ရှင်သော ဘုရားသခင်​ထံမှ ထွက်မသွား​စေရန် သတိပြုကြလော့။


ထို့ကြောင့် ဘုရားသခင်​၏​စံမြန်း​နားခိုရာ​သို့ ဝင်ရမည့် ကတိတော်​တည်ဆဲ​ဖြစ်​လျက်နှင့် မည်သူ​တစ်ဦးတစ်ယောက်မျှ ထို​ဝင်ခွင့်​ကို မဆုံးရှုံးမိစေ​ရန် သတိပြုကြစို့။


ထို့ကြောင့် ကျွန်ုပ်တို့​သည် ထို​စံမြန်း​နားခိုရာ​နေရာ​သို့ ဝင်​ရန် ကြိုးစား​ကြစို့။ ထိုသို့​မဟုတ်​လျှင် တစ်ချိန်​က အစ္စရေးလူမျိုးတို့​သည် မနာခံ​သောကြောင့် ထို​စံမြန်း​နားခိုရာ​နေရာ​သို့ မဝင်နိုင်ကြ​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း ဝင်နိုင်ကြမည် မဟုတ်။


သင်တို့​တစ်ဦးစီ​တိုင်း​သည် အဆုံး​တိုင်အောင် စိတ်အားထက်သန်မှု​ကို ယခု​အတိုင်း ပြသနိုင်​ရန် ကျွန်ုပ်တို့​အလို​ရှိ၏။ သို့မှသာ သင်တို့​မျှော်လင့်သည့်​အရာ​ကို အသေအချာ ရရှိ​နိုင်​လိမ့်မည်။


ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ဘုရားသခင် ရွေးချယ်​ခေါ်ယူ​တော်မူသည့်​သူများ​ဖြစ်ကြောင်း သက်သေပြ​နိုင်ရန် ပို​၍ ကြိုးစား​အားထုတ်ကြလော့။ ဤ​သို့ ပြု​လျှင် သင်တို့​သည် ယုံကြည်ခြင်း​ကို မည်သည့်​အခါမျှ စွန့်လွှတ်မည်​မဟုတ်။


အဘယ်ကြောင့်ဆိုသော် သူတို့​သည် အကျိုးမဲ့ ချဲ့ကား​ကြွားဝါ​ပြောဆို​လျက် မှားယွင်း​စွာ ပြုမူ​နေထိုင်ကြ​သူတို့​ထဲမှ လွတ်မြောက်​ခါစ​ဖြစ်သော သူများ​ကို လူ့​ဗီဇစိတ်​၏​တပ်မက်မှုများ​နှင် ကိလေသာ​လွန်ကြူးခြင်း​တို့​ဖြင့် ဆွဲဆောင်ကြ​သောကြောင့်​ဖြစ်၏။


အရာ​အားလုံး​သည် ဤ​နည်း​အားဖြင့် ဖျက်ဆီးခံရမည်​ဖြစ်​သောကြောင့် သင်တို့​သည် မည်သို့သော​သူများ ဖြစ်သင့်​သနည်း။ သန့်ရှင်း​စွာ ပြုမူနေထိုင်​လျက် ဘုရားတရား​ကိုင်းရှိုင်းခြင်း​ဖြင့်


ထို့ကြောင့် ချစ်ရသော​သူတို့… သင်တို့​သည် ဤ​အရာများ​ကို မျှော်လင့်နေသည်​ဖြစ်​၍ ကိုယ်တော်​၏ ရှေ့တော်​၌ အစွန်းအထင်း၊ အပြစ်အနာအဆာ​ကင်း​လျက် ငြိမ်းချမ်း​စွာ ရှိ​နိုင်ရန် ကြိုးစား​အားထုတ်ကြလော့။


ထို့ကြောင့် ကျွန်ုပ်တို့​လုပ်ဆောင်ခဲ့သည့်​အရာများ​ကို မဆုံးရှုံးစေဘဲ အကျိုးကျေးဇူး​ကို သင်တို့​အပြည့်အဝ​ခံစား​ရ​စေရန် သတိပြုလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ