ငါ၏ နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို အစိုးရအာဏာပိုင်များနှင့် ရှင်ဘုရင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။ သို့သော် ဤအရာသည် ထိုသူတို့နှင့် လူမျိုးခြားတို့ထံ ငါ့အကြောင်းသက်သေခံရသောအခွင့်ကို ဖြစ်စေလိမ့်မည်။
မဿဲ 5:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မဟုတ်မမှန်ဘဲအမျိုးမျိုးစွပ်စွဲပြောဆိုခြင်းတို့ကို ခံရသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ Common Language Bible ``လူတို့သည်ငါ့ကြောင့်သင်တို့ကိုကဲ့ရဲ့ညှဉ်းဆဲ လျက် မဟုတ်မမှန်ဘဲအမျိုးမျိုးပြစ်တင်စွပ်စွဲကြသော အခါ၊ သင်တို့သည်မင်္ဂလာရှိကြ၏။ Garrad Bible ငါ့ အ တွက် ကြောင့် ကဲ့ ရဲ့ ညှဉ်း ပန်း ခြင်း နှင့် မု သာ ပြစ် တင် ခြင်း၊ အ မျိုး မျိုး ကို ခံ ရ ကြ သော အ ခါ သင် တို့၌ မင်္ဂ လာ ရှိ၏။ Judson Bible ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါ့ကြောင့် လူတို့သည် သင်တို့ကို ကဲ့ရဲ့ပြစ်တင်လျက် ညှဉ်းဆဲကာ မကောင်းသောအရာအမျိုးမျိုးတို့ဖြင့် သင်တို့ကို မဟုတ်မမှန်ဆန့်ကျင်ပြောဆိုကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ မြန်မာ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။- |
ငါ၏ နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို အစိုးရအာဏာပိုင်များနှင့် ရှင်ဘုရင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။ သို့သော် ဤအရာသည် ထိုသူတို့နှင့် လူမျိုးခြားတို့ထံ ငါ့အကြောင်းသက်သေခံရသောအခွင့်ကို ဖြစ်စေလိမ့်မည်။
ငါ၏နောက်လိုက်များဖြစ်သောကြောင့် လူအပေါင်းတို့သည် သင်တို့ကို မုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်။
တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်း ဖြစ်လာလျှင် လုံလောက်ပါ၏။ အိမ်ထောင်ဦးစီးဖြစ်သူကို နတ်ဆိုးမင်းဟု ခေါ်ကြလျှင် အိမ်သူအိမ်သားတို့ကို ပို၍ ဆိုးရွားစွာ ခေါ်ကြလိမ့်မည်။
မိမိအသက်ကို ဖက်တွယ်သောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့ကြောင့် အသက်ဆုံးရှုံးသောသူသည် အသက်ကို ရလိမ့်မည်။
ငါ့အတွက်ကြောင့် မိမိအိမ်များ၊ မြေများ၊ ညီအစ်ကိုမောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာကို စွန့်လွှတ်သောသူတို့သည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်။
ထို့နောက် သင်တို့သည် ငါ၏ နောက်လိုက်များဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်းတွင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် မုန်းတီးခြင်းကို ခံကြရလိမ့်မည်။
သင်တို့သည် ငါ၏နောက်လိုက်များဖြစ်သောကြောင့် လူအပေါင်းတို့သည် သင်တို့ကို မုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်။
ဤအရာများစတင် ဖြစ်ပွားလျှင် သတိရှိကြလော့။ လူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ရိုက်နှက်ကြလိမ့်မည်။ ငါ၏နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို ရှင်ဘုရင်များနှင့် အစိုးရအာဏာပိုင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။ ဤအရာသည် သင်တို့ကို ငါ့အကြောင်းသက်သေခံရသောအခွင့် ဖြစ်စေလိမ့်မည်။
သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။
မိမိအသက်ကို ကယ်တင်လိုသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက်ကြောင့်နှင့် သတင်းကောင်းအတွက်ကြောင့် အသက်ဆုံးရှုံးသောသူသည် အသက်ကို ရလိမ့်မည်။
သို့သော် ဤအရာများမဖြစ်ပွားမီ လူတို့သည် သင်တို့ကို ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သင်တို့ကို ဂျူးဝတ်ပြုဆောင်များသို့ တရားစီရင်ရန် အပ်ကြလိမ့်မည်။ ထောင်များတွင်လည်း အကျဉ်းချထားကြလိမ့်မည်။ ငါ၏နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို ရှင်ဘုရင်များနှင့် အစိုးရအာဏာပိုင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။
ငါ၏နောက်လိုက်များဖြစ်သောကြောင့် လူအပေါင်းတို့သည် သင်တို့ကို မုန်းတီးကြလိမ့်မည်။
လူတို့သည် လူသားကြောင့် သင်တို့ကို မုန်းကြ၍ ဝိုင်းပယ်ကဲ့ရဲ့လျက် သင်တို့၏နာမည်ကို ဖျက်ကြသောအခါ၌လည်း သင်တို့သည် မင်္ဂလာရှိကြ၏။
မိမိအသက်ကို ကယ်တင်လိုသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက် အသက်ဆုံးရှုံးသောသူသည် အသက်ကို ရလိမ့်မည်။
သို့ရာတွင် သူတို့သည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကို မသိသဖြင့် ငါ့ကြောင့် ထိုအခြင်းအရာအားလုံးကို သင်တို့အပေါ် ပြုကြလိမ့်မည်။
ထိုအခါ ဖာရိရှဲတို့က သူ့အား “သင်သည်သာ သူ၏ တပည့်ဖြစ်၏။ ငါတို့မှာ မောရှေ၏ တပည့်များဖြစ်ကြ၏။
သူသည် ငါ့အမည်နာမကြောင့် မည်မျှဒုက္ခခံရမည်ကို ငါကိုယ်တိုင် သူ့အားပြမည်” ဟု မိန့်တော်မူ၏။
ကျမ်းစာ၌ “ကျွန်ုပ်တို့သည် အရှင့်အတွက် တစ်နေ့လုံးသေဘေးနှင့် ရင်ဆိုင်ကြရ၏။ သူတစ်ပါးတို့သည် အကျွန်ုပ်တို့ကို သတ်ရန် လျာထားသည့် သိုးများကဲ့သို့ သတ်မှတ်ကြ၏” ဟု ဖော်ပြထား၏။
ကျွန်ုပ်တို့သည် ခရစ်တော်အတွက်ကြောင့် မိုက်မဲသောသူများဖြစ်ကြ၏။ သင်တို့မှာမူ ခရစ်တော်အတွက်ကြောင့် အလွန်ပညာရှိကြ၏။ ကျွန်ုပ်တို့သည် အားနည်း၍ သင်တို့မှာမူ အလွန်ခွန်အားကြီးကြ၏။ ကျွန်ုပ်တို့သည် ဂုဏ်သရေမဲ့ကြ၍ သင်တို့မှာမူ အလွန်ဂုဏ်သရေရှိကြ၏။
သေမျိုးဖြစ်သော ကျွန်ုပ်တို့၏ကိုယ်ခန္ဓာ၌ ယေရှုအသက်ရှင်တော်မူကြောင်း ပေါ်လွင်ထင်ရှားနိုင်ရန် အသက်ရှင်စဉ်ကာလတွင် ကျွန်ုပ်တို့သည် ယေရှုကိုအစေခံ၍ အစဉ်မပြတ် သေဘေးနှင့် ရင်ဆိုင်ကြရ၏။
ကျွန်ုပ်ရင်ဆိုင်ခဲ့ရသော ဆန့်ကျင်တိုက်ခိုက်မှုကို သင်တို့မြင်တွေ့ခဲ့ရပြီး လက်ရှိ၌လည်း ကျွန်ုပ်ရင်ဆိုင်နေရကြောင်း သင်တို့ကြားသိရသည့် ထိုဆန့်ကျင်တိုက်ခိုက်မှုမျိုးကို သင်တို့ရင်ဆိုင်နေရ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ခရစ်တော်ကို ယုံကြည်ရမည့် အခွင့်ထူးကို သာမက ခရစ်တော်အတွက် ဆင်းရဲဒုက္ခခံရမည့် အခွင့်ထူးကိုလည်း ဘုရားသခင်ထံမှ ရရှိထားသောကြောင့် ဖြစ်၏။
ပုတ်ခတ်ပြောဆိုခံရသောအခါ ပြန်၍မတုံ့ပြန်။ ဆင်းရဲဒုက္ခကိုခံရသောအခါ လက်စားချေမည်ဟု ခြိမ်းခြောက်တော်မမူဘဲ ဖြောင့်မတ်စွာ စီရင်တော်မူသော ဘုရားသခင်ထံ မိမိအမှုကို အပ်နှံတော်မူ၏။
သင်တို့သည် ခရစ်တော်၏တပည့်တော်များဖြစ်သောကြောင့် ကဲ့ရဲ့ခံရလျှင် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဘုန်းကြီးသောဝိညာဉ်တော်သည် သင်တို့၌ ကိန်းဝပ်တော်မူသောကြောင့်ဖြစ်၏။